အင်ဒိုနီးရှားမှာ အစ္စလာမ်ရိုးရာဝတ်စုံကိုလွဲမှားစွာ ဝတ်ဆင်ခဲ့တဲ့ မိန်းကလေး(၁၄)ဦး ကတုံးရိတ်ခံ ရ

0
1789

ဂျကာတာ – ဩဂုတ်(၃၀) 

အင်ဒိုနီးရှားနိုင်ငံက ကျောင်းတစ်ခုမှာ အစ္စလာမ်ရိုးရာဝတ်စုံကိုလွဲမှားစွာ ဝတ်ဆင်ခဲ့တဲ့ မိန်းကလေး(၁၄) ဦးကို ဆရာမတစ်ဦးက ကတုံးရိတ်ခဲ့တယ်လို့ ကျောင်းအုပ်ဆရာမကြီးက ပြောပါတယ်။ 

စာသင်ကျောင်းတွေမှာ မဖြစ်မနေ ဝတ်ဆင်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို လွန်ခဲ့တဲ့ ၂၀၂၀ တည်းကဖျက်သိမ်းထားခဲ့ပေမယ့် တက်ကြွလှုပ်ရှားသူတွေရဲ့ အဆိုအရ လူဦးရေသန်း (၂၇၀) နေထိုင်တဲ့ နိုင်ငံမှာ အစွန်းရောက်ဝါဒီဒေသတွေက မူဆလင်မိန်းကလေးတွေအပြင် မူဆလင် မဟုတ်သူတွေကိုပါ Hijab ခေါင်းဆောင်တွေကို ဖိအားပေးဝတ်ဆင်ခိုင်းနေတာပါ။

အရှေ့ဂျာဗား၊လမွန်ဂန်မြို့ရှိ အစိုးရစာသင်ကျောင်းဖြစ်တဲ့  junior high school SMPN 1မှာ ဆရာမတစ်ဦးက မိန်းကလေးငယ်(၁၄) ဦးကို ကတုံးရိတ်ခဲ့တယ်လို့ ကျောင်းအုပ်ဆရာမကြီး က ပြောခဲ့ပါတယ်။

ကျောင်းအုပ်ကြီးက စာသင်ကျောင်းအနေနဲ့ တောင်းပန်ခဲ့ပြီး ဆရာမကိုလည်း ရာထူးက ဆိုင်းငံ့ ထားတယ်လို့ ဆိုထားပါတယ်။

ဖြစ်စဉ်မှာ ကျောင်းသူတွေဟာ ခေါင်းဆောင်းရဲ့အောက်မှာ ဦးထုပ်ကိုထည့်သွင်း ဝတ်ဆင်တာမရှိ ဘဲ သူတို့ရဲ့ ဆံမြိတ်ကို လူမြင်စေခဲ့တဲ့အတွက်ကြောင့်လို့ ပြောတာတွေလည်းရှိနေပါတယ်။ 

“Hijab ဝတ်ဖို့ အမျိုးသမီး ကျောင်းသားတွေအတွက် အတင်းအကျပ်တိုက်တွန်းတာမရှိပေမယ့် ဝတ်ဆင်မယ်ဆိုရင် ပိုမိုသပ်ရပ်တဲ့ အသွင်အပြင်ဖြ်စဖို့ သပ်ရပ်တဲ့အသွင်အပြင်အတွက် အတွင်းပိုင်းဦးထုပ်တွေကို ဝတ်ဆင်ဖို့ အကြံပြုထားပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ကျောင်းသား မိဘများကို တောင်းပန်ထားပြီဖြစ်လို့ ညှိနှိုင်းဆွေးနွေးပြီးတဲ့အခါ နားလည်မှုတစ်ရပ်ရခဲ့ပါတယ်” လို့ ကျောင်းအုပ်ကြီး က ပြောခဲ့ပါတယ်။  

Human Rights Watch ရဲ့ အင်ဒိုနီးရှားသုတေသီတစ်ဦးကလည်း “လမွန်ဂန် ဖြစ်စဥ်ဟာ အင်ဒိုနီးရှားနိုင်ငံအတွက် ကြောက်စရာအကောင်းဆုံး ဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ ဆံပင်ကို ညှပ်တဲ့ ဆရာတွေကို တခါမှ ဒဏ်ခတ် အရေးယူတာ မရှိဘူး။ လမွန်ဂန်မှာရှိတဲ့ ပညာရေးရုံးကလည်း ဒီ ဆရာမကို ဒဏ်ခတ်အရေးယူသင့်ပါတယ်၊  အနည်းဆုံးတော့ သူမအား ကျောင်းမှထုတ်ပယ်သင့်ပါတယ်။ နောက်ပြီး ထိခိုက်ခံရသူများရဲ့ စိတ်ဒဏ်ရာများကို ကိုင်တွယ်ဖြေရှင်းရန် စိတ်ပညာရှင်များကို ခန့်ထားသင့်ပါတယ်” လို့ ဆိုခဲ့ပါတယ်။  

အနောက်ဆူမားတြားက ခရစ်ယာန်ကျောင်းသားတစ်ဦးကို Hijab ဝတ်ဆင်ဖို့ ဖိအားပေးခံရပြီး နောက် ခေါင်းစည်းပဝါပြဿနာဟာ ၂၀၂၁ ခုနှစ်ကစပြီး ပိုမိုကြီးထွားလာတာဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ်အစောပိုင်းက အစိုးရဟာ ပြည်နယ်ကျောင်းတွေမှာ မိန်းကလေးတွေနဲ့ အမျိုးသမီး တွေဝတ်ဆင်နိုင်တဲ့ ဝတ်စားဆင်ယင်မှုကို ခွင့်ပြုဖို့ အမိန့်ထုတ်ပြန်ထားသလို ကျောင်းတွေမှာ လည်း ဘာသာရေးဝတ်စားဆင်ယင်မှုတွေကို တားမြစ်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

လအနည်းငယ်အကြာမှာ နိုင်ငံရဲ့ တရားရုံးချုပ်ဟာ အဲဒီဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး (၁၈) နှစ်အောက် ကလေးငယ်တွေအနေနဲ့ သူတို့ရဲ့ ကျောင်းဝတ်စုံကို ရွေးချယ်ပိုင်ခွင့်မရှိဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.