အိုင်အက်စ်အဖွဲ့ ခိုအောင်းနေတဲ့နေရာတွေကို စီးနင်းတိုက်ခိုက်မှုအတွင်း လူရှစ်ဦးသေဆုံး

ကာဘူးလ်၊ ဇန်နဝါရီ(၆) အာဖဂန်နစ္စတန်ရှိ အိုင်အက်စ်အဖွဲ့တွေ ခိုအောင်းရာနေရာတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း လူ ၈ ဦးသေဆုံးပြီး ခုနစ်ဦးကို ဖမ်းဆီးထားတယ်လို့ တာလီဘန်တို့က ဒီဇင်ဘာလ (၅) ရက်နေ့မှာ ထုတ်ပြန်ခဲ့ ပါတယ်။ တာလီဘန်တွေဟာ အာဖဂန်နစ္စတန်ရှိ တိုက်ခိုက်ရေးသမားတွေနဲ့ ထောက်ခံအားပေးသူတွေကို စည်းရုံးဖို့ ကြိုးပမ်းနေတဲ့ အစွန်းရောက်အဖွဲ့ကို ကာလရှည်ကြာ တိုက်ခိုက်နှိမ်နင်းလျက်ရှိတာပါ။ “ဒီအဖွဲ့ဝင်တွေဟာ တရုတ်တွေတည်းတဲ့ ဟိုတယ်ကိုတိုက်ခိုက်ရာမှာ အဓိကအခန်းကဏ္ဍကနေ…

ကွန်မြူနစ်ပါတီ ပုံရိပ်ကို ထိန်းသိမ်းတဲ့ အနေနဲ့ အကျင့်ပျက်ချစား ဒုဝန်ကြီးနှစ်ပါကို ရာထူးက ထုတ်ပယ်

ဟနွိုင်း – ဇန်နဝါရီ(၆) ဗီယက်နမ်အစိုးရက အကျင့်ပျက်ချစားမှုတွေ ရှိနေတယ်ဆိုတဲ့ ဒုဝန်ကြီးနှစ်ဦးကို ကာလကြာရှည် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ကွန်မြူနစ်ပါတီရဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့ ရာထူးက ဖယ်ရှားလိုက်ပါတယ်။ ပါလီမန်က အဲဒီဝန်ကြီးနှစ်ပါးဖြုတ်ချခဲ့တာနဲ့ ပတ်သက်ပြီး အကြောင်းပြချက်ပေးတာမရှိ ပေမယ့် ဇန်နဝါရီလ(၅) ရက်နေ့ အစောပိုင်းမှာ ဗီယက်နမ်းဝန်ကြီးချုပ် ဖန်မင်းချင် က ဝန်ကြီး နှစ်ပါးဖြစ်တဲ့ မစ္စတာ ဒမ်နဲ့…

ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ရုရှား ရေနံကို တရုတ်နဲ့ အိန္ဒိယလျှော့စျေးနဲ့ ရရှိနေ

မော်စကို – ဇန်နဝါရီ(၆) ဥရောပရဲ့ ပိတ်ဆို့မှုတွေခံထားရတဲ့ ရုရှားဟာ အာတိတ်ဒေသက ထွက်ရှိတဲ့ ရေနံစိမ်းတွေကို တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကို ပိုမိုသက်သာတဲ့ လျှော့စျေးနဲ့ တင်ပို့နေတယ်လို့ ကုန်သွယ်ရေး သတင်းရင်းမြစ်တွေနဲ့ အချက်အလက်တွေအရ သိရပါတယ်။ အာတိတ်အဆင့် Arco၊ Arco/Novy Port နဲ့ Varandey တို့ကို ပုံမှန်အားဖြင့် ကမ္ဘာ့အရှေ့ပိုင်းဒေသ ကို တင်သွင်းလေ့မရှိမရှိပေမယ့်…

ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်အစစ်ဆေးကြမ်းနေ

ရေဖြူ၊ ဇန်နဝါရီ(၆) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ဗုံးကွဲတာနဲ့ဗုံးတွေ့ရှိမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ပြီး အစစ်ဆေးကြမ်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က ရေဖြူမြို့မဈေးအနီးနဲ့ ပုဂေါဇွန်းကျေးရွာဘက်သွားလမ်းတွေမှာ ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ပြီး ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၅…

စစ်အာဏာသိမ်း (၇၀၄) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၇၀၂ ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၆) AAPP ရဲ့ ဇန်နဝါရီ(၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၀၄)ရက်အတွင်း ပြည်သူ (၂၇၀၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၉၇၅ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၆၆၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်ရပ်နားမှုဟာ လူငယ်တွေရဲ့အနာဂတ် ပိတ်ဆို့တားဆီးမှုဖြစ်

ရန်ကုန်၊ ဇန်နဝါရီ(၆)နိုင်ငံတဝန်းရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာ လက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်တွေကို ရက်အကန့်အသတ်မရှိ ရပ်နားကြောင်း စစ်ကောင်စီကြေညာမှုဟာ လူငယ်တွေရဲ့အနာဂတ်ပိတ်ဆို့တားဆီးမှုဖြစ်တယ်လို့ ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ လူငယ်တွေ ဝေဖန်လိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတဝန်းရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာ ကွန်ပျူတာစနစ် အဆင့်မြှင့်တင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မှတ်ထုတ်ပေးရေး လုပ်ငန်းတွေကို ရက်အကန့်အ သတ်မရှိ ရပ်နားကြောင်း ဇန်နဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီက…

စစ်ဦးစီးချုပ်အပါအဝင် အရာရှိ ၃ ဦးလုပ်ကြံခံရမှု AA လက်ချက်လို့ ALP စွပ်စွဲ

စစ်တွေ၊ ဇန်နဝါရီ(၆) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြအပါအဝင် အရာရှိ ၃ ဦး လုပ်ကြံခံရမှုဟာ ရက္ခိုင့်တပ်တော် (ULA/AA) လက်ချက်ဖြစ်တယ်လို့ ALP က စွပ်စွဲလိုက်ပါတယ်။ ဇန်နဝါရီ ၄ ရက်နေ့က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြအပါဝင် အရာရှိ ၃ ဦးတို့ဟာ မနက် ၈…

၂ နှစ်ကျော်ကြာပိတ်ထားတဲ့ ထိုင်း-မြန်မာအမှတ် (၁) ချစ်ကြည်ရေးတံတား ပြန်ဖွင့်ဖို့ပြင်ဆင်နေ

မြဝတီ၊ ဇန်နဝါရီ(၆)ကိုဗစ်ကပ်ရောဂါနဲ့အတူ စစ်တပ်အာဏာသိမ်းမှုကြောင့် ၂ နှစ်ကျော်ကြာပိတ်ထားခဲ့တဲ့ ထိုင်း-မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတားကို ပြန်ဖွင့်ဖို့ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်း-မြန်မာအမှတ် (၁) ချစ်ကြည်ရေးတံတားကို ပြီးခဲ့တဲ့ ၂၀၂၀ ဖေဖော်ဝါရီလကတည်းက ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ခရီးသည်နဲ့မော်တော်ယာဉ်သွားလာမှုတွေကို ရက်အကန့်အသတ် မရှိ ပိတ်သိမ်းထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဇန်နဝါရီ ၅…

စစ်ကောင်စီ ရွေးကောက်ပွဲဝင်မယ့် သူတွေ ပြည်သူပေးတဲ့ နိုင်ငံရေး ပြစ်ဒဏ်ခံရမယ်လို့ GSCB ထုတ်ပြန်

မော်လမြိုင် – ဇန်နဝါရီ(၅) အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် သူတွေဟာ နောင်တချိန်မှာ ပြည်သူပေးမယ့် ပြစ်ဒဏ်ကို မလွဲမသွေခံရမှာဖြစ်တယ်လို့ အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်း ရေးအင်အာစု (GSCB) က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲဟာ နွေဦးတော်လှန်ရေးအတွက် အဖြေမဟုတ်ဘဲ ရွေးကောက်ပွဲအတွက် အတင်းအဓမ္မ ဖိနှိပ်ခိုင်းစေတာတွေ ရှိလာနိုင်တဲ့အတွက် ပြည်သူတွေ တွန်းလှန်ကြဖို့ လိုအပ်တယ်လို့ ဆိုခဲ့တာပါ။ တရားမဝင်အယောင်ပြရွေးကောက်ပွဲကို…

ကျိုက်ထိုမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကျိုက်ထို – ဇန်နဝါရီ(၅) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဇန်နဝါရီ ၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကနေ သိရပါတယ်။ ဒီနေ့ မနက် ၇ နာရီလောက်မှာ စစ်တောင်းဘက်ကနေ ကျိုက်ထိုမြို့နယ်ထဲကို မောင်းဝင်တဲ့ စစ်ကား ၄ စီးပါ ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…