KNU တပ်မဟာ ၅ မှာ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှုပိုမို လုပ်ဆောင်လာ

0
8867

မော်လမြိုင်၊ စက်တင်ဘာ ၂၃

ကေအဲန်ယူ ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့တယ်လို့ မူတြော်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာလဆန်းပိုင်းကစပြီး အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ဖာပွန်ခရိုင် KNLA တပ်မဟာ ၅ နယ်မြေထဲကို အရင်လတွေထက် စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလှုပ်ဆောင်လာတာကြောင့် တိုက်ပွဲတွေနေ့စဉ်လိုလို ဖြစ်ပွားခဲ့တာပါ။

စက်တင်ဘာ ၂၀ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်က ဖာပွန်ခရိုင် ဖလပ်ခိုဒေသမှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ် ခလရ ၅၃ တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။



အဲ့ဒီနောက် မွန်းလွဲ ၂ နာရီအချိန်က ညာတကောကျိုးမှာ KNLA တပ်မဟာ ၅နဲ့ စကခ ၈ လက်အောက်ခံ ခမရ ၄၀၁ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲ ၂ ကြိမ်အတွင်း စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်က ဆိုထားပါတယ်။

အဲ့ဒီရက်အတွင်းမှာပဲ စကခ ၈ လက်အောက်ခံ ခမရ ၄၀၁ ဟာ ကေအဲန်ယူ ဘူးသိုမြို့နယ် ဟိဖိုးသာခီးရွာအတွင်းကို လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တဲ့အတွက် ဒေသခံပြည်သူလူထုတွေဟာ စိုးရိမ်ကြောက်ရွံ့နေရတယ်လို့ မူတြော်သတင်းစဉ်ရဲ့ ဖောြ်ပချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.