ဆိုင်ကယ်အိတ်ဇောဖြုတ်မောင်းနှင်ခြင်းအပေါ် ဘယ်လိုအရေးယူသင့်လဲ

0
12576
မွန်ပြည်နယ်ရှိ လမ်းတိုင်းတွင် တစ်ဝူးဝူးလုပ်နေသည့် ဆိုင်ကယ်များကို တစ်နည်းမဟုတ်တစ်နည်းတွေ့ ရမည်သာဖြစ်သည်။ ပုံမှန်ရှိနေသည့် ဆိုင်ကယ်များကို ပုံစံအမျိုးမျိုးပြောင်းလဲပြုပြင်ပြီး စီးနင်းကြသလို ဆိုင် ကယ်မီးခိုးငွေ့ထွက်ရာ အိတ်ဇောကိုဖြုတ်ပြီး ကျယ်လောင်သော ဆူညံသံပြုလုပ်ကာ စီးနင်းမှုများလ<!--more-->

ည်းရှိနေ သည်။ နှစ်စဉ်အလိုက် ဆိုင်ကယ်မတော်တဆမှုကြောင့် ကွယ်လွန်သူမှာလည်း တစ်နှစ်လျှင် တစ်ထောင်ကျော် မျှရှိနေသည်။ ဆိုင်ကယ်အိတ်ဇောဖြုတ်မောင်းနှင်မှုကြောင့် ပတ်ဝန်းကျင်ရှိ ပြည်သူများအပေါ်အနှောင့်အယှက် ဖြစ်နေသည်များလည်းရှိနေသဖြင့် ဒေသအသီးသီးမှ ပြည်သူများ၏ ဆိုင်ကယ်အိတ်ဇောဖြုတ်မောင်းနှင်ခြင်း အပေါ် မည်သို့အရေးယူသင့်ကြောင်း အမြင်များကို စုစည်းဖော်ပြလိုက်ရပါသည်။

ဦးစိုးနိုင် (လေ(ငြိမ်း) ရေးမြို့
ဦးစိုးနိုင် (လေ(ငြိမ်း) ရေးမြို့

ရေးမှာဆို ဆိုင်ကယ်အိတ်ဇောဖြုတ်ပြီးတော့ မောင်းနှင်တာတွေများလာနေတယ်။ ဖမ်းဆီးအရေးယူတာတွေ မတွေ့ရဘူး။ ပတ်ဝန်းကျင်ပြည်သူလူထု အနှောင့်အယှက်၊ အထိတ်တလန့်ဖြစ်နေရတယ်။ သက်ဆိုင်ရာက ရှောင်တခင်ဖမ်းဆီးအရေးယူပေးဖို့လိုအပ်တယ်။ နောက်ပြီးတော့ ထင်သာမြင်သာရှိတဲ့ အရေးယူမှုမျိုးကို စံနမူနာပြအနေနဲ့ လုပ်ပေးစေချင်ပါတယ်။ ခုက ဖမ်းဆီးမှုမရှိတော့ ဗြောင်ကျကျစီးလာနေကြပြီ။

ဦးဌေးမင်း၊ ပြည်သူ့စစ်ခေါင်းဆောင်  ဇင်းကျိုက်မြို့၊ ပေါင်မြိုနယ်
ဦးဌေးမင်း၊ ပြည်သူ့စစ်ခေါင်းဆောင်
ဇင်းကျိုက်မြို့၊ ပေါင်မြိုနယ်

လူငယ်တွေအသိလွဲနေတယ်လို့မြင်တယ်။ ကိုယ့်ကြောင့် သူတပါးစိတ်အနှောင့်အယှက်ဖြစ်ကြတာကို ဂုဏ်ယူနေကြတာလားလို့ မေးချင်ပါတယ်။ အသံဆိုတာ သာယာသံနဲ့ဆူညံသံဆိုပြီး ရှိတယ်။ အသံကြောင့်နားဆူညံမှု ဖြစ်ပြီး စိတ်ထဲကဒေါပွသလိုခံစားရတယ်။ ရဲတွေက ဖမ်းတာလည်းရှိတယ်။ မသိချင်ယောင်ဆောင်နေတာလည်း ရှိတယ်။ အရေးယူတရားစွဲတဲ့အဆင့်လုပ်သင့်နေတဲ့အခြေအနေပဲ ပညာပေးစံပြအနေနဲ့လုပ်သင့်နေပြီ။

