ပြုတ်ကြော်လုပ်ထားသော ကြက်သားကို အမျှင်များဖြစ်အောင်နွှာထားပါ။ ကြက် သွန်နီကို ပါးပါးလှီးပါ။ ငရုပ်သီးစိမ်းကိုလည်း လှီးပါ။ ကြက်သားမျှင်၊ ကြက်သွန်နီ။ ငရုပ်စိမ်းဆားအနည်းဖြူးပြီး သံပုရာသီးအရည်ညှစ်၍ အားလုံးရောနယ်ပါ။ အပေါ့အငန် မြည်းပြီး သုံးဆောင်လို့ရပါပြီ။ ထိုကြက်သားမွန်သုပ်ကို ငါးမီးဖုတ်နှင့်
ချက်ထားသော ပေါက်ပန်းဖြူရွက်၊ ဟင်းချိုနှင့် အလွန်လိုက်ဖက်ပြီး နံလန်ထလူနာအတွက် ထမင်းမြိန် စေသောဟင်းပင် ဖြစ်သည်။
ပါဝင်သောပစ္စည်းများ။
၁။ ကြက်သားပြုတ်ကြော်။
၂။ ကြက်သွန်နီ။
၃။ ငရုပ်စိမ်း။
၄။ သံပုရာသီးတို့ ဖြစ်ပါသည်။