မုဒုံကျောက်တလုံးတွင် ပြည်သူ့လွှတ်တော်မဲပုံးမှ မဲ(၅၀)ခန့် အမျိုးသားလွှတ်တော်မဲပုံးသို့ မှားယွင်းထည့်မိ

မုဒုံမြို့နယ် ကျောက်တလုံးကျေးရွာမဲရုံအမှတ်(၃)ဖြစ်သည့် ခမရ (၂၁၀)ကျောင်း မဲရုံတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်လက်မှတ်(၅၀)ခန့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ပုံးထဲသို့ မှားယွင်း ထည့်သည့်ကိစ္စနှင့် ပတ်သက်ပြီး မည်သို့ဆောင်ရွက်သွားမည်ကို မြို့နယ်စိစစ် ညှိနှိုင်းရေးကော်မတီနှင့် ပါတီကိုယ်စားလှယ်များမှ စုပေါင်းဆွေးနွေးသွားမည်ဟု သိရပြီး လတ်တလောတွင် အဆိုပါမဲပုံးကို လုံခြုံစွာ ချိတ်ပိတ်သိမ်းထားကြောင်း မြို့နယ်ကော်မရှင်ဥက္ကဌမှ သံလွင်တိုင်းမ် သတင်းဌာနသို့ ပြောကြားခဲ့သည်။
နံနက် (၁၀း၀၀)နာရီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.