နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေက စိတ်ချရပါသလား

0
23185

မြန်မာနိုင်ငံတွင် အစားအသောက်ပိုင်းဆိုင်ရာ အန္တရာယ်ဖြစ်ပေါ်မှုနှင့် ပတ်သက်ပြီး ယခု အခါ တွင် စားသုံးသူအခွင့်အရေးကာကွယ်ရေးလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာနေကြပြီ ဖြစ်သည်။ အထူးသဖြင့် ပြည်သူများ၏ နေ့စဉ်စားသောက်ဖွယ်ရာများတွင် ဆိုးဆေးများ၊ ဓါတုဆေးဝါး များ၊ မပုပ်မ

သိုးစေရန် စီမံခြင်းများရှိနေသည်ဟု အသံကျယ်လောင်စွာထွက်ပေါ်လာနေမှုအပေါ် မွန်ပြည်နယ်တွင်းရှိ ပြည်သူများ၏ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေ စိတ်ချရပါသလားဆိုတဲ့ မှတ်ချက်များကို စုစည်းဖော်ပြလိုက်ရပါသည်။
%e1%80%98%e1%80%af%e1%80%94%e1%80%b9%e1%80%b8%e1%80%bb%e1%80%99%e1%80%90%e1%80%b9%e1%80%9f%e1%80%94%e1%80%b9
ဘုန်းမြတ်ဟန်၊ တက်ကြွလှုပ်ရှားသူ
ရေးမြို့

နေ့စဉ်အစားအသောက်နဲ့ပတ်သက်ပြီး စိတ်ချရမှု လုံးဝရှိမနေပါဘူး။ ဘာလို့လဲဆိုတာ့ ကျနော် တို့ဆီမှာ ပြည်ပကတင်သွင်းတဲ့အစားအသောက်တွေကို အသေအချာစိစစ်ပေးပြီးမှ တင်သွင်းခိုင်းတာ မျိုး၊ ပြည်တွင်းက စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေအပေါ်စည်းစနစ်ကျကျ စောင့်ကြည့်ထိန်း ချုပ်တာမျိုး အင်မတန်အားနည်းနေလို့ပဲ၊ နောက်တခုက ဥပဒေပိုင်းအားနည်းချက်ရှိတာလဲပါတယ်။

မြန်မာပြည်မှာဖြစ်နေတာက အစားအသောက်တခုဟာ မစားသုံးသင့်တယ်။ မစားသုံးသင့်ဘူးလို့ ကြေညာတာ ထုတ်ပိုးမှုကိုကြည့်ပြီးကြေညာတာချည်းပဲများတယ်။ အစားအသောက်ရဲ့အရည်အသွေး ကိုပြောတာမျိုးမဟုတ်ဘူး။ ဒါတွေကို ပြင်နိုင်လုပ်နိုင်တဲ့တနေ့မှပဲ အစားအသောက်တွေစိတ်ချရတယ် ဆိုတဲ့တနေ့ကို ရောက်မယ်။ အစားအသောက်ဟာ နိုင်ငံရေးပဲ။ အခုလို ပြည်ပရင်းနှီးမှုတွေကို ဖိတ်ခေါ် နေတဲ့အချိန်မှာဆို အစားအသောက်ကုမ္ပဏီတွေရဲ့ လာရောက်လက်ဝါးကြီးအုပ်မှုကိုလဲ စိုးရိမ်ရပါတယ်

အခုအစိုးရလက်ထက်မှာ စားသုံးကုန်အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေရဲ့အသံကိုနားထောင်ဖို့နဲ့ အားကောင်းလာအောင်လုပ်ပေးဖို့ လိုအပ်ပါတယ်။
%e1%80%a5%e1%80%ae%e1%80%b8%e1%80%99%e1%80%b2%e1%80%90%e1%80%b0%e1%80%b8-%e1%80%99%e1%80%af%e1%80%92%e1%80%b6%e1%80%af
ဦးမဲတူး၊ ဗိသုကာအတတ်ပညာရှင်
မုဒုံမြို့

လူဖြစ်လာကတည်းကစားရမယ်။ သောက်ရမယ်။ အဲဒီစားရမယ် သောက်ရမယ့်အရာတွေက နံပါတ်(၁) လူတွေအတွက် ရေတို၊ရေရှည်ဘေးဥပါဒ်မဖြစ်ဖို့၊ နံပါတ်(၂)သန့်ရှင်းလတ်ဆတ်ဖို့၊ နံပါတ်(၃) ဒီအစားအသောက်ကုန်ပစ္စည်းတွေကို တာဝန်ရှိတဲ့ ဌာန၊အဖွဲ့အစည်းတွေက ဓမ္မဓိဌာန်းကျကျ၊ ပြဌာန်းချက်၊ ညွှန်ကြားချက်တွေ အတိုင်း အောက်ခြေထိကွင်းဆင်းစစ်ဆေးပေးဖို့ပဲ။ ဒီဆန်၊ ဒီစပါး၊ ဒီအသီးအနှံ၊ ဒီဟင်းသီးဟင်းရွက်၊ ဒီဆိုး ဆေး ပါ စားသောက်ကုန်စတာတွေကို စားသုံးရန်မသင့်ဘူးဆိုတာ သတင်းစာတွေနဲ့ ကြေငြာသင်ပုန်းတွေမှာလောက်ပဲ အဆုံးသတ်သွားတာများတယ်။ ပြည်သူလူထုက ဘေးဥပါဒ်ဖြစ်စေသည်၊ မဖြစ်စေသည်ကိုခွဲခြားသိဖို့ ဆိုတာ က အဝေးကြီး၊ တာဝန်ရှိသူတွေက တာဝန်သိသိနဲ့ ဆောင်ရွက်ပေးနိုင်ပါမှ ထိရောက်မှုရှိမှာ။ အခုဆိုရင်ဘာရောဂါတွေမှန်းတောင် မသိရဘူးဖြစ်နေလိုက်ကြတာ။ ဒါတွေရဲ့အဓိကတရားခံတွေသည် နေ့စဉ်စားသုံးနေတဲ့ရေ၊ လေနဲ့ အစားအသောက်တွေပဲ။ အရာရာတွေက သဘာဝကိုကျော်လွန်ဖန်တီးနေကြတယ်။ အခုခေတ်ကာလကလည်း အတုအပတွေကလည်းပေါများလာလိုက်တာ။ ဒီအပေါ်မှာတာဝန်ရှိတဲ့သူတွေက ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့နဲ့ ဝိသမလောဘတွေနဲ့ငါကောင်းစား၊ ကြီးပွားရေးအတွက် စားသောက်ကုန်တွေကို အတု(ဒါမှမဟုတ်)ကြာရှည်၊တာရှည်ခံဆိုးဆေး၊ဓာတုဆေးဝါးတွေကိုအသုံးမပြုကြဖို့လည်း လိုပေလိမ့် မယ်။ အစားအသောက်တွေစိတ်ချရဖို့ဆိုတာ အလွယ်ပြောရင်တော့ အပြောကလွယ်ပါတယ်။
%e1%80%b1%e1%80%92%e1%81%9a%e1%80%bb%e1%80%96%e1%80%b4%e1%80%bb%e1%80%96%e1%80%b4%e1%80%9c%e1%80%bc%e1%80%84%e1%80%b9-%e1%80%99%e1%80%af%e1%80%92%e1%80%b6%e1%80%af
ဒေါ်ဖြူဖြူလွင်၊ ဈေးသည်
မုဒုံမြို့

နေ့စဉ်စားသောက်နေရတဲ့အပေါ်မှာ စိတ်ချရခြင်း၊ မရခြင်းကို ခွဲခြားမသိဘူး။ ကွဲပြားလာတာတော့ သိတယ်။ အရင်က အစားအဆိပ်သင့်တယ်ဆိုတာ မကြားဖူးဘူး။ အခုနောက်ပိုင်း ဒီဖြစ်စဉ်တွေကို ကိုယ့်မြို့ မှာ မဖြစ်ခဲ့ပေမဲ့ အခြားမြို့ရွာတွေမှာ ဖြစ်နေကြတာကိုတော့ကြားနေရတယ်။ နောက်ပြီး ကျောင်းတွေမှာ တရုတ်မုန့်တွေ၊ လေအိတ်ဖောင်းမုန့်တွေမရောင်းရဘူးဆိုထားပေမဲ့လည်း စစ်ဆေးမှုတွေ အားနည်းတယ်လို့ပဲ ယေဘူယျ ယူဆတယ်။ ဘာဖြစ်လည်းဆိုရင် သမီးကိုကျောင်းပို့တိုင်း ကျောင်းဈေးတန်းမှာ ယနေ့တိုင်တားမြစ်သူမရှိရောင်းနေကြတယ်။ ပြီးတော့ဆေးလိပ်ပုံသဏာန်မုန့်တွေရောင်းချနေတုန်းပဲ။ ဒါတွေက ဘာကိုပြနေလဲဆိုရင် ငါ့နဲ့မဆိုင်တဲ့ သဘောသက်ရောက်နေတယ်။ အခုဆိုရင်မှိုသီးကျစပါးဂယက်ကလည်းမသေးလှဘူး။ ရောဂါဖြစ်တယ်လို့ပြောပြီး ထိထိရောက်ရောက်တားမြစ်မှုတော့ရှိသင့်တယ်။ အခုတော့ဆန်ဝယ်ရင်တောင် သို့လော၊ သို့လော စိတ်ဖြစ်ရတယ်။ ဒါကစားသုံးမှုအပေါ် စိတ်မချရတဲ့အခြေအနေ၊အနေအထားပါ။ စားသောက်ကုန်တွေမှာ ဆိုးဆေးတွေ၊ စားဆီတွေ အပေါ်မှာလည်းသံသယဖြစ်မိတယ်။ စားသောက်ရမယ်မှ အသက်ရှင်သန်ရတယ်ဆိုတော့ လည်း စိတ်မချရပေမဲ့လည်း စိတ်ချ၊လက်ချစားသောက်နေရတဲ့ဒုက္ခကိုတော့ အစာစားပြီး အသက်ရှင်နေသူ တိုင်းခံစားမိမှာဘဲ”

%e1%80%b1%e1%80%a1%e1%80%b8%e1%80%b1%e1%80%a1%e1%80%b8%e1%80%85%e1%80%af%e1%80%ad%e1%80%b8-%e1%80%b1%e1%80%99%e1%80%ac%e1%80%b9%e1%80%9c%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%80%84%e1%80%b9
မအေးအေးစိုး၊ ကျောင်းသူ
မော်လမြိုင်

သမီးက ကိုယ်ဝန်နဲ့ပါ စားသောက်ကုန်တွေမှာ ဓာတုဗေဒ ပစ္စည်းတွေဆိုးဆေးတွေ ပါနေတဲ့ အကြောင်းကြားဖူး ဖတ်ဖူးနေပါတယ်။ အစားအသောက်နဲ့ပတ်သက်ပြီး ကိုယ်စားလိုက်တဲ့ အစား အသောက်က ဘေးထွက်ဆိုးကျိုးတွေ ကိုယ်ကလေးကို ထိခိုက်မှာစိုးရိမ်ရတာပေါ့။ အဓိက ကအသီး အနှံတွေမှာ အရောင်ဆိုးဆေးတွေမှည့်လွယ်အောင် ဆိုပြီး ဆေးတို့တာတွေပေါ့။ အသားငါး ကျတော့ မပုပ်မသိုးအောင် တာရှည်ခံအောင်လုပ်ကြတဲ့ဟာကကြားသိနေရတယ်။ မစားမိအောင်သတိထားရ တာပေါ့။ တရုတ်နိုင်ငံကလာတဲ့ အချို့မုန့်တွေဆိုရင် အနံ့အသက်က စားပြီးလို့အပေါ့သွားရင်တောင်အနံက ရနေတယ်။ ဘာတွေထည့်ထားတယ်တော့မသိဘူး။ နံနံပင်ဆိုရင် မြေသြဇာတွေသုံးထားမှန်း အရမ်းသိသာတယ်။ ညနေအထိမခံပဲ ညှိုးသွားနွမ်းသွားတယ်။ စားရတာတော့ စိတ်ထဲမှာမလုံခြုဘူးပေါ့

