ဂျာမနီနိုင်ငံမှာ ပညာသင်ကြားခွင့်ရရှိမည့် DAAD ပညာသင်ဆုလျှောက်ထားနိုင်ပြီ

0
16934

ကမ္ဘာ့အကြီးဆုံးငွေကြေးထောက်ပံ့မှု အဖွဲ့အစည်းတစ်ခုဖြစ်သည့် Deutsher Akademischer Austauschdienst (DAAD) အစီစဉ်ဖြင့် ဂျာမနီနိုင်ငံတွင် ပညာသင်ဆုလျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါပညာသင်ဆုကို နှစ်စဉ် ပေးအပ်လေ့ရှိပြီး MBA ဘွဲ့နှင့် Ph.D ဘွဲ့များအတွက် အဓိက ကမ်းလှမ်းထားကြောင်းသိရသည်။

လျှောက်ထားလိုသူများသည် အနုပညာ ၊ အားကစား၊ ဆေးပညာ ၊ အင်ဂျင်နီယာ ၊ဂီတ ၊ ဘောဂဗေဒ ၊ ဘာသာစကား၊ သင်္ချာ ၊ သိပ္ပံ ၊ သစ်တော၊ ယဉ်ကျေးမှု နှင့် စိုက်ပျိုးရေးစသည့် ဘာသာ ရပ်များကို လေ့လာသင်ကြားခွင့် ရရှိမည်ဖြစ်ကြောင်းသိရသည်။

လျှောက်ထားလိုသော ကျောင်းသူ၊ ကျောင်းသားများသည် DAAD Application Form ၊ ကိုယ် ရေးရာဇဝင်အကျဉ်း ၊ ဂျာမန်ပါမောက္ခထောက်ခံချက် ၊အထက်တန်းအောင် လက်မှတ် ၊ အထက်တန်း အောင် အမှတ်စာရင်း၊ Research Proposal Study Plan (သို့မဟုတ်) Qualification Phases ၊ ပညာရေးဆိုင်ရာ အထောက်အထားလက်မှတ်များ( အမှတ်စာရင်း ၊ ဘွဲ့လက်မှတ်) ၊ ကျန်းမာရေး ထောက်ခံစာများ ၊အင်္ဂလိပ်စာအရည်အချင်းသတ်မှတ်ချက်မျာဖြစ်သည့် IELTS 6 ၊ TOEFL PBT 550 ၊ TOEFL iBT 80 များနှင့်အတူ ဂျာမနီသံရုံးသို့ ပေးပို့လျှောက်ထားရမှာဖြစ်ကြောင်းသိရသည်။
edu
ပညာသင်ဆုမလျှောက်ထားဘဲ ကျောင်းတက်ချင်သူများလည်း မိမိအသုံးစရိတ်သာ ကုန်ကျ မှာဖြစ်ပြီး အသေးစိတ်အချက်အလက်များကို သံရုံးဖုန်း(၀၁-၅၄၈၅၉၁) ၊ (၀၁-၅၄၈၅၉၂)၊(၀၁-၅၄၈၅၉၃) သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး https://www.daad.de/…/datenba…/en/21148-scholarship-database မှာဝက်ဘ်ဆိုဒ်လိပ်စာမှ တစ်ဆင့် သိရှလိုသည်များကို ဝင်ရောက်လေ့လာ နိုင်ကြောင်းသိရသည်။

TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.