DKBA စစ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး စောစတီးလ် ခန့်အပ်ခံရ

0
8912

မော်လမြိုင်၊စက်တင်ဘာ ၂၃

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)ရဲ့ စစ်ဦးစီးချုပ်သစ်အဖြစ် ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးစောစတီးလ်ကို ခန့်အပ်တာ၀န်ပေးအပ်လိုက်တယ်လို့ ဒီကေဘီအေက ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီကေဘီအေရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေး သဘောတူညီဆုံးဖြတ်ချက်အရ ဒုတိယစစ်ဦးစီးချုပ်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးစောစတီးလ်ကို စစ်ဦးစီးချုပ်အဖြစ် ခန့်အပ် တာ၀န်ပေးအပ်လိုက်တာပါ။

အရင် ဒီကေဘီအေစစ်ဦးချုပ်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောမိုစေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာကြောင့် စစ်ဦးစီးချုပ်ရာထူးနေရာ နှစ်လတာ လစ်လပ်နေခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဒုတိယဗိုလ်ချုပ်ကြီးစောစတီးလ်ကို ဒီကေဘီအေအလုပ်အမှုဆောင်ဗဟိုကော်မတီက အစည်းအဝေးဆုံးဖြတ်ချက်အရ စစ်ဦးစီးချုပ်နေရာကို တာ၀န်ပေးအပ်လိုက်တာဖြစ်ပါတယ်။

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး မြ၀တီမြို့နယ် ဆုံဆည်းမြိုင်ကျေးရွာမှာ အခြေချနေထိုင်တာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.