နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့တွင် အဖွဲ့ဝင်သစ်များပါဝင်လာနိုင်ရန် မူဝါဒပြောင်းလဲ

0
9525

မဲဆောက်၊ သြဂုတ် ၃၁

နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ BNI သည် ယင်းတို့၏ ၂၆ ကြိမ်မြောက် စုံညီအစည်းအဝေးတွင် အဖွဲ့သစ်များလက်ခံနိုင်ရေးမူဝါဒတစ်ရပ်ကို ပြင်ဆင်လိုက်ပြီး တိုင်းရင်းသားအခြေပြုမီဒီယာအဖွဲ့များသာမက ဒေသအခြေပြုမီဒီယာအဖွဲ့များပါ ပါဝင်နိုင်ရန် အခြေအနေများရှိလာပြီဖြစ်သည်။

ယင်းစုံညီအစည်းအဝေးတွင်ပင် အဖွဲ့ဝင်အသစ်လျှောက်ထားခဲ့သော ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) ကို အဖွဲ့ဝင်သစ်အဖြစ်လက်ခံခဲ့သည်။

ယခုအခါ နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့တွင် အဖွဲ့ဝင် (၁၄) ဖွဲ့ရှိလာပြီဖြစ်သည်။

စုံညီအစည်းအဝေးဆုံးဖြတ်ချက်များအရ မြန်မာနိုင်ငံတွင် တိုင်းရင်းမီဒီယာမူဝါဒပေါ်ပေါက်ရေး၊ တိုင်းရင်းသားသတင်းသင်တန်းကျောင်းတစ်ခုပေါ်ပေါက်ရေးနှင့် နှစ်စဉ်ကျင်းပနေသည့်တိုင်းရင်းမီဒီယာညီလာခံများကို အနှစ်သာရရှိရှိဆက်လက်ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.