နျူကလီးယားလျော့ချရေးစကားဝိုင်းရပ်တန့်မှုအကြား တောင်ကိုးရီးယားသံကိုယ်စားလှယ်များ မြောက်ကိုးရီးယားသို့သွားရောက်

0
10070

ရိုက်တာ
(ဂျိုင့်စ်လီ သတင်းပေးပို့ပြီး ပေါလ်တိတ် တည်းဖြတ်သည်။)

တောင်ကိုးရီးယားအထူးသံကိုယ်စားလှယ်အဖွဲ့သည် ယခုလအတွင်းကျင်းပမည့် တောင်ကိုရီးယားသမ္မတနှင့် မြောက်ကိုရီးယား ခေါင်းဆောင်ကင်မ်ဂျုံအန်းတို့၏ထိပ်သီးဆွေးနွေးပွဲကိစ္စဆွေးနွေးရန်အတွက် တစ်ရက်တာခရီးစဉ်အဖြစ် ဗုဒ္ဓဟူးနေ့က မြောက် ကိုးရီးယာသို့ ထွက်ခွာသွားကြောင်း သိရသည်။

တောင်ကိုးရီးယားအရာရှိများက အမေရိကန်နှင့်မြောက်ကိုးရီးယားတို့အကြား နျူးကလီးယားလျော့ချရေးစကားဝိုင်းများ ပြန်လည်ကျင်းပနိုင်ရေးအတွက် အရှိန်မြှင့်တင်နိုင်ရန် မေ ျှာ်မှန်းထားကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် မြောက်ကိုးရီးယားအဆင့်မြင့်အရာရှိတစ်ဦးထံမှ ရန်လိုသောပေးစာတစ်စောင်လက်ခံရရှိခဲ့ပြီးနောက် သူ၏ ခရီးစဉ်ကို အမေရိကန် သမ္မတဒေါ်နယ်လ်ထရမ့်က ဖျက်သိမ်းလိုက်ရာမှ ဆွေးနွေးပွဲစကားဝိုင်းများ ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတနှင့် တောင်ကိုးရီးယားသမ္မတတို့သည် အင်္ဂါနေ့က မိနစ်ငါးဆယ်ခန့် ဖုန်းခေါ်စကားပြောခဲ့ကြပြီး ယခုလ နှောင်းပိုင်းတွင်ကျင်းပရန်ရှိသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြောက်ကိုးရီးယားနှင့်ဆွေးနွေးရန် စီစဉ်ခဲ့ကြသည်။

စင်ကာပူနိုင်ငံတွင်ပြုလုပ်ခဲ့သည့် မြောက်ကိုးရီးယားနှင့် အမေရိကန်သမ္မတတို့၏သမိုင်းဝင်တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် မြောက် ကိုးရီးယားခေါင်းဆောင်ကင်ဂျုံအန်းက နျူးကလီးယားလျော့ချရေးနှင့်ပတ်သက်ပြီး အကျယ်သဘောမျိုးဖြင့် သဘောတူခဲ့ သည်။

သို့သော် နိုင်ငံတကာတွင် မြောက်ကိုးရီးယား၏အခန်းကဏ္ဍကို မြှင့်တင်ခြင်းနိုင်ရန်အတွက် ကိုရီးယားကျွန်းဆွယ်စစ်ပွဲပြီးဆုံးကြောင်းအလျင်ကြေငြာသင့်သလား၊ နျူးကလီးယားလျော့ချရေးအလျင်လုပ်သင့်သလားဆိုသည့်အချက်တွင် အမြင်မတူဖြစ်နေ ကြသည်။

၁၉၅၀-၅၃ ကိုးရီးယားကျွန်းဆွယ်စစ်ပွဲသည် ငြိမ်းချမ်းရေးသဘောတူစာချုပ်အရမဟုတ်ပဲ လက်နက်ကိုင်တိုက်ခိုက်မှုရပ်တန့် ခြင်းသာရှိခဲ့ပြီး သဘောအားဖြင့် စစ်ပွဲမပြီးဆုံးသေးသည့်သဘောဖြစ်နေသည်ဟု ဆိုသည်။

တောင်ကိုးရီးယားအထူးသံကိုယ်စားလှယ်အဖွဲ့တွင် ဆိုးလ်မြို့ရှိ သမ္မတအိမ်ပြာတော်မှ တောင်ကိုးရီးယားအမျိုးသားလုံခြုံရေးအ ရာရှိ ချွန်အွီယောင်းနှင့် အမျိုးသားထောက်လှမ်းရေးဌာန ထောက်လှမ်းရေးအရာရှိ ဆူးဟွန်းတို့ပါဝင်ကြသည်။

အထူးသံကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြောက်ကိုးရီးယားခေါင်းဆောင်ကင်မ်နှင့်တွေ့ဆုံရန်ရှိ၊မရှိ မသိရသေးဟု တောင်ကိုးရီး ယားအရာရှိများကပြောပါသည်။ သို့သော် မြောက်ကိုးရီးယားခေါင်းဆောင်ကင်မ်သည် မတ်လကသွားခဲ့သည့် ယခင်အခေါက်က တွေ့ဆုံခဲ့သည်။

ကိုးရီးယားကျွန်းဆွယ်တွင် နျူးကလီးယားလျော့ချရေးနှင့်ပတ်သက်ပြီး ဖြစ်နိုင်ချေရှိသည့်နည်းလမ်းများကို ဆွေးနွေးသွားကြမည် ဟု သံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ချွန်က ပြောပါသည်။

တောင်ကိုးရီးယားအနေဖြင့် ကိုးရီးယားကျွန်းဆွယ်စစ်ပွဲပြီးဆုံကြောင်းကို ယခုနှစ်အတွင်း အမေရိကန်နှင့်ပူးတွဲပြီးကြေငြာနိုင်ရန် တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်သည် ဒေါက်တာ ဂျူကျူချန်း၏အသုဘတွင် လူထုအကြားသို့ ထွက်ခဲ့သေးကြောင်း မြောက်ကိုးရီးယားသတင်းများအရ သိရသည်။

မြောက်ကိုးရီးယားအရေးလေ့လာသုံးသပ်သည့် “၃၈ မြောက်” အဖွဲ့၏အဆိုရ ဒေါက်တာဂျူသည် မြောက်ကိုးရီးယား၏ နျူးကလီးယားလက်နက်အစီအစဉ်၊ တိုက်ချင်းပစ်ဒုံးပျံအစီအစဉ်နှင့် အာကာသအစီအစဉ်တို့တွင် အဓိကပံ့ပိုးဖြည့်ဆည်းပေးခဲ့သူတစ် ဦးဖြစ်သည်ဟု ဆိုသည်။

တနင်္ဂနွေနေ့တွင် မြောက်ကိုးရီးယားသည် နိုင်ငံထူထောင်သည့်နေ့ နှစ် ၇၀ ပြည့်အခမ်းအနားကို တနင်္လာနေ့တွင် ကျင်းပရန်ရှိသည်။

ဓါတ်ပုံအညွှန်း – ဒေါက်တာဂျူချူချန်းပုံ
ဘာသာပြန်သူ – ထဝ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.