Radio Than Lwin Times(Episode 3/3)
Sound Cloud Link
Sound Cloud Link
မော်လမြိုင် ၊ မတ် (၃) ကိုဗစ်ရောဂါပိုး အစုလိုက် အပြုံလိုက် ကူးစက်ခံနေရတဲ့ လေးကေကော်ဒေသက စစ်ရှောင်ပြည်သူတွေအတွက် အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ပြောပါတယ်။ လေးကေကော်ဒေသတိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တလျှောက်နဲ့ လေးကေကော်အနီးဝန်းကျင် ဒေသတွေမှာ တိမ်းရှောင်နေထိုင်နေကြတာပါ။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လလယ်ပိုင်းကစပြီး စစ်ရှောင်ပြည်သူတွေ နေထိုင်ရာဒေသတချို့မှာ နယ်မြေခံကျန်းမာရေးဝန်ထမ်းတွေက…
ကိဗ်၊ မတ် ၃ ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို နိုင်ငံတကာ အားကစား အုပ်ချုပ်ရေးအဖွဲ့မှ တိုက်ကွမ်ဒို၌ ၎င်း၏ ဂုဏ်ထူးဆောင် ခါးပတ်နက်ကို ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ရုပ်သိမ်းခဲ့ပါသည်။ ကိယက်ဗ်မြို့အပြင်ဘက်တွင် ရုရှားတပ်များ စုဝေးနေပြီး ထောင်နှင့်ချီသော ယူကရိန်းဒုက္ခသည်များသည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးနေရကာ ပူတင်နှင့် ၎င်း၏ အရင်းနှီးဆုံး မဟာမိတ်များအပြင် ရုရှားနှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများအပေါ်…
တိုင်ပေ၊ မတ် ၃ ထိုင်ဝမ်နိုင်ငံမှ ယူကရိန်းနိုင်ငံသို့ ဆေးပစ္စည်း အထောက်အပံ့ ၂၇တန်ကိုပေးပို့ခဲ့ပြီး နိုင်ငံတကာ အသိုက်အဝန်းအတွင်းက ဒီမိုကရက်တစ်အစုအဝေး၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံသို့ ကူညီပေးအပ်မှုအဖြစ် ချဲ့ထွင်ဆောင်ရွက်ခြင်းဖြစ်သည် ဟု ထိုင်ဝမ်အစိုးရမှ မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်ဝမ်နိုင်ငံသည် ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သည့် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့ကန့်သတ်မှုများ ဆောင်ရွက် နေသည့် အနောက်နိုင်ငံမဟာမိတ်များထံသို့ ပါဝင်ခဲ့သည်။ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏…