ပြည်နယ်အစိုးရအပေါ် ဘယ်လောက်မျှော်လင့်ချက်ထားလဲ

0
22309

(အစိုးရသစ်တက်လာပြီး နိုင်ငံကိုတာဝန်ယူသည်မှာ ယခုလဆိုလျှင် ငါးလတာရှိပြီဖြစ်ပါသည်။ ပြည်ထောင်စုအဆင့်အစိုးရအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ ချောမွေ့စွာဆောင်ရွက်နေသော်လည်း ပြည်နယ်အစိုးရအဖွဲ့အပေါ် ပြည်သူတို့၏ အားမလိုအားမရမှုများဆက်တိုက်ကြားလာနေရသည်။ ထို့အတွက်ကြောင့် သံလွင်တိုင်းမ်ဂျာ

နယ်မှ မွန်ပြည်နယ်အတွင်းရှိ ပြည်သူအချို့ကို မေးမြန်းပြီး ယင်းတို့၏ ပြည်နယ်အစိုးရအပေါ်ထားသည့် မျှော်လင့်ချက်များကို စုစည်းဖော်ပြလိုက်ရပါသည်)
ဒေါ်သင်းသင်းနွယ် (အထက်တန်းပြဆရာမ)
အထကကော့ခမယ်(မော်လမြိုင်)
daw-thin-thin-nwe

ပြောင်းလဲချိန်တန်ပြီ ဆိုပြီးတော့ အခုထိတော့ ဘာမှ မပြောင်းလဲသေးဘူးပေါ့နော်။ ပညာရေးဘက် မှာလည်း တိုးတက်ပြောင်းလဲအောင် မွန်ပြည်နယ်အစိုးရအနေနဲ့ထိထိရောက်ရောက် လုပ်စေချင် တယ်။ တခြားလူမှုရေးအဖွဲ့အစည်းတွေလည်းတူတူပါပဲ။
မမေဖြိုးဦး (မူလတန်းပြဆရာမ)
သထုံမြို့နယ်၊ ကော့လှိုင်ကျောင်း
may-phyo-oo

အခုအစိုးရက လစာတိုးပေးဖို့ပြောတယ်။ မွန်ပြည်နယ် အစိုးရအနေနဲ့ လစာတိုးပေးတာထက် မွန်ပြည်နယ်မှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ဆရာ/ဆရာမ အင်အားလုံလုံလောက်လောက် ချပေးစေချင်ပါတယ်။ ဆရာ မလုံလောက်မှုတွေ ရှိနေပါသေးတယ်။
ဦးအောင်နိုင်ဝင်း (အတွင်းရေးမှူး၊ ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့)
u-aung-naing-win

ပြည်နယ်အစိုးရအပေါ်မှာ လက်ရှိလုပ်ဆောင်ချက်တွေအရ ဘာမှကို အထူးအထွေ မျှော်လင့် မထားဘူး။ ပြည်ထောင်စုအစိုးရရဲ့မူအရ အချို့အပြောင်းအလဲတွေကြောင့်သာ မျှော်လင့်ချက် အနည်းငယ်ထားနေမိတယ်။ ပြောရရင် ပြည်နယ်အစိုးရဲ့လုပ်ဆောင်မှုတွေမှာ ပြည်သူတစ်ယောက် အနေနဲ့ ကျေနပ်ဖွယ်ရာမတွေ့ရသေးဘူးလို့ ပြောရမှပဲ။ ကြည့်ရတာ ပြည်နယ်အစိုးရအဖွဲ့ဟာ စုစုစည်းစည်းနဲ့ ပူးပေါင်းလုပ်ဆောင်တာမျိုးမရှိဘူးလို့ထင်တယ်။ ဒါ့ကြောင့် အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေမှာ အောင်မြင်မှုနည်းလာနိုင်တယ်။ ဒီ့အတွက် ကျွန်တော့်အနေနဲ့တော့ ထွေထွေ ထူးထူး မမျှော်လင့်ဘူး။ ကျွန်တော်ဖြစ်စေချင်တာကတော့ လက်ရှိထက် ပိုမိုပြီး စွမ်းဆောင်ရည်မြင့်တဲ့ စည်းစည်းလုံးလုံးဆောင်ရွက်နိုင်မယ့် အစိုးရအဖွဲ့တစ်ဖွဲ့ မျှော်လင့်မိတယ်။
မသီရိဦး (အံဒင်လူငယ်အဖွဲ့)
mi-thiri-oo

