ငါးဖယ်ခြစ်သုပ်

0
17891

ငါးဖယ်ခြစ်သုပ် ပြုလုပ်ပုံမှာ အသားခြစ်ထားသော ငါးဖယ်သားကို ဆားထောင်းထားသော ကြက်သွန်ဖြူတို့နှင့် ရောနယ်ပါ။ အပြားလိုက်လုပ်ထားသော ငါးဖယ်ကို ဆီပူတွင်ကြော်ပါ။ ကျက်ရုံသာ ကြော်ပါ။ ကြော်ပြီးသော ငါးဖယ်ကို ပါးပါးလှီးထားပါ။ ကြက်သွန်နီပါးပါးလှီးပါ။ ကြက်သွန်ဖြူ ဆီချက် ကြော်ထားပါ။ ေ

ရှာက်ရွက်(သို့မဟုတ်) နံနံပင်လှီးထားပါ။ အဆင်သင့်ဖြစ်လျှင် ငါးဖယ်၊ ကြက်သွန်နီ၊ ပဲအကျက်မူန့်၊ ဆီချက်၊ မန်ကျီးမှည့်ရည်(သို့) သံပုရာသီးညှစ်ထည့်ပါ။ မျှင်ငပိအားလုံးရောနယ်ပါ။ အစပ်ကြိုက်သူများ ငရုပ်စိမ်းပါးပါးလှီးထည့်ပါ။ အပေါ့အငန်အချဉ်မစပ်မြည်းပြီးသုံးဆောင်နိုင်ပါပြီ။

ပါဝင်သောပစ္စည်းများ။
၁။ ငါးဖယ်ခြစ်(၁၅)ကျပ်သားခန့်။
၂။ ကြက်သွန်နီ။
၃။ ကြက်သွန်ဖြူဆီချက်။
၄။ ရှောက်ရွက်(သို့)နံနံပင်။
၅။ မန်ကျီးသီးမှည့်(သို့)သံပုရာသီး၊
၆။ မျှင်ငပိမီးဖုတ်။
၇။ ပဲအကျက်မူန့်တို့ဖြစ်သည်။
mon-fish-slap

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.