မုဒုံ ကန်ကြီးစေတီတော် လုံးတော်ပြည့်ရွှေကြာသင်္ကန်းကပ်လှူမည်

0
17702

မုဒုံ၊ ဇန်နဝါရီ ၂၂

မုဒုံမြို့ရှိ ဓာတုသမိုင်းဝင်ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီးအား ဒုတိယအကြိမ်မြောက်လုံးတော်ပြည့်ရွှေကြာသင်္ကန်းအသစ်တစ်ဖန်ကပ်လှူပူဇော်ရန်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရှိရသည်။

“စေတီတော်ကြီးအား(၁၀)နှစ်တစ်ကြိမ်လုံးတော်ပြည့်ရွှေသင်္ကန်းအသစ်တစ်ဖန်ကပ်လှူပူဇော်ဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်ကရှိပြီးသား။ ဒါကြောင့်လည်း ရွှေသင်္ကန်းတော်မြတ်ကုသိုလ်တော်မှာ မိသားစုအလိုက် ကုသိုလ်ပါဝင်နိုင်ဖို့ကို ရည်ရွယ်ပြီး အခုလို စာအိတ်များအားမြို့ပေါ်ရပ်ကွက်အသီးသီးတို့ဖြန့်ဝေနှိုးဆော်အလှူခံခြင်းဖြစ်တယ်”ဟု ကန်ကြီးစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပက အတွင်းရေးမှူးဦးရွှေသိန်းမှ သံလွင်တိုင်းမ်ကိုပြော သည်။

ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းတော်မြတ်အသစ်တစ်ဖန်တင်လှူပူဇော်ခြင်းအား ၂၀၁၈-၁၉ခုနှစ်တွင် ကပ်လှူပူဇော်နိုင်ရန်အတွက် ပထမအကြိမ်နှိုးဆော်အလှူခံခြင်းအား ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ(၂၀၊၂၁)ရက်နေ့တို့တွင် မုဒုံမြို့ပေါ်ရှိ၊ မြို့မရပ်ကွက်အသီးသီးတွင် အလှူခံစာအိတ်များ ဖြန့်ဝေခဲ့ပြီး ဇန်နဝါရီ(၂၇)ရက်နေ့တွင် အလှူခံစာအိတ်များပြန်လည်သိမ်းဆည်းသွားမည်ဟုလည်းသိရသည်။

အလှူငွေစာအိတ်များဖြန့်ဝေခြင်းအား ဂေါပကအဖွဲ့၊ နိဗ္ဗာန်ဆော်အဖွဲ့၊ ဆွမ်းလောင်းအသင်း(၁၀)ဖွဲ့၊အောင်ကောင်းမြတ်ဂုဏ်လူငယ်အဖွဲ့၊ မေတ္တာကာရီ၊ မြင့်မြတ်ရေကြည်၊ မင်းတန်းလူငယ်၊ မေတ္တာပန်းခင်း စသော ပရဟိတအဖွဲ့များဝိုင်းဝန်းကူညီမှုဖြင့် အလှူခံစာအိတ်ပေါင်း(၈၀၀၀)ကျော်အား ဖြန့်ဝေခဲ့ကြောင်းလည်း သိရသည်။

စေတီတော်မြတ်ကြီးလုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် ၂၀၁၇ခုနှစ်၊ နှစ်ကုန်ပိုင်းတွင်ငြမ်းဆင်ခြင်းများဖြင့် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
image1
လက်ရှိလုံးတော်ပြည့်ရွှေကြာသင်္ကန်းကပ်လှူခြင်း၊ ထီးတော်ဘုံအဆင့်ဆင့်၊ ဌက်မြတ်နားတော်၊ စိန်ဖူးတော်မြတ်တင်လှူပူဇော်ခြင်းတို့အား ၁၃၇၀ပြည့်နှစ်(၁၂၊၄၊၂၀၀၉)ခုနှစ်တွင် တင်လှူပူဇော်ခဲ့ပြီး သက်တမ်း အား ဖြင့်(၈)နှစ်ဝန်းကျင်သို့ရောက်ရှိကြာမြင့်ခဲ့သည့်အတွက် ရွှေသင်္ကန်းတော်အရောင်အဆင်းများမှေးမှိန်းခြင်းများ ရှိလာပြီးဖြစ်ကြောင်းလည်း သိရသည်။

သတင်း – မင်းဥဒါန်း (ပုံပါ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.