ပြည်နယ်အစိုးရဘက်က ကျောက်မီးသွေးနဲ့ပတ်သက်ပြီးတော့ သတင်းတွေတက်လာတယ်။ အဲဒီသတင်းကိုဖတ်ပြီးတော့ ကျွန်မတို့သေချာတော့ စဉ်းစားမိတယ်၊ ကျွန်မတို့ ဒေသခံတွေအနေနဲ့ အဲဒါနဲ့ပတ်သက်ပြီးတော့ ဆန္ဒတွေဖော်ထုတ်ခဲ့တယ်။ ထုတ်ဖော်တဲ့နေရာမှာ သူတို့က အပေါ်ပိုင်းမှ ဆုံးဖြတ်ပေးရမယ့်လူတွေ၊ ခု ဒီလိုပြောတဲ့အတွက်ကြောင့် ကျွန်မတို့ဒေသခံအနေနဲ့ ယုံကြည်မှုမရှိဘူး၊ အရင်ကတည်းက မယုံကြည်ခဲ့ပါဘူး။ ၂ နှစ်ကျော် ကျွန်မတို့အနေနဲ့ ကျေက်မီးသွေးကို ဆန့်ကျင်လာ တဲ့နေရာမှ ကူညီခဲ့တာမရှိဘူး၊ အခုလဲ ဒီလို ကျောက်မီးသွေးနဲ့ပတ်သက်ပြီးတော့ စကားသံတွေ ထွက်လာတော့ ပိုပြီး မယုံကြည်တော့ဘူး။ ပြီးတော့ ကျောက်မီးသွေးဆန့်ကျင်မှုနဲ့ဖြတ်သန်း
လာတဲ့နေရာမှာ ကျောက်မီးသွေးရဲ့ ဆိုးကျိုးတွေကို လူအတော်များများသိလာတယ်၊ ခု ပြည်နယ် လျှပ်စစ်ဝန်ကြီးပြောပုံအရ လျှပ်စစ်မီးလိုအပ်တဲ့နေရာမှာ ကျောက်မီးသွေးမဟုတ်ပဲ တစ်ခြား နည်းလမ်းလုပ်လု့ိရတယ်။ သူဒီလိုပြောလာကတည်းက ယုံကြည်မှုကို သူ့အပေါ် ဘယ်လိုမှ မရှိနိုင်တော့ဘူး။
ဦးမောင်သိန်း (လယ်ပိုင်ရှင်)
သဲကုန်းကျေးရွာ ပေါင်မြို့နယ်
u-maung-thein

အစိုးရသစ်လက်ထက်မှာအပြောင်းလဲတွေအများကြီးမျှော်လင့်ခဲ့ပေမဲ့။ အရင်အစိုးရလိုပဲ ကားတန်းကြီးတွေနဲ့လုံခြုံရေးအပြည့်နဲ့လိုက်သွားနေတာပဲမြင်တယ်။ ပြည်သူနဲ့တစ်သားထဲ နေကြည့်ပြီးပြည်သူတွေရဲ့ဘဝပကတိအခြေအနေမှန်ကိုသိအောင်လုပ်ကြစေချင်တယ်။ ဒီအတိုင်းသွားလာနေလို့ အမှန်တရားကိုသူတို့မသိနိုင်ဘူး။ ကျွန်တော်တို့က ကျေးရွာအစွန်အဖျား မှာနေတာပါ။ ဒေသဖွံဖြိုးရေးအတွက်ချပေးတဲ့ဘတ်ဂျက်ငွေတွေကို လမ်းတွေလုပ်တဲ့အခါ ဆေးရုံတွေဆောက်တဲ့ကိစ္စတွေမှာစံချိန်စံညွှန်းမမှီဘူး။ ဆေးရုံဆို အပ်တောင်မအပ်ရသေးဘူး။ အခန်းတွေမှာအခင်းတွေပျက်နေပြီ။ လမ်းတွေကလည်း အရည်အသွေးမမီဘူး။ အဲ့ဒီလိုကြောင့် တင်ဒါသမားတွေကိုချပေးတော့မယ်ဆိုရင် စိစစ်ကြပ်မတ်တဲ့စစ်ဆေးမှုလုပ်တဲ့စနစ်ကို ပြန်သုံးသပ်သင့်ပြီ။ နောက်ပြီးဘတ်ဂျက်ငွေတွေချပေးတယ်။ အကောင်အထည်ဖေါ်လုပ်တယ်။ အကျိုးအပြစ်ကိုမလေ့လာကြဘူး။ မနှစ်က ကျွန်တော်တို့ရွာက မရမ်းချောင်းကို သိန်း(၉၀၀)အကုန်ခံ ပြီးဘက်ဟိုးတွေနဲ့မြေတူးပေးတယ်။ ရေထိန်းတံခါးမရှိဘူး။ လုပ်ရမှန်းလည်းမသိတာလားပဲ။ အခုပင်လယ်ရေငံတွေတက်လာတော့နှုန်း တွေပြန်ပြည့်သွားပြီ ဒုံရင်းကဒုံရင်းပဲ။ ငွေသိန်း (၉၀၀)ရေထဲမျှောလိုက်သလိုပဲ။ အဲ့ဒီတော့အစိုးရကို ဝေဖန်အကြံပြုချင်တာက အောက်ခြေကို သိအောင်လုပ်ပါ၊ ပြည်သူဆီကိုအဆောင်အယောင် တွေမပါပဲဆင်းကြည့်ပါ။ အလုပ်လုပ်တဲ့အခါ အကျိုးအပြစ်နဲ့ သက်ရောက်နိုင်မှုကိုလေ့လာပါ။ အရည်အသွေးမီတဲ့လုပ်ငန်းကုမ္ပဏီတွေကိုပဲ တင်ဒါချပေးပြီး သူတို့လုပ်ငန်းဆောင်ရွက်မှုကိုလည်း စစ်ဆေးပေးပါလို့ ပြောချင်ပါတယ်။

ဦးစိုးတင် (အုပ်ချုပ်ရေးမှုး)
မုတ္တမကျေးရွာအုပ်စု၊ မုတ္တမမြို့
u-soe-thin

လက်ရှိအစိုးရက ပြည်သူနဲ့အလှမ်းဝေးနေသေးသလိုပဲ သူတို့လက်လှမ်းမမီတဲ့ နေရာတွေများနေ သေးတယ်။ အစွန်အဖျားဒေသတွေအထိအဆောင်အယောင်တွေမပါဘဲဆင်းကြည့်သင့်တယ်။
လိုအပ်ချက်တွေအများကြီးရှိနေပါသေးတယ်။ အောက်ခြေဝန်ထမ်းတွေကို ညွှန်ကြားမှုတွေလုပ်ပြီးရင် လိုက်နာ ဆောင်ရွက်မှုရှိမရှိ စိစစ်ကြပ်မတ်ဖို့လိုအပ်တယ်။ သိသိသာသာပြောင်းလဲအောင်လုပ်စေချင် တယ်။ ပြည်သူဘက်ကလိုအပ်ချက်တွေလည်းရှိနေသေးတာမို့ ပြည်သူကို အသိပညာပေးတဲ့ကိစ္စ တွေကိုလည်းလုပ်စေချင်ပါတယ်။ ဒီမိုကရေစီစံနှုန်းနဲ့ ညီတဲ့အစိုးရကိုမျှော်လင့်သလို ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ပြည်သူတွေအဖြစ်နဲ့လည်းမြင်တွေ့လိုပါတယ်။ ဝေးလံတဲ့ဒေသနေရာတွေက ပြည်သူ တွေရဲ့နေထိုင်စားသောက်လုပ်ကိုင်နေရတဲ့အခြေအနေကိုကိုယ်တိုင်သိနိုင်အောင် ကိုယ်တိုင်အနီးကပ် ဆင်းလေ့လာစေချင်တယ်။
ဒေါ်မီမီလှိုငိချို (ဈေးဆိုင်ရောင်း)
ကျွဲခြံကျေးရွာ၊ ပေါင်မြို့နယ်
mi-me2-hlaing-cho

ပြောင်းလဲချိန်တန်ပြီလို့ကြွေးကြော်ပြီးတက်လာတဲ့အစိုးရ ကဘာမှပြောင်းလဲတာမတွေ့ရသေးဘူး။
ပြည်သူနဲ့အလှမ်းဝေးတဲ့အစိုးရဖြစ်နေသေးတယ်။ ပြည်သူဆီကအခွန်ကောက်ဖို့ကိုပဲ မူဝါဒနဲ့ လုပ်နေကြသလိုပဲ။ ကားခွန်၊ ဖုန်းခွန်နဲ့ပတ်သက်ပြီးပြည်သူကပိုဝန်ပိလာတယ်။ ကုန်ဈေးနှုန်း ပိုကြီးလာနေတယ်။ ဝန်ထမ်းပိုင်းကိုကိုင်တွယ်ရာမှာလည်းအရင်အစိုးရလိုပဲ စစ်မယ်ဆေးမယ်ဆိုရင် ကြိုအသိပေးပြီးမှ အောက်ကလည်းFor Show တွေလုပ်ပြီးမှလာစစ်နေကြတော့ ပကတိ အောက် ခြေဝန်ထမ်းတွေ ဘာလုပ်နေတယ်ဘယ်လိုတွေဖြစ်ပျက်နေကြတယ်ဆိုတာမသိတော့ဘူး။ ဝန်ထမ်း တွေကလည်း အပေါ်ကညွှန်ကြားချက်ကိုပဲစောင့်နေကြတယ်။ ကိုယ့်ဌာနလုပ်ထုံးလုပ်နည်းအတိုင်း ရပ်တည်ပြီး မလုပ်ကြသေးဘူး။ တိုင်ကြားစာတွေကိစ္စက မှန်လို့တိုင်တာများပါတယ်။ မမှန်ကန်တာ
လည်း အနည်းအကျဉ်းရှိပါတယ်အရေးယူဆောင်ရွက်ချက်တွေမပြတ်သားသေးဘူး။ အောက်ခြေ ပြည်သူတွေမျက်နှာကိုကြည့်ပြီးတကယ်ပြောင်းလဲပေးနိုင်တဲ့အစိုးရဖြစ်စေချင်တယ်။ အဲ့လိုဖြစ်လာဖို့လည်းမျှော်လင့်နေဆဲပါ။
မအိသဉ္ဇာဇော် (အဝေးသင်ကျောင်းသူ)
ma-ei-thinzar-zaw

မုဒုံမြို့ လူတိုင်းတော့အစိုးရအပေါ်မှာ မျှော်လင့်ချက်တော့ရှိတာပဲ။ လူအများရဲ့မျှော်လင့်ချက်ကို အကောင် အထည်ဖော်ရမှာက အစိုးရတိုင်းရဲ့ အလုပ်ပဲလေ။ ကျွန်မကတော့ အခြေခံလူတန်းစားတွေရဲ့ အဓိက ပြသာနာတစ်ခုလိုရင်ဆိုင်နေရတဲ့စားသောက်ကုန်၊ ကုန်ဈေးနှုန်းထိန်းချုပ်ပေးနိင်ဖို့၊ ပညာရေးပြုပြင် ပြောင်းလဲမှုနှင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုတွေကို ထိထိရောက်ရောက် ပြောင်းလဲပေးနိုင်ဖို့ကို လည်းမျှော်လင့်ပါတယ်။
ဒေါ်အေးဝင်း (ရော်ဘာခြံလုပ်ငန်း)
အောင်ကုသိုလ်ရပ်သံဖြူဇရပ်မြို့။
daw-aye-win

ပြောင်းလဲချိန်တန်ပြီဆိုလို့ ပြောင်းလဲလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့မဲထည့်ခဲ့တယ်။ ဘာမှမပြောင်းလဲပဲ ဒုံဟောင်း ဒုံဟောင်းဘဲ ဘယ်လိုပဲလုပ်လုပ် ကိုယ်နဲ့ထိုက်တန်သလောက်ပဲရမယ်ဆိုတဲ့အသိတော့ရှိပါတယ်။ လူဆိုတာမျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာဆိုတော့မျှော်လင့်ကြည့်တာပေါ့။ သန်းခေါင်ထက်ညမနက် တော့ပါဘူး။
ဦးထွန်းကြည် (ပွင့်သဇင်ကော်ဖီဆိုင်)
လမ်းမတန်း၊ သံဖြူဇရပ်မြို့။
u-htun-kyi

မျှော်လင့်ချက်တော့ရှိတာပေါ့။ မျှော်လင့်ပြီးတော့လည်းမဲထည့်ခဲ့တာပဲ။ အပြောင်းလဲကိုလိုချင်ပေမဲ့လည်း မပြောင်းလဲလာတော့လည်းမမျှော်လင့်တော့ပါဘူး။ ကိုယ်နဲ့တန်တဲ့အစိုးရကိုရတယ်လို့ မှတ်လိုက်တော့မယ်။ လူတိုင်းကတော့ကောင်းအောင်လုပ်နေကြတာပါပဲ။ ဆင်းရဲချမ်းသာကွာခြားချက်ကတော့ပြောင်းလဲကိုမလာဘူး။
ဦးထွန်းထွန်း (ယက္ကန်းဒီဇိုင်းအတတ်ပညာရှင်)
မုဒုံမြို့
u-htun2

မွန်ပြည်နယ်အစိုးရအပေါ်မှာရော၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရအပေါ်မှာရော၊ အများကြီး မျှော်လင့် ချက်ထားတယ်၊ ဘာလို့လဲဆိုရင်လယ်ယာမြေကိစ္စရပ်တွေမှာ အများဆုံးတိုးတက်မှုတွေရှိလာမယ်လို့ မျှော်လင့်တယ်။ နောက်ပြီးမုဒုံယက္ကန်းတစ်ကျော့ပြန်ဌာနဆိုင်ရာဝတ်စုံတွေ ယက်လုပ်ခွင့်ရမယ် လို့လည်း မျှော်လင့်တယ်။ ပြည်သူတွေတင်တဲ့ ပြည်သူ့အစိုးရဆိုတော့ ပြည်သူတွေအတွက် အကျိုးဖြစ်စေတဲ့၊ အကျိုး ဖြစ်မယ့်ကိစ္စရပ်တွေကို ဦးစားပေးဆောင်ရွက်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။
ဦးအောင်ကိုဝင်းသန်း (ကုန်သည်)
ကျိူက်မရောမြို့
u-aung-ko-win-than

ကျွန်တော်တို့ပြည်နယ်ကိုငါးနှစ်အတွင်းအကောင်းဆုံးအနေအထားဖြစ်လာဖို့မျှော်လင့်တယ်။နေရာဒေသအနေအထားလဲကောင်းပြီးသားပဲ။ ပြည်နယ်အစိုးရအနေနဲ့လုပ်ပိုင်ခွင့်နည်းနေတယ် ဆိုတာလဲ လက်ခံတယ်။ အဖြစ်စေချင်ဆုံးက မူးယစ်ဆေးဝါးပပျောက်စေချင်တယ် ပြည်နယ်ဝန်ကြီးတွေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေပြည်နယ်ရေးရာကော်မတီဝင်တွေကိုသက်ဆိုင်ရာတာဝန်တွေဒီထက်ပိုပြီးလေ့လာစေချင်တယ်။ သုံးသပ်စေချင်တယ်။ ထိထိရောက်ရောက်လုပ်စေချင်တယ်။ ဌာန ဆိုင်ရာအကြောင်းတွေမသိဘူး။ ကိုယ်တာဝန်ယူထားတဲ့ဝန်ကြီးဌာနတွေအကြောင်းမသိဘူးဆိုရင် ဝန်ထမ်းလောကကိုနားလည်ဖို့ထိန်းချူပ်ဖို့မဖြစ်နိုင်ပါဘူး။ ဟိုတုန်းကမသိလဲခုတော့ သိထားဖို့လိုတယ် ပြည်နယ်အစိုးရသစ်ကိုအရည်အသွေးတွေအရည်အချင်းတွေလုပ်ကိုင်နိုင်စွမ်းတွေအကောင်းဆုံးဖြစ်လာစေဖို့မျှော်လင့်ထားပါတယ်။

ဒေါ်ခင်ကြည်သန်း (ဈေးရောင်း)
ကျိူက်မရောမြို့
daw-khin-kyi-than

အများကြီးမျှော်လင့်ခဲ့တာပေါ့။ အစိုးရသစ်တက်လာရင် ကျွန်မတို့လိုအပ်ချက်တွေ ပြောလို့ရမယ် ဖြည့်ဆည်းပေးလိမ့်မယ်ပေါ့။ ကျွန်မတို့ရှင်စောပုရပ်ကွက်မှာ ရေကန်ကြီးရှိတယ်ရေကန်ဘေးမြေကွက် မှာ Telenor ဖုန်းတိုင်လာထူတယ်။ ရေကန်ထဲမှာနှုန်းတွေများနေတယ်။ ရေကန်ပြင်ပေးမယ်။ ကန်ပတ်လမ်းပျက်နေတယ်ဦးစားပေးအနေနဲ့လမ်းပြင်ပေးမယ်ပေါ့။ ဒီလိုပြောလို့ ဖုန်းတိုင်ထူဖို့ လက်မှတ်ထိုးပေးလိုက်တယ်။ ခုထိဘာမှဖြစ်မလာဘူး။ ရေကန်နဲ့ပတ်သက်တဲ့အစည်းအဝေးမှာ လူထုကမေးတယ်။ ဖုန်းတိုင်ကရတဲ့တနှစ်စာ ငွေသိန်းသုံးဆယ်ကျော်ဘယ်နေရာမှာ သုံးလိုက်သလဲ။ ကျိူက်မရောမြို့နယ်ကိုယ်စားလှယ်က မမေးဖို့ပြောခဲ့တယ်။ နောက်လာမယ့်နှစ်မှ အဆင်ပြေအောင် လုပ်ပေးမယ်ပြောတယ်။ ကျွန်မှတို့လူထုကရွေးခဲ့တဲ့ကိုယ်စားလှယ်ကို အားကိုးပြီးမေးတာလေ။ ဒါကိုမမေးရဘူးဆိုတော့ ပွင့်လင်းမြင်သာမှုဆိုတာဘယ်မှာလဲကျွန်မတို့အနေနဲ့ကျေနပ်မှုမရှိခဲ့ပါဘူး။
လက်ရှိအချိန်ထိတော့မျှော်လင့်သလိုမဖြစ်လာသေးဘူးပဲပြောပါရစေ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.