“ဒီစကားတွေက စစ်တပ်ဘက်က အမြဲလိုလိုကြားနေရတဲ့ စကားတွေ ဖြစ်တာကြောင့် ကျွန်တော့်အတွက်တော့ ရိုးနေပြီ။ ဘာ ကြောင့်လဲဆိုတော့ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး ဖြစ်နေလို့ဖြစ်ပါတယ်။ တိုင်းပြည်အခြေအနေ ဆိုးဝါးအောင် ဆောင်ရွက်ခဲ့တာ စစ်တပ်က ဖြစ်ပါတယ်”

ကျောင်းသားတပ်မတော် (ABSDF) ၊ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင်နဲ့ ဆက်သွယ်မေးမြန်းချက်။ အာဏာသိမ်းစစ်အုပ်စုဟာ လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လက်အကောင်အထည်ဖော်ဖို့နဲ့ ပြည်သူတွေ လိုလားတဲ့ ထာဝရ ငြိမ်းချမ်ရေးရရှိဖို့ဆိုပြီး၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာလကုန်အထိ တစ်နှစ်တာ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ ဒါ့အပြင် စစ်ခေါင်းဆောင်ရဲ့ နှစ်သစ်ကူး…

စစ်တပ် CDM တွေအတွက် အမေရိကန် ဖွင့်ပေးတဲ့လမ်း ဘယ်လောက်ပေါက်မလဲ

မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၆ ထက်မနည်းသုံးစွဲပြီး အကူအညီပေးမယ့် အမေရိကန်အစိုးရ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုဥပဒေကို သမ္မတဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၂၉ ရက်မှာ ပူပူနွေးနွေး လက်မှတ်ထိုး အတည်ပြုပေးလိုက်ပါတယ်။ ဒီအထဲမှာ နွေဦးတော်လှန်ရေးအတွက် လက်နက်အကူအညီပေးမယ့် အစီအစဉ်တွေ မပါဝင်ဘူးဆိုသော်ငြားလည်း အမေရိကန်ရဲ့ အကူအညီဟာ အာဏာရှင်ပြုတ်ကျရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အပံ့ဖြစ်ပါလာပါလိမ့်မယ်။ ဒီငွေတွေနဲ့ လူသားချင်းစာနာထောက်ထားမှု၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ…

ဒီးမော့ဆို စစ်ရှောင်စခန်းလက်နက်ကြီး ကျလို့ အမျိုးသမီးတစ်ဦးသေဆုံး

ဒီးမော့ဆို – ဇန်နဝါရီ(၅) ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုကို ပြီးခဲ့တဲ့ စစ်ကောင်စီပစ်ခတ် လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၃) ရက်နေ့ ည(၇) နာရီဝန်းကျင်က ဒီးမော့ဆို အနောက်ခြမ်း ထွီးဆို (ထုံးကျောက်တောင်) စစ်ရှောင်စခန်းပေါ်ကို စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး (၂)…

စစ်ကားမိုင်းဆွဲခံရတာကို ခရီးသွားကားကို PDF တွေ တိုက်ခိုက်တာလို့ စစ်လော်ဘီတွေဝါဒဖြန့် (အမှန်/အမှား)

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော် လှန်ရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတုသတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့” ငဖဲမြို့နယ်ရှိ ခရီးသွားပြည်သူကားများအား အကြမ်းဖကိ PDF မိုင်းဆွဲပစ်ခတ်နေတဲ့ ရုပ်သံ” ဆိုတဲ့ ရုပ်သံဖိုင်ပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမှု ရပ်နားကြောင်း ချင်းမိုင်ကောင်စစ်ဝန်ရုံး ထုတ်ပြန်

