ပညာရေးမှာ GenAI အသုံးပြုမှုဆိုင်ရာ ပဏာမလမ်းညွှန်မှု စည်းမျဉ်းတွေကို ယူနက်စကိုရှာဖွေ နေ

0
1355

ပါရီ – စက်တင်ဘာ(၈) 

ယူနက်စကိုဟာ ပညာရေးအတွက်(GenAI) အသုံးပြုခြင်းဆိုင်ရာ ပဏာမ လမ်းညွှန်ချက်ကို စက်တင်ဘာလ(၇) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်ကို ကာကွယ် ဖို့နဲ့ အသုံးပြုသူတွေအတွက် အသက်ကန့်သတ်ချက်ထားရှိတာအပါအဝင် နည်းပညာအသုံးပြုမှု ကိုထိန်းချုပ်ဖို့ အစိုးရအေဂျင်စီတွေကို တိုက်တွန်းခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာက မိုက်ခရိုဆော့ကကျောထောက်နောက်ခံပြုထားတဲ့ OpenAI ကစတင်ခဲ့တဲ့ 

AI-chatbot ဖြစ်တဲ့ ChatGPT ဟာ လက်ရှိအချိန်ထိ ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး အက်ပ်တစ်ခု ဖြစ်လာပြီးနောက် Google’s Bard လို ပြိုင်ဘက်တွေကိုပါ လိုက်လံထုတ်လွှင့်ဖို့ လှုံဆော်မှု ဖြစ်စေ ခဲ့တာပါ။ 

စာကြောင်းအနည်းငယ်နဲ့ အက်ဆေးရေးသားတာကနေ သင်္ချာတွက်ချက်မှုတွေအထိ လုပ်ဆောင် ပေးနိုင်တဲ့ AI နည်းပညာကို ကျောင်းသားတွေက သဘောကျနေတာဖြစ်ပါတယ်။ 

“ဒီစက်ကရိယာအခြေပြုသင်ကြားမှုပုံစံတွေမှာ နည်းပညာတိုးတက်မှုနှုန်းနဲ့ ပညာရေးစနစ်ရဲ့ အသွင်ကူးပြောင်းမှုအရှိန်ကို ချိန်ညှိဖို့ ကျွန်တော်တို့ ရုန်းကန်နေရပါတယ်” လို့ ပညာရေးဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးချုပ် စတီဖာနီယာက ရိုက်တာကို ပြောခဲ့ပါတယ်။ 

ဒါ့အပြင် “ကိစ္စတော်တော်များများမှာ အစိုးရတွေနဲ့ ကျောင်းတွေက ထိပ်တန်းနည်းပညာရှင်တွေ တောင် နားမလည်နိုင်တဲ့ အကျွမ်းတဝင်မရှိတဲ့ ဒီနည်းပညာကို လက်ခံကျင့်သုံးနေကြတယ်” လို့ သူက ပြောပါသေးတယ်။ 

စာမျက်နှာ(၆၄) မျက်နှာပါ အစီရင်ခံစာ လမ်းညွှန်ချက်တွေမှာ ကျောင်းပညာရေး၊ နည်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာနဲ့ လေ့ကျင့်ရေးတို့အတွက် အစိုးရက ပိတ်ဆို့အရေးယူမှု အစီအမံ တွေမှာ AI သင်ရိုးညွှန်းတမ်းတွေ လိုအပ်နေပြီဖြစ်တယ်လို့ ယူနက်စကိုက အလေးပေးဖော်ပြထား ပါတယ်။ 

“GenAI ဝန်ဆောင်မှုပေးသူတွေဟာ ပင်မတန်ဖိုးများနှင့် ဥပဒေဆိုင်ရာ ရည်ရွယ်ချက်များကို လိုက်နာရန်၊ ဉာဏပစ္စည်းပိုင်ဆိုင်မှုကို လေးစားလိုက်နာရန်နှင့် ကျင့်ဝတ်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာမှုရှိစေရန်အတွက် တာဝန်ရှိသင့်သည်” လို့ ယူနက်စကိုက ပြောပါတယ်။ 

လက်တွေ့ကမ္ဘာကို စူးမ်းလေ့လာတာ၊ လက်တွေ့စမ်းသပ်မှုတွေ၊ အခြားလူသားတွေနဲ့ ဆွေးနွေးမှု တွေနဲ့ လွတ်လပ်သော ယုတ္တိတန်တဲ့ ကျိုးကြောင်းဆင်ခခြင်တာလို အတွေ့အကြုံတွေက တဆင့် သိမြင်နိုင်စွမ်းနဲ့ လူမှုရေးစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေဖို့ သင်ယူသူတွေရဲ့ အခွင့်အလမ်းတွေကို ဆုံးရှုံးစေမယ့် GenAI ကိုတားဆီးဖို့လည်း တောင်းဆိုတာတွေရှိနေပါတယ်။

တရုတ်နိုင်ငံဟာ AI ဆိုင်ရာ စည်းမျဉ်းတွေကို ချမှတ်ထားပေမယ့် ဥရောပ သမဂ္ဂရဲ့ AI နဲ့ ပတ်သက်တဲ့ အက်ဥပဒေကို ဒီနှစ်အစောပိုင်းမှာ အတည်ပြုဖွယ်ရှိနေသလို တခြားနိုင်ငံတွေက တော့ သူတို့ရဲ့ ကိုယ်ပိုင် AI ဥပဒေတွေကို ရေးဆွဲဖို့အတွက် နောက်ကျကျန်နေသေးတယ်လို့ ဆိုနေကြပါတယ်။

ပါရီအခြေစိုက် အေဂျင်စီက ဆရာတွေနဲ့ သုတေသီတွေရြ့ အခွင့်အရေးတွေနဲ့ Gen AI ကိုအသုံး ပြုချိန်မှာ ကြိမ်းပမ်းမှုတွေရဲ့ တန်ဖိုးကို ကာကွယ်ဖို့လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.