UK က ပေးမည့် MBA ဘွဲ့အတွက် Scholarship လျှောက်ထားနိုင်

0
17539

UK နိုင်ငံ Anglia Ruskin University မှ ပေးအပ်မည့် MBA ဘွဲ့အတွက် Scholarship ပညာသင်ဆု အတွက် ဇန်နဝါရီလ (၂၇) ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်းသိရသည်။

လျှောက်ထားသူသည် Scholarship အင်တာဗျူး ဖြေဆိုရမှာ ဖြစ်ပြီး အင်တာဗျူးဖြေဆိုရန် အခက်အခဲ ရှိပါက MBA Program က မိမိအား မည်သို့ အထောက်အကူပေးပုံ( How can MBA Program help me to achieve carreer goals) ခေါင်းစဉ်ဖြင့် အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖြင့် ဖြစ်စေ ရေးသားပေးပို့ လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။

Total scholarship 18000 အတွက် လူဦးရေကန့်သတ်ထားပြီး ပညာအရည်အချင်း(သို့မဟုတ်) လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နှင့် Program စိတ်ဝင်စားမှု ရှိခြင်းအပေါ် မူတည်ပြီး ရွေးချယ်သွား မည်ဖြစ်ကြောင်းသိရသည်။

MBA Program ကိုအပိုင်းနှစ်ပိုင်းဖြင့် ပို့ချသွားမည်ဖြစ်ပြီး MBA Top-up Degree ကို UK နိုင်ငံရှိ Anglia Ruskin University မှ တိုက်ရိုက်ချီးမြှင့်ပေးမှာဖြစ်ပြီး Associate College ဖြစ်သော London School of Marketing မှ ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

အသေးစိတ်ကို https://www.facebook.com/InspiroInstitute/videos/1214835238610047/ တွင်ဝင်ရောက်လေ့လာနိုင်ပြီး အခြားသိရှိလိုသည်များကို အခန်းနံပါတ် F(38)၊ ပထမထပ် ၊ Tower(A) ၊ ပုလဲကွန်ဒို ၊ ဖုန်း – ၀၉ ၂၅၇၇၇၆၆၆၇ အီးမေးလ် – [email protected] သို့ဆက်သွယ် စုံစမ်းနိုင်ကြောင်းသိရသည်။
edu
TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.