စစ်ကိုင်း ဩဂုတ် ၂၁

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆွဲလဲအို ​ကျေးရွာတရားစခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းက ဗုံးကြဲတာကြောင့် ၁၄ ဦးသေဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆွဲလဲအိုရွာ တရားစခန်းကို သြဂုတ် ၂၁ ရက် မနက်ပိုင်းက လေကြောင်းကနေ တိုက်ခိုက်တာဖြစ်ပြီး ညနေ ၅ နာရီအထိ ၁၄ ဦးသေဆုံးပြီးဖြစ်တယ်လို့ သိရပါတယ်။

“တရားစခန်းရဲ့ အမျိုးသားဆောင်ပေါ်ကို တည့်တည့်ကျတော့ အမျိုးသားက သေဆုံးသူများတယ်။ အမျိုးသမီးတွေလည်း သေတယ်။ ထိခိုက်ဒဏ်ရာရ စိုးရိမ်ရသူတွေလည်း ရှိနေသေးတယ်။” လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်​ရေးနဲ့လုံခြုံရေးအဖွဲ့ CDSOM က ကိုနွေဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြောင်မြို့နယ်တဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လူဦးရေ ၁၀၀ ဝန်းကျင်ရှိတဲ့ တရားစခန်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ကိုနွေဦးက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၃ ဦးသေဆုံးပြီး စိုးရိမ်ရလူနာတွေရှိနေသေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်ကလည်း အာဏာသိမ်းစစ်တပ်က မြောင်နယ်မြောက်ဘက်ခြမ်းကို ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်လ်ို့ ၂ ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.