ကိဗ်၊ မတ် ၃
ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို နိုင်ငံတကာ အားကစား အုပ်ချုပ်ရေးအဖွဲ့မှ တိုက်ကွမ်ဒို၌ ၎င်း၏ ဂုဏ်ထူးဆောင် ခါးပတ်နက်ကို ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ရုပ်သိမ်းခဲ့ပါသည်။
ကိယက်ဗ်မြို့အပြင်ဘက်တွင် ရုရှားတပ်များ စုဝေးနေပြီး ထောင်နှင့်ချီသော ယူကရိန်းဒုက္ခသည်များသည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးနေရကာ ပူတင်နှင့် ၎င်း၏ အရင်းနှီးဆုံး မဟာမိတ်များအပြင် ရုရှားနှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများအပေါ် ကမ္ဘာ့ခေါင်းဆောင်များက စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။
ရုရှားသည် ယခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲမှ ထွက်ခဲ့ရပြီး နိုင်ငံတကာ အိုလံပစ် ကော်မတီ (IOC) က ရုရှားနှင့် ၎င်း၏ မဟာမိတ် ဘီလာရုစ်တို့မှ အားကစားသမားများကို ဖယ်ထုတ်ရန် အဖွဲ့ချုပ်များကို တိုက်တွန်းထားသည့်အတွက် အားကစားလောကတွင်လည်း အလားတူ တုံ့ပြန်ဒဏ်ခတ်မှုမျိုးတွေ ရှိခဲ့ပါသည်။
နိုင်ငံတကာ အားကစားအဖွဲ့ချုပ်များကို အုပ်ချုပ်သည့် ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့သည် ပူတင်အား ပြစ်တင်ရှုတ်ချ တာဟာ နောက်ဆုံးအကြိမ်ဖြစ်ပြီး “ငြိမ်းချမ်းရေးသည် အောင်ပွဲထက် အဖိုးတန်သည်” ဟု အင်္ဂါနေ့က ပြော ကြားခဲ့ကာ မော်စကို၏ လုပ်ရပ်များသည် အားကစား၏အမြင်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ဆိုပါသည်။
“ဒီကိစ္စနဲ့ ပတ်သက်လို့ ကမ္ဘာ့တိုက်ကွမ်ဒိုက မစ္စတာ ဗလာဒီမာပူတင်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ အပ်နှင်းထား တဲ့ ဂုဏ်ထူးဆောင် ၉ ကြိမ်မြောက် ခါးပတ်နက်ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါပြီ” ဟု ဆိုးလ်အခြေစိုက် အဖွဲ့ အစည်းက တရားဝင် ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ရုရှား သို့မဟုတ် ဘီလာရုစ်တွင် တရားဝင် တိုက်ကွမ်ဒိုပွဲများကို ကျင်းပသွားမည်မဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားပါသည်။
IOC ၏ တိုက်တွန်းချက်နှင့်အညီ နှစ်နိုင်ငံလုံး၏ အလံများနှင့် နိုင်ငံတော်သီချင်းများကို ကမ္ဘာတစ်ဝှမ်းရှိ တိုက်ကွမ်ဒိုပွဲများတွင် ပြသခြင်း သို့မဟုတ် တီးမှုတ်ခြင်းများ ပြုလုပ်မည်မဟုတ်ပါ။
“ကမ္ဘာ့တိုက်ကွမ်ဒိုရဲ့ သဘောထားကတော့ ယူကရိန်းပြည်သူတွေနဲ့ အတူတူရပ်တည်မည်ဖြစ်ပြီး ငြိမ်းငြိမ်း ချမ်ချမ်းနှင့် ဒီစစ်ပွဲကို ချက်ချင်းအဆုံးသတ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
ပူတင်သည် တိုက်ကွမ်ဒိုကို အမှန်တကယ် မတတ်သော်လည်း၊ အခြား ကိုယ်ခံပညာ တစ်ရပ်ဖြစ်သည့် ဂျူဒိုတွင် အောင်မြင်ပြီး အပြည်ပြည်ဆိုင်ရာ ဂျူဒိုအဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် ကာလကြာရှည် တာဝန် ထမ်းဆောင်ခဲ့ဖူးပါသည်။
IJF (အပြည်ပြည်ဆိုင်ရာ ဂျူဒိုအဖွဲ့ချုပ်မှ ပူတင်၏ ဂုဏ်ထူးဆောင် ဥက္ကဌ နှင့် အားကစားဆိုင်ရာ သံတမန်အဖြစ် ရာထူးတွေကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ရပ်ဆိုင်းခဲ့ပါသည်။
ဘာသာပြန် – အာသစ်
Ref: Bangkok Post