ချင်းမိုင် – ဇန်နဝါရီ(၅) မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့ကိစ္စတွေကို ဒီနေ့ ဇန်နဝါရီလ(၅) ရက်နေ့ကစပြီး ခေတ္တရပ်နားထားမယ်လို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ရုံးက သတင်းထုတ်ပြန် ထားပါတယ်။ မူလရက်ချိန်းရရှိထားသူတွေကတော့ လက်မှတ်ရရှိနိုင်ဖို့အတွက် သက်ဆိုင်ရာ အချက်အလက်တွေ ကို ရယူထားဖို့ ရက်ချိန်းတွေအတိုင်းလာရောက်နိုင်တယ်လို့ ဆိုထားပါတယ်။ နိုင်ငံကူးလက်မှတ်တွေထုတ်ပေးဖို့ ဘယ်နေ့မှာ ပြန်လည်ဖွင့်လှစ်ပေးမယ်ဆိုတာ အတိအကျဖော်ပြထားတာမရှိဘဲ ထပ်မံ အသိပေးမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့…

ကိုဗစ်ကူးစက်ခံထားရပြီး ပျောက်ဆုံးနေတဲ့ တရုတ်ခရီးသွားတစ်ဦးကို တောင်ကိုရီးယားအာဏာပိုင်တွေ ရှာဖွေနေ

ဆိုးလ်၊ ဒီဇင်ဘာ(၅) ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိထားတဲ့ တရုတ်နိုင်ငံသား ခရီးသည်တစ်ဦးကို ကွာရန်တင်းထားဖို့ စောင့်ဆိုင်း နေချိန်မှာ ပျောက်ဆုံးသွားတာကြောင့် တောင်ကိုရီးယားအာဏာပိုင်တွေ ရှာဖွေနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နှောင်းပိုင်းမှာ ဆိုးလ်မြို့အနီးရှိ အင်ချွန်းနိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်လာတဲ့ အဲဒီခရီးသွားကို ရောဂါပိုးရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီးတဲ့နောက် အနီးဆုံး ဟိုတယ်တစ်ခုမှာ ကွာရန်တင်း ထားဖို့ လွှဲပြောင်းနေချိန်မှာပဲ ပျောက်ဆုံးသွားတာဖြစ်တယ်လို့ ကျန်းမာရေး…

တရုတ်နဲ့ ဆက်ဆံရေးခိုင်မာစေရမယ်လို့ ဖိလစ်ပိုင်သမ္မတ ကတိပေး

ပေကျင်း – ဇန်နဝါရီ (၅) ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့် သမ္မတတာဝန်ယူပြီးနောက် ဇန်နဝါရီလဆန်းပိုင်းမှာ တရုတ်နိုင်ငံ ကို ပထမဆုံးအကြိမ် သွားရောက်လည်ပတ်စဉ် မှာ တရုတ်နဲ့ ဆက်ဆံရေး ခိုင်မာစေဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး အငြင်းပွားနေကြတဲ့ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ ဟာ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေပေမယ့် သမ္မတ မားကိုစ့်ကတော့ တရုတ်နဲ့ ရေကြောင်း…

ထိုင်းနိုင်ငံရဲ့ ၂၀၂၄ ဘတ်ဂျက်ကို အစိုးရအဖွဲ့ ဘဏ္ဍာရေးအေဂျင်စီတွေနဲ့ အတူ ဝန်ကြီးချုပ် လေ့လာသုံးသပ်မယ်

ဘန်ကောက် – ဇန်နဝါရီ(၅) ထိုင်းဝန်ကြီးချုပ် ပရရွတ်ချန်အိုချာက အစိုးရအိမ်တော်မှာ စီးပွားရေးဆိုင်ရာ အေဂျင်စီ (၄) ခုနဲ့ အတူ ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်နဲ့ ဆွေးနွေးမယ့် အေဂျင်စီတွေဟာ ဘဏ္ဍာရေးဝန်ကြီးဌာန၊ထိုင်းနိုင်ငံဗဟိုဘဏ်၊ အမျိုးသားစီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၊ ဘတ်ဂျက်ဗျူရိုတို့ ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ဘတ်ဂျက်ဗျူရို ဒါရိုက်တာက…

စစ်အာဏာသိမ်း (၇၀၃) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၇၀၁ ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၅) AAPP ရဲ့ ဇန်နဝါရီ(၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၀၃)ရက်အတွင်း ပြည်သူ (၂၇၀၁)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၈၉၇ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၅၁၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…