လျှပ်စစ်မီးပြတ်တောက်မှုမှာ လောင်စာဆီဈေးနှုန်းမြင့်တက်တာကြောင့်လို့ စစ်ကောင်စီဝန်ကြီးဌာနက ပြစ်တင်
ရန်ကုန်၊ မတ် ၁၂ မြန်မာနိုင်ငံ၏ နေရာအစိတ်အပိုင်းအတော်များများတွင် ပိုမိုဆိုးရွားသော လျှပ်စစ်မီးပြတ်တောက်မှုများကို ရင်ဆိုင်နေရပြီး သုံးရေရရှိမှုကဏ္ဍများတွင်လည်း ထိခိုက်လာရသလို အွန်လိုင်းသင်ကြာရေးများတွင်လည်း အထစ်အငေ့ါဖြစ်ခဲ့ရပြီး ယမန်နှစ် စစ်တပ်အာဏာသိမ်းချိန်ကတည်းက စီးပွားရေးကဏ္ဍများတွင် ကသောင်း ကနင်းဖြစ်နေခဲ့သောကြောင့် ပြည်သူအများအပြား စိတ်ဆင်းရဲဒုက္ခရောက်စေခဲ့သည်။ လူမှုကွန်