နယ်သာလန်နိုင်ငံမှာ ပညာသင်ကြားခွင့်ရမည့် 2017 Excellence Scholarship Programme အတွက် မြန်မာနိုင်ငံမှ ကျောင်းသားများလည်း လျှောက်ထားနိုင်

0
17876

နယ်သာလန်နိုင်ငံ၊ Leiden University မှာ Master Programme ကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှ ကျောင်းသူ၊ကျောင်းသားများ အချိန်ပြည့်သင်ကြားနိုင်မှာဖြစ်ပါတယ်။

Leiden University ကတော့ ဥရောပမှာထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်ပြီး အင်္ဂလိပ်ဘာသာ ရပ်ကို ကျွမ်းကျင်စေရန်နှင့် IELTS Test များဖြေဆိုနိုင်စေရန် ဘာသာရပ်အားလုံးကို အင်္ဂလိပ်ဘာသာ နဲ့ပဲ သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။

Master Program မှာ Advanced Studies in Air & Space Law, Advanced Studies in European & International Business Law, Advanced Studies in International Tax Law, Advanced Studies in Public International Law, Advanced Studies in International Civil & Commercial Law, Advanced Studies in Law & Digital Technologies, Advanced Studies in Law & Digital Technologies, Advanced Studies in European & International Human Rights Law, Advanced Studies in International Children’s Rights, International Relations & Diplomacy and Advanced Studies in International Children’s Rights စသည့် ဘာသာရပ် တွေကို သင်ကြားနိုင်မှာဖြစ်ပြီး၂၀၁၇ခုနှစ် စက်တင်ဘာလ မှာ စတင်ပို့ချမှာဖြစ်ပါတယ်။

Programme အားလုံးကို ၂၀၁၇ ခုနှစ်၊ဖေဖော်ဝါရီလ(၁) ရက်နေ့နောက်ဆုံးထားလျှောက် ထားရမှာဖြစ်ပြီး Law တွေကိုတော့ မတ်လ(၁) ရက်နေ့နောက်ဆုံးလျှောက်ထားရမှာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များကို http://scholarship-positions.com/leiden-university-excel…/…/ လင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
image1
တင်ဆက်သူ – TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.