အိပ်ဇော ဖြုတ်စီးတဲ့အသံကသာယာလားဆူညံလား။ စဉ်းစားကြည့်ပေါ့။ ညဘက်လူတွေအိပ်လို့မရအောင်အုပ်စုလိုက်မောင်းနေကြတာ လမ်းမဘေးအိမ်တွေကပိုခံစားနေကြရတယ်။ လူငယ်တွေကိုပြောချင်တာ က ဆိုင်ကယ်ကို လိုရာခရီးရောက်ဖို့ပဲအသုံးပြုစေချင်တယ်။ အလွဲတွေ မလုပ်ကြဖို့တိုက်တွန်းချင်ပါတယ်။ ရဲတွေကို တိုက်တွန်းချင်တာကဖမ်းပါ။ တရားစွဲပါ။ နောက်မလုပ်ရဲအောင် ပညာပေးလုပ်ပေးပါ။

ဦးအောင်ဘ၊ နာရေးကူးညီမူအသင်းဥက္ကဌ ဝယ်သွန်ချောင်ကျေးရွာ၊ သံဖြူဇရပ်မြို့
ဦးအောင်ဘ၊ နာရေးကူးညီမူအသင်းဥက္ကဌ
ဝယ်သွန်ချောင်ကျေးရွာ၊ သံဖြူဇရပ်မြို့

နားငြီးတယ်။ လမ်းကမကောင်းတာနဲ့ ကိုယ်အိမ်ကလဲ လမ်းဆုံလမ်ခွကျတာနဲ့ ဆူညံနေတာပဲ။ သက်သက်ကို အသံမကျယ်ကျယ်အောင်လုပ်ပြီး မောင်းနေတာ။ ဆူညံတဲ့ အသံတွေတိတ်စေချင်တယ်။ မလိုအပ်ဘဲနဲ့ အသံ တွေတဝေါဝေါနဲ့မမောင်းစေချင်ဘူး။ ဒါကိုတာဝန်ရှိတဲ့ လူတွေထိန်းသိမ်းပေးဖို့ဖြစ်စေချင်တယ်။

ဒေါမဒေ့ (သံဖြူဇရပ်)
ဒေါမဒေ့ (သံဖြူဇရပ်)

အိမ်မှာအသက်ကြီးတဲ့ (၈၀) ကျော် အဖွားတယောက်ရှိတယ်။ ရပ်ကွက်ထဲမှာ ဆူညံပြီး မောင်းနေတာ တစီးနှစ်စီးရှိတယ်။ ရင်တွေတုန်ပြိး အဖွားကိုထိန်းထားရတယ်။ အချိန်ခါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အဲဒီလိုအသံတွေ မကြားချင်ဘူး။ ရပ်ကွက်ထဲမှာ ဆူညံနေတာပဲ။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် မကောင်းဘူူး။ နားလည်စေချင်တယ်။ ပြောပြန်ရင်လဲစကားများကြမယ်။ ပိုပြိးတော့တောင် အသံတွေကျယ် အောင် မောင်းကြဦးမယ်။ အသံကိုမကျယ်ကျယ်အောင်ကို လုပ်ပြီး မောင်းတာ။ အဲဒီလိုမျိုး အသံတွေမဖြစ် အောင် ဆူညံမူမရှိအောင် ထိန်းသိမ်းပေးစေချင်တယ်ပေါ့။ ကိုယ်ကမပြောရဲဘူး။ တာဝန်ရှိတဲ့ လူတွေ ထိန်းသိမ်းပေးစေချင်ပါတယ်။

ကိုအေးနိုင်၊ ဈေးရောင်း၊  ရေးမြို့
ကိုအေးနိုင်၊ ဈေးရောင်း၊
ရေးမြို့

ပထမအဆင့်အနေနဲ့ သူတို့ကို ပညာပေးကာလအဖြစ် သတ်မှတ်ပြီးတော့ ပညာပေးကာလပြီးဆုံး သွားတဲ့အခါ ထိရောက်ပြတ်သားစွာအရေးယူသင့်တယ်။ ဥပမာ – ကသာမြို့မှာဆိုလို့ရှိရင် အသံကျယ်လောင် စွာမောင်းနှင်တဲ့ ပြုပြင်ထားတဲ့အိတ်ဇောတွေကို ဖြုတ်သိမ်းပြီး အခမ်းအနားနဲ့ လူသိရှင်ကြား လမ်းကြိတ်စက် နဲ့ကြိတ်ပြီး ဖျက်ဆီးတာမျိုးနမူနာယူပြီးဆောင်ရွက်သင့်တယ်။

