ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲတော်

0
10371

မော်လမြိုင်၊ သြဂုတ် ၂၆

ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို မော်လမြိုင်မြို့ တောင်ပေါ်တန်းရပ် အတုလရန်အောင်ဘုန်းကြီးကျောင်းတွင် ယနေ့မနက် ၇နာရီခွဲတွင် ကျင်းပခဲ့သည်။

ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားမှာ ကရင်အမျိုးသားတို့သည် တစ်ဦးနှင့်တစ်ဦးပြန်လည်မှတ်မိစေရန်၊ အချင်းချင်းအသိအမှတ်ပြုစောင့်ရှောက်နိုင်စေရန်တို့ကို ရည်ရွယ်ပြီး ဘိုးဘွားများက လက်ကောက်ဝတ်အသီးသီးတွင် အမှတ်အသားများအဖြစ် ချည်ဖွဲ့နှောင့်ခဲ့ပေးရာမှာ အစပြုခဲ့ခြင်းဖြစ်သည်။

ချည်ဖြူဖွဲ့မင်္ဂလာအဆောင်အယောင် (၇)မျိုးရှိသည်။

၎င်းတို့မှာ-
(၁)ရေကြည်တစ်ခွက်
(၂)ချည်ဖြူသုံးခင်
(၃)ထမင်းဆုပ်ခုနှစ်ဆုပ်
(၄)ကောက်ညှင်းထုပ်ဖင်ချွန်ခုနှစ်ထုပ်
(၅)ဌက်ပျော်သီးမှည့်ခုနှစ်လုံး
(၆)နတ်ပန်းညို(ဖဝ်ဝီ)ခုနှစ်ခက်
(၇)ကြံပိုင်းခုနှစ်ပိုင်းတို့ ဖြစ်သည်။

သတင်းနှင့် ဓါတ်ပုံ – နောင်ခန့်

Image may contain: 1 person, crowd
Image may contain: 8 people, people sitting
Image may contain: one or more people, people sitting and food
Image may contain: 1 person, sitting, eating and food
+10
4,203 people reached

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.