အမေကလည်းအတွေ့အကြုရှိတော့ ရွေးချယ်ဝယ်ယူချက်ပြုတ်ပေးပါတယ်။ ကလေးတွေကိုပိုစိုးရိမ်ရတယ်။
%e1%80%b1%e1%80%87%e1%80%ac%e1%80%b9%e1%80%9c%e1%80%84%e1%80%b9%e1%80%b8%e1%80%91%e1%80%bc%e1%80%8b%e1%80%b9
ဦးဇော်လင်းထွဋ် (ကျိုက်မရော)
Community Educatior
HIV/AIDSကာကွယ်တိုက်ဖျက်ရေး

နေ့စဉ်စားသောက်နေရတဲ့ အစားအစာတွေက လုံးဝစိက်မချရပါဘူး။ ငါးတွေပုစွန်တွေဆိုလဲ ကြာရှည်ခံအောင် လူသေတွေမှာ ထိုးတဲ့ဖော်မလင်တွေ ထိုးတက်ကြတယ်။ ကြက်တွေမှာ ကြီးဖို့လား ကြာရှည်ခံအောင်လား ဘာအတွက်ထိုးမှန်းမသိတဲ့ ဆေးကလဲ အမျိူးသမီးတွေအတွက် သားအိမ် ခေါင်းကင်ဆာဖြစ်စေနိုင်တယ်လို့ ဖတ်ဖူးတယ်။ အသီးအနှံတွေဆိုလဲ ဓာက်မြေသြဇာတွေနဲ့ စိုက်ဓာ တုဆေးတွေဖြန်းနဲ့ အာဟာရဓါက်တွေရမယ့်အစား ကျန်းမာရေးတောင်ထိခိုက်နိုင်ပါတယ်။ အခု ခေတ်စားနေတဲ့ ယိုးဒယားကင်ဆိုတာတွေကလဲ ဘာသားတွေနဲ့ လုပ်မှန်းမသိပဲ စားနေရတာ ကင်ဆာ လဲ ဖြစ်စေနိုင်သေးတယ်။ တနေ့က ငှက်ပျောသီးဝယ်လာတယ်။ နောက်ရက်ကျတော့ မဲသွားပြီ။ ခွာ ကြည့်တော့ မမှည့်သေးဘူး။ ပြောရရင်တော့နေ့စဉ်စားသောက်နေရတဲ့အစားအစာတွေဟာ လုံခြုံ စိတ်ချမှုမရှိတာတော့အမှန်ပဲ။ အော်ဂဲနစ်သီးနှံတွေဆိုတာလည်း တွင်တွင်ကျယ်ကျယ်မလုပ်နိုင်ကြ သေးဘူး။ လက်ရှိရောင်းနေတဲ့ အော်ဂဲနစ်သီးနှံတွေရဲ့ ဈေးနှုန်းကအခြေခံလူတန်းစားတွေအတွက် ခဲယဉ်းနေပါသေးတယ်။ ဒါတွေကိုတားဆီးနိုင်ဖို့ ကာကွယ်ဖို့အရေးတကြီးလိုအပ်နေပါပြီ။
%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%b9%e1%80%99%e1%80%af%e1%80%ad%e1%80%b8%e1%80%a5%e1%80%ae%e1%80%b8-%e1%80%b1%e1%80%99%e1%80%ac%e1%80%b9%e1%80%9c%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%80%84
မောင်ကျော်မိုးဦး
ပေါင်မြို့

ငှက်ပျောသီးကိုဆေးတို့တယ်။ အပင်ကနေအစိမ်းကြီးကို ဆေးတို့လို့ မှည့်တဲ့အသီးက သိသာ တယ်။ စားတဲ့အခါ ပေါ့ပျက်ပျက်ကြီး။ ဖရဲသီးကိုဆေးထိုးတယ် နီတော့နီတယ်။ အရသာကွာတယ်။ သရက်သီးကိုလည်းဆေးတို့ပြီးမှည့်အောင် လုပ်နေကြတယ်။ ရာသီပေါ်မဟုတ်တဲ့ သီးနှံအားလုံး က ဆေးထိုးဆေးတို့တာချည်းပဲ။ တရုတ်ကလာတဲ့ မုန့်သူတို့အခေါ်ကတော့ လေဖောင်းမုန့်ပေါ့။ ပြောင်း ဖူးမုန့်လည်းပါတယ်။ စားနေရင်းနဲ့မီးနဲ့နီးရင်မီးလောင်တယ်။ ဘာထည့်ထားလဲတော့မသိဘူး။ ကလေး တွေကတော့ဝယ်စားနေကြတာပါပဲ။ CP ကြက်သားကလည်း ၄၅ရက်နဲ့ပေးကြီးထားတာဆိုတော့ ယိုးဒယားမှာတော့ လူတွေသိပ်မစားဘူး။ ဒီမှာတော့စားကြတယ်။ ဟိုမုန်းနဲ့ပတ်သက်တဲ့အစာတွေနဲ့ ကြီးနေတဲ့ကြဆိုတော့ လူတွေကြာရင်ပန်းသေရောဂါဖြစ်နိုင်တယ်လို့ကြားဖူးတယ်။ ဆိုးဆေးသုံးထား တဲ့စားစရာတွေလည်းအများကြီးပဲ။ အသားချောင်းတွေဆိုရင်လည်း”ကမ်မီကယ် “ပါတယ်။ အသားတွေကိုမပုပ်သိုးအောင် ဓာတုပစ္စည်းတွေနဲ့ လိမ်းကျံတာတွေ့ရတယ်။ ရေထိုးတဲ့အသားငါးတွေက ရေခဲသေတ္တာထဲမှာတောင်ထားလို့မရဘူး။ အူတဲ့အနံ့တွေထွက်လာတယ်။ ရှောင်နိုင်ဖို့ဆိုတာ စားသူံးသူတွေဗဟုသုတရှိမှရမယ်။ မသိရင်စားမိနေမယ်။ ကင်ဆာရောဂါတွေပေါလာနိုင်တယ်။ အစား အသောက်နဲ့ပတ်သက်ပြီး အန္တရာယ်ဖြစ်နိုင်တဲ့ဟာတွေကိုသိနေရတော့စိတ်ထဲကလည်း မလုံခြုံသလိုပဲ။
%e1%80%81%e1%80%84%e1%80%b9%e1%80%b1%e1%80%9c%e1%80%b8%e1%82%8f%e1%80%bc%e1%80%9a%e1%80%b9-%e1%80%9e%e1%80%b6%e1%80%bb%e1%80%96%e1%80%b4%e1%80%87%e1%80%9b%e1%80%95%e1%80%b9
မခင်လေးနွယ်
သံဖြူဇရပ်မြို့

နေ့စဉ်ချက်ပြုတ်စားသောက်နေတဲ့ အစားသောက်တွေဟာတစ်ခုမှစိတ်မချရဘူး။ သဘာဝမဟုတ်တဲ့ အစီမံတွေနဲ့ပြုလုပ်ရောင်းချနေကြတော့ စားသုံးသူတွေ ဘယ်မှာစိတ်ချရမှာလဲ။ အသီးတွေမကြီးကြီးအောင် မမှည့်မှည့်အောင် တာရှည်ထားလို့မရတဲ့အစားသောက်တွေ တာရှည်ထားလို့ရအောင် ဓါတ်မြေသြဇာတွေ အမျိုးမျိုးသုံးပြီး စီမံစိုက်ပျိုးထုတ်လုပ်ရောင်းချနေကြတော့ အဲ့ဒါကိုစားတဲ့ လူတွေကစားနေကြတော့ ဓာတုဆေး တွေနဲ့ မလိုလားအပ်တဲ့ အန္တရယ်တွေ လူရဲ့ခန္ဓာကိုယ်ထဲပျံ့နံ့နေကြရတယ်။ ဒါကြောင့် ဟိုတုန်းကမကြားဖူးတဲ့ ရောဂါတွေ ကြားရတယ်ဖြစ်ရတယ်။ ခံစားကြရတယ်။ အသက်တွေတိုကြရတယ်။ နေထိုင်မှုစနစ် အစားသောက် တွေက စပြုပြင် ဖန်တီးတာတွေကိုပဲ လူတွေက ခုံမင်လာကြတယ်။ ဖြစ်သလို စားသောက်လာကြတယ်။ ဗိုက် ပြည့်ရင်ပြီးရော ကျွန်မတို့ ဈေးသည်တွေက အချိန်ပေးပြီးမစားသောက်နေဘူး။ လွယ်သလိုကြုံသလိုဖြစ်သလို စားသောက်နေကြတာပဲ။ ပြုလုပ်ရောင်းချစားသုံးသင့်မသင့်။ ဓါတုဆိုးဆေးပါမပါ။ စဉ်းစားဝေဖန်သုံးသပ်ပြီး သမုဒ္ဒရာဝမ်းတစ်ထွာအတွက် အပူပင်ကင်းကင်းနဲ့ နေထိုင်စားသောက်သွားနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ လို့ပြောချင်ပါတယ်။

%e1%80%b1%e1%80%92%e1%81%9a%e1%80%b1%e1%80%a1%e1%80%b8%e1%81%80%e1%80%84%e1%80%b9%e1%80%b8-%e1%80%9e%e1%80%b6%e1%80%bb%e1%80%96%e1%80%b4%e1%80%87%e1%80%9b%e1%80%95%e1%80%b9
ဒေါ်အေးဝင်း
သံဖြူဇရပ်မြို့

နေ့စဉ်စားသောက်နေတဲ့ အစားသောက်တွေက စိတ်ချရပါသလားလို့မေးရင် ဘာတစ်ခုမှ အစား သောက်တွေဟာ သန့်ရှင်းပြီး လူတွေဥပါဒ်နဲ့ကင်းတာမရှိတော့ဘူး။ ကိုယ့်ငွေနဲ့ကိုယ်ရောဂါဖြစ်အောင် ဝယ်စား နေကြတာတွေ ကြီးပဲ။ အစားအသောက်ဆိုတဲ့အတိုင်း အစားလဲမကင်းဘူး။ အသောက်လဲမကင်းဘူး။ သဘာဝ ဆိုတာတွေမရှိသလောက်ရှားသွားပြီ။ ဒါကြောင့် အခုလူတွေဟာ ရောဂါဘယထူးပြောပြီး အသက်တိုကြတယ်။ ဒီနေ့ထမင်းဟာနောက်နေ့စားလို့မရတော့ဘူး။ ဒီနေ့ဟင်းဟာ နောက်နေ့ဆိုသိုးကုန်ပြီ။ အရာအားလုံးဟာ ပြုပြင် ဖန်တီထားတာတွေများကုန်ပြီဆိုတော့ ဘယ်ကလာစိတ်ချရတော့မှာလဲ။ ကျွန်မတို့ ငယ်ငယ်တုန်းက ဟင်းသီး ဟင်းရွက်ဆိုတာ ဘယ်နှစ်ရက်ထားထား ပုတ်သိုးသွားတာမရှိဘူး။ ညှိှုးခြောက်သွားတာပဲရှိတယ်။ သဘာဝ အတိုင်းနဲ့ သဘာဝမြေသြဇာကိုပဲသုံးပြီးစားကြတယ်။ အခုကခေတ်နဲ့အမှီလိုက်ပြီး စားသောက်ကုန်တွေကို ဓာတ် မြေသြဇာနဲ့ထိုးဆေး ဆိုးဆေး ပွဆေး ဆေးအမျိုးမျိုးသုံးကြပြီး ပြုလုပ်စီမံစားသောက်နေကြတော့ ဘယ် မှာလာပြီး စိတ်ချရပါ့မလဲ။ ဒါကြောင့်ဘယ်အစားသောက်မှမကင်းဘူးပြောချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.