ဦးကျော်ဇေယျာဦး မြို့နယ်တည်ငြိမ်မှုပူးပေါင်းရေးအဖွဲ့ဝင်၊ မုဒုံမြို့
ဦးကျော်ဇေယျာဦး
မြို့နယ်တည်ငြိမ်မှုပူးပေါင်းရေးအဖွဲ့ဝင်၊ မုဒုံမြို့

ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူတာနှစ်မျိုးရှိတယ်။ ဥပဒေအရအရေးယူတာတစ်မျိုးရှိတယ်။ တာဝန်ရှိတဲ့ သူက ဖမ်းပြီးဒဏ်ငွေရိုက်ကာပြန်လွှတ်ပေးတာတစ်မျိုးရှိတယ်။ အိတ်ဇောဖြုတ်ပြီးမောင်းတယ်ဆိုကတည်းက ရည်ရွယ်ချက်ရှိပြီးသား ဒီအပေါ်မှာ ဆရာ၊မိဘနှင့် တာဝန်ရှိတဲ့သူတွေက မသိကျိုးနွံမပြုပဲ ထိန်းသိမ်းသင့်တယ်။ပြောဆိုသင့်တယ်။ တားသင့်တယ်။ ငယ်သူတွေရဲ့အတွေးအမြင်တွေက အမှားကိုအမှန်ထင်သွားမှာလည်း စိုးရိမ်စရာ။ အခုဆိုရင်ပွဲတော်ကာလတွေ စာမေးပွဲလဝက်ဖြေဆိုပြီးချိန်နဲ့အတန်းတင်စာမေးပွဲပြီးဆုံးချိန်တွေမှာကျောင်းသားလူငယ်အများအပြားအိတ်ဇောဖြုတ်ပြီးလည်းကောင်း၊ ပါဝါအိတ်ဇောတပ်ပြီးလည်းကောင်း၊ အုပ်စုဖွဲ့မောင်းနှင်မှုတွေကမြင်ရသူအတွက်အကျည်းတန်စေသလို၊နားရသူအတွက်နှာခေါင်းရှုပ်စရာဖြစ်စေတာတော့ အမှန် နောက်ပြီး ညကြီးအချိန်မတော် မြို့ပတ်ပြီးအသံအကျယ်ကြီးနှင့်မောင်းနှင်သွားလာလှည့်ပတ်ခြင်းတွေက အိပ်ရာဝင်၊ အိတ်မောကျနေကြသူအားလုံးအတွက် အထိတ်တလန့်ဖြစ်စေတယ်။ ပွင့်လင်းရာသီရောက်ပြီဆိုတော့ ပွဲလမ်းသဘင်တွေပေါလာတယ်။ အဲဒီမှာ လူငယ်တို့ သဘောသဘာဝအတိုင်း ဆိုင်ကယ်အိတ်ဇော ဖြုတ်မောင်းနှင်သွားလာမှုတွေ ပိုပိုလာတယ်။ ဒါကိုထိရောက်စွာအရေးယူမှုတွေပြုလုပ်ပါမှသင့်တော်မယ်လို့ဘဲပြောချင်ပါတယ်။

ဒေါက်တာမင်းကျော်မြင့် ကမာဝက်မြို့
ဒေါက်တာမင်းကျော်မြင့်
ကမာဝက်မြို့

ဆိုင်ကယ်အိတ်ဇောဖြုတ်မောင်းတာတွေရော။ ပါဝါအိတ်ဇောတပ်ပြီး မောင်းသရော၊ ဆူညံသံများ နား မှာလာပြီးတော့ သာယာလာမှာမဟုတ်ဘူး။ ပတ်ဝန်းကျင်ကို စိတ်အနှောက်အယှက်ဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိလုပ်တဲ့အတွက် အရေးယူရင်တော့ကောင်းတာပေါ့။ ထိထိရောက်ရောက်နဲ့ဥပဒေပြဌာန်းချက်များအတိုင်း တိတိကျကျလုပ်ဖို့က တစ်ဖက်ကတာဝန်၊ နားလည်ပေးမှုတွေက လိုက်လျောသလို လူငယ်တွေကြားအတွေးဝင်သွားရင်တော့ အပ်နဲ့ထွင်ရမဲ့အစား ပေါက်ဆိန်သုံးရတဲ့အဆင့်ထိရောက်သွားမှာကိုတော့မဖြစ်စေချင်ပါဘူး။

