September 2018

ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲတော်

မော်လမြိုင်၊ သြဂုတ် ၂၆ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို မော်လမြိုင်မြို့ တောင်ပေါ်တန်းရပ် အတုလရန်အောင်ဘုန်းကြီးကျောင်းတွင် ယနေ့မနက် ၇နာရီခွဲတွင် ကျင်းပခဲ့သည်။ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားမှာ ကရင်အမျိုးသားတို့သည် တစ်ဦးနှင့်တစ်ဦးပြန်လည်မှတ်မိစေရန်၊ အချင်းချင်းအသိအမှတ်ပြုစောင့်ရှောက်နိုင်စေရန်တို့ကို ရည်ရွယ်ပြီး ဘိုးဘွားများက လက်ကောက်ဝတ်အသီးသီးတွင် အမှတ်အသားများအဖြစ် ချည်ဖွဲ့နှောင့်ခဲ့ပေးရာမှာ အစပြုခဲ့ခြင်းဖြစ်သည်။ ချည်ဖြူဖွဲ့မင်္ဂလာအဆောင်အယောင် (၇)မျိုးရှိသည်။ ၎င်းတို့မှာ- (၁)ရေကြည်တစ်ခွက် (၂)ချည်ဖြူသုံးခင် (၃)ထမင်းဆုပ်ခုနှစ်ဆုပ် (၄)ကောက်ညှင်းထုပ်ဖင်ချွန်ခုနှစ်ထုပ် (၅)ဌက်ပျော်သီးမှည့်ခုနှစ်လုံး (၆)နတ်ပန်းညို(ဖဝ်ဝီ)ခုနှစ်ခက် (၇)ကြံပိုင်းခုနှစ်ပိုင်းတို့…

မော်လမြိုင်ရှိ မူလတန်းကျောင်းတစ်ကျောင်းဖောက်ထွင်းခံရ မိုင်းထောင်ထားသည်ဟုပါ ခြိမ်းခြောက်ခဲ့

မော်လမြိုင်၊ သြဂုတ် ၂၇ မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက် အမှတ်(၂)မူလတန်းလွန်ကျောင်းတွင် ပြီးခဲ့သည့်ကျောင်းပိတ်ရက်အတွင်း ဖောက်ထွင်းမှုဖြစ်ပွားခဲ့ကြောင်းနှင့် မိုင်းထောင်ထားသည်ဟု ခြိမ်းခြောက်စာကို ကျောင်း၏ ဘုတ်ပေါ်တွင်ပါရေးသားခဲ့သည်ကို တွေ့ရှိရကြောင်း ကျောင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖောက်ထွင်းမှုကြောင့် ကျောင်းရှိငွေကျပ်ငါးသိန်းပျောက်ဆုံးခဲ့သည့်အပြင် ကျောင်းတွင်မိုင်းထောင်းထားသည်နှင့် အခြားသော စာများကို ကျောင်း၏ ကျောက်သင်ပုန်းတွင် ရေးသားထားသည်ကို တွေ့ရသည်ဟု ကျောင်းတာဝန်ခံထံမှ သိရသည်။ ကျောင်း၏ ကျောက်သင်ပုန်းဘုတ်တွင် ရေးသားထားသော စာများမှာ…

နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့တွင် အဖွဲ့ဝင်သစ်များပါဝင်လာနိုင်ရန် မူဝါဒပြောင်းလဲ

မဲဆောက်၊ သြဂုတ် ၃၁ နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ BNI သည် ယင်းတို့၏ ၂၆ ကြိမ်မြောက် စုံညီအစည်းအဝေးတွင် အဖွဲ့သစ်များလက်ခံနိုင်ရေးမူဝါဒတစ်ရပ်ကို ပြင်ဆင်လိုက်ပြီး တိုင်းရင်းသားအခြေပြုမီဒီယာအဖွဲ့များသာမက ဒေသအခြေပြုမီဒီယာအဖွဲ့များပါ ပါဝင်နိုင်ရန် အခြေအနေများရှိလာပြီဖြစ်သည်။ ယင်းစုံညီအစည်းအဝေးတွင်ပင် အဖွဲ့ဝင်အသစ်လျှောက်ထားခဲ့သော ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) ကို အဖွဲ့ဝင်သစ်အဖြစ်လက်ခံခဲ့သည်။ ယခုအခါ နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့တွင် အဖွဲ့ဝင် (၁၄) ဖွဲ့ရှိလာပြီဖြစ်သည်။…

ဒီမိုကရေစီကျရှုံးခြင်း အစပြုပြီလား …

အယ်ဒီတာ့အာဘော် ============= အာဏာရှင်စနစ်တွင် သတင်းမီဒီယာသည် ဝါဒဖြန့်ချိရေးအတွက်သက်သက်သာဖြစ်သည့်တိုင် ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံတွင် သတင်းမီဒီယာ၏အခန်းကဏ္ဍသည် တည်းဖြတ်ထားသည့်သတင်းများကို အများပြည်သူတို့ထံ သတင်းပေးပို့ရန်သာဖြစ်သည်။ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံကောင်းစွာလည်ပတ်နိုင်ဖို့ဆိုသည်မှာ ကောင်းစွာသိသည့်အသိဖြင့် ဆုံးဖြတ်ချက်ချနိုင်မှသာ လည်ပတ်နိုင်မည်ဖြစ်ပါသည်။ ကောင်းစွာသိဖို့ဆိုသည့်မှာလဲ လွတ်လပ်သောသတင်းဌာနအသီးသီးမှ တည်းဖြတ်တင်ဆက်သည့် သတင်းများကို ဖတ်ရှုခွင့်ရှိမှသာ ဖြစ်နိုင်ပါသည်။ ဆိုလိုသည်မှာ လွတ်လပ်သောသတင်းဌာနများ၊ သတင်းလွတ်လပ်ခွင့်များရှိရမည်ဖြစ်ပြီး ရှု့ထောင့်စုံမှ မ ျှတစွာဖော်ပြထားသည့် တည်းဖြတ်ပြီးသတင်းများကို ဖတ်ရှု့ခွင့်ရမှသာလျင်…

နျူကလီးယားလျော့ချရေးစကားဝိုင်းရပ်တန့်မှုအကြား တောင်ကိုးရီးယားသံကိုယ်စားလှယ်များ မြောက်ကိုးရီးယားသို့သွားရောက်

ရိုက်တာ (ဂျိုင့်စ်လီ သတင်းပေးပို့ပြီး ပေါလ်တိတ် တည်းဖြတ်သည်။) တောင်ကိုးရီးယားအထူးသံကိုယ်စားလှယ်အဖွဲ့သည် ယခုလအတွင်းကျင်းပမည့် တောင်ကိုရီးယားသမ္မတနှင့် မြောက်ကိုရီးယား ခေါင်းဆောင်ကင်မ်ဂျုံအန်းတို့၏ထိပ်သီးဆွေးနွေးပွဲကိစ္စဆွေးနွေးရန်အတွက် တစ်ရက်တာခရီးစဉ်အဖြစ် ဗုဒ္ဓဟူးနေ့က မြောက် ကိုးရီးယာသို့ ထွက်ခွာသွားကြောင်း သိရသည်။ တောင်ကိုးရီးယားအရာရှိများက အမေရိကန်နှင့်မြောက်ကိုးရီးယားတို့အကြား နျူးကလီးယားလျော့ချရေးစကားဝိုင်းများ ပြန်လည်ကျင်းပနိုင်ရေးအတွက် အရှိန်မြှင့်တင်နိုင်ရန် မေ ျှာ်မှန်းထားကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် မြောက်ကိုးရီးယားအဆင့်မြင့်အရာရှိတစ်ဦးထံမှ ရန်လိုသောပေးစာတစ်စောင်လက်ခံရရှိခဲ့ပြီးနောက် သူ၏ ခရီးစဉ်ကို အမေရိကန်…