ဆောင်းဘောက် ဖွင့်လှစ်မှု စီစစ်ကြီးကြပ်မှုပြုလုပ်ရန် ညွှန်ကြားထား

0
10682

ပေါင်မြို့နယ်အတွင်းတန်ဆောင်တိုင်ပွဲတော်ရက်အတွင်း၌ ဆောင်းဘောက်ဖွင့်လှစ်မှု များပြားခဲ့ပြီး ပတ်ဝန်းကျင်မှသက်ကြီးရွယ်အိုလူမမာအချို့က သက်ဆိုင်ရာသို့ကန့်ကွက်တိုင် ကြားမှုများရှိ ခဲ့သဖြင့် ဆောင်းဘောက်အသံချဲ့စက် ပါမစ်ပေးခြင်းအား စီစစ်ကြီးမှုပြုလုပ်ကြရန် မြို့နယ်အုပ်ချုပ်ရေးမှုးရုံးကစာထုတ်
ညွှန်ကြားထားကြောင်းသိရသည်။

“ကျွန်မတို့ အိမ်နားမှာ ကထိန်ခင်း တာရှိတယ်ဆောင်းဘောက် ၂ လုံးက အကျယ်ဆုံးအပြိုင်အဆိုင်ထုနေကြတာ အိမ်မှာဘယ်လိုမှနေလို့မရဘူး ရဲကိုတိုင်
ပေမဲ့လည်းပါမစ်ပေးတာက ကျေးရွာအုပ်ချုပ်ရေးမှုးဆိုတော့ပါမစ်ပေးသူအနေနဲ့ သတ်မှတ်ချက်ရှိစေချင်တယ် “လို့ုကျွဲခြံကျေးရွာနေ ဒေါ်မီမီလှုင်ချိုက
ပြောသည်။

ပွင့်လင်းရာသီဖြစ်၍ အလှု မင်္ဂလာဆောင်နှင့် ဘာသာရေးပွဲများတွင် ဆောင်းဘောက်ဖွင့်ရန် လူငယ်များအနေဖြင့် စိတ်အားထက်သန်နေကြပြီး တစ်ယောက်
၂သောင်းကျပ်ထည့်ဝင်ကြလျှက် ဘီယာ အရက်များသောက်ကာ ဆောင်းဘောက်မှ ဒီဂျေတီးလုံများဖြင့် ကခုန်ပျော်ပါးနေကြကြောင်း တွေ့ရသည်။ တန ်
ဆောင်တိုင်ကာလအတွင်းတွင် အဆိုတော် မနော၏ ဗိုလ်အောင်ဒင်သီချင်းဖြင့် ကခုန်ပျော်ပါးကြသူ များပြားခဲ့သည်။ကထိန်လှည့်ရာတွင် လည်း အဖွံဲ့များ၌
ဆောင်းဘောက်ကြီး များ ၆လုံးအထိ တန်းစီတီးသွားကြသည်။ အဆိုးဆုံးအခြေအနေ အဖြစ် အလှုပြီးသော်လည်းမူးယစ်နေသူလူငယ်များက ဆောင်းဘောက်
ဖွင့်၍ ကခုန်နေခြင်း အပြန်လမ်းတစ်လျောက်တွင်လည်း ဆောင်းဘောက်ဖွင့်သွားခြင်းများပြုလုပ်ခဲ့ကြသည်။

ဆောင်းဘောက်ပြသနာတိုင်ကြားမှုများပြားသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှ နိုဝင်ဘာ ၈ ရက်နေ့စွဲဖြင့် ရပ်/ကျေးအုပ်ချုပ်ရေးမှုးများထံစာထုတ် ၍စီစစ်ကြီး
ကြပ်မှုပြုလုပ်ပြီးမှ ပါမစ်ထုတ်ပေးခြင်းပြုလုပ်ရန်စာထုတ်ခဲ့ခြင်းဖြစ်သည်။

ဆောင်းဘောက်လုပ်ငန်းရှင်များကို ယခင်နှစ်က မြို့နယ်အုပ်ချုပ်ရေးမှုးရုံးသို့ခေါ်ယူပြီး စည်းကမ်းအတိုင်းဖွင့်ကြရန် သက်ဆိုင်ရာမှသတိပေးထားသော်
လည်းယခုနှစ်တွင် လိုက်နာမှုားနည်းနေသေးကြောင်း တွေ့ရသည် ထိုကိစ္စနှင်ပတ်သက်၍ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးကို
မေးမြန်းခဲ့စဉ် လိုအပ်ပါက လွှတ်တော်တွင်မေးခွန်းမေးမြန်းရန်ရှိပါတယ်ဟု ဖြေဆိုထားခဲ့သည်။

ပေါင်မြို့နယ်အုပ်ချုပ်ရေးမှုးမှ နိုဝင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သောစာတွင် “ ဆောင်းဘောက်များဖွင့်ကြရာတွင် အများပြည်သူ စိတ်အ
နှောက်အယှက်ဖြစ်ခြင်းသက်ကြီးရွယ်အိုများလူမမာများ ကျန်းမာရေးထိခိုက်နိုင်ခြင်း မဖြဏ်ပေါ်စေရေးအတွက် ကျယ်လောင်ပြင်းထန်စွာ မဖွင့်
ကြရန် စီစစ်ကြီးကြပ်မှုပြုလုပ်ရန် လိုအပ်ပါက ရဲတပ်ဖွဲ့၏သဘောထားမှတ်ချက်ရယူပြီးမှ ပါမစ်ထုတ်ပေးရန် “အချက်များပါဝင်နေကြောင်းသိရသည်.
ဆောင်းဘောက်ဖွင့်ခွင့်ပါမစ်အား ရပ်/ကျေးအုပ်ချုပ်ရေးမှုးကထုတ်ပေးရပြီး စည်းကမ်းသတ်မှတ်ချက်များတွင် ၃ရက်ကြိုတင်၍ လျောက်ထားရမည်
ဖွင့်ရန်နေရာ ဥပဇာမှကြားနိုင်ရုံသာဖွင့်ရမည် လျောက်ထားသည့်နေရာမှအပ အခြားကိစ္စများတွင်အသုံးမပြုရန် မနက် ၆နာရီမှ ည ၉နာရီအထိသာဖွင့်ရန်
အချက်များပါဝင်ကြောင်းပေါင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုးရုံးမှ ဦးစိုးသူရက သံလွင်တိုင်းမ်သို့ပြောဆိုထားခဲ့သည်။

ဆောင်းဘောက် ဖွင့်ခြင်းကိစ္စနှင့်ပတ်သက်ပြီးစည်းကမ်းဖေါက်ဖျက်သူကို ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေ အခန်း ၇ ပုဒ်မ ၁၃ ဈ အရအရေးယူနိုင်ပြီး

နယ်ရဲများ အနေဖြင့် ရဲအက် ဥပဒေပုဒ်မ ၃၉ အရဖမ်းဆီးအရေးယူနိုင်ကြောင်းဥပဒေများတွင်ဖေါ်ပြပါရှိသည်။

ဝရဇိန် ပေါင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.