ဦးနိူင်လင်း၊ တပ်မတော်(ငြိမ်း) ဘိန်းဗျောကျေးရွာ၊ ကျိူက်မရောမြို့
ဦးနိူင်လင်း၊ တပ်မတော်(ငြိမ်း)
ဘိန်းဗျောကျေးရွာ၊ ကျိူက်မရောမြို့

ဆိုင်ကယ်အိတ်ဇောဖြုတ်မောင်းတာတွေကို ထိထိရောက်ရောက်အရေးယူသင့်ပါတယ်။ ည (၁၁)နာရီ၊ (၁၂)နာရီလောက်ဆို အဆိုးဆုံးပဲ၊ တနေကုန်အလုပ်လုပ်ပင်ပန်းပြီး အနားယူတဲ့အချိန်မှာ အလန့်တကြား ဖြစ် စေတယ်။ စိတ်အနှောင့်အယှက် အရမ်းဖြစ်ရတယ်။ ကျွန်တော်တို့မြို့မှာတော့ လက်ကမ်းစာစောင်တွေ ဝေတယ်။ ကားနဲ့လှည့်ကြေငြာတာတော့တွေ့တယ်။ ဒါပေမယ့် လိုက်နာမှုမရှိတာများတယ်။ စစ်ဆေးတာက နေ့ဘက်တွေများတယ်။ ညဘက်ပါစောင့်ပြီးစစ်ဆေးအရေးယူသင့်ပါတယ်။

ဦးကျော်အောင်၊ အုပ်ချုပ်ရေးမှုး  ကဒုံစီးရပ်ကွက်၊ ပေါင်မြို့
ဦးကျော်အောင်၊ အုပ်ချုပ်ရေးမှုး
ကဒုံစီးရပ်ကွက်၊ ပေါင်မြို့

သူတို့က အုပ်စုလိုက်ညဘက်သွားလာကြတာဆိုတော့ လူကြီးတွေ သက်ကြီးရွယ်အိုတွေ အနှောက်အယှက်ဖြစ်စေတယ်။ အရေးယူမှု အရင်မလုပ်ပဲပညာပေးဆွေးနွေးသင့်တယ်။ အဲ့နောက်ပိုင်း ကျုးလွန်သူတွေကိုတော့ ထိရောက်တဲ့ဒဏ်ကြေး ရိုက်ဖို့လိုပါတယ်။ လူငယ်တွေကပဲကျုးလွန်ကြတာပါ။ ယာဉ်စည်းကမ်းနဲ့ပတ်သက်တဲ့ဟောပြောပွဲတွေမှာ လူငယ်တွေကိုပဲ တက်စေချင်တယ်။ အုပ်ချုပ်ရေးမှုးတာဝန်ယူထားသူဆိုတော့ ကိုယ့်ရပ်ကွက်က လူငယ်တွေကျုးလွန်မှုတွေကိုတော့ ရုံးမှာခံဝန်ခေါ်ထိုးခိုင်းတာရှိပါတယ်။ လိုက်နာမယ်တော့ထင်တယ်။ ဒါပေမဲ့နောက်လူတွေက ပြန်ကျုးလွန်တာလည်းရှိနေအုံးမယ်ထင်တယ်။

အိတ်ဇောဖြုတ်ထားတာတို့ ပါဝါအိပ်ဇောတပ်ထားတာတို့က ပတ်ဝန်းကျင်ကို အရမ်းအနှောင့်အယှက် ပေးပါတယ်။ လန့်ပြီး စက်ဘီးစီးသူတွေလဲကျတာတောင် မြင်ဖူးတယ်။ နေ့ကော ညပါစစ်ဆေးပြီး ဖမ်းမိသူတွေ ကို ချက်ခြင်းအိပ်ဇောလဲခိုင်းတာတို့ ဆိုင်ကယ်တွေကို ခေတ္တထိန်းသိမ်းတာတို့ လုပ်ရင် နောင်ကျဉ်သွားမယ်လို့ ယူဆပါတယ်။ ခဏစစ်ဆေးလိုက်အကြာကြီးပြန်ပစ်ထားလိုက်လုပ်နေရင်တော့ထိရောက်လိမ့်မယ်မထင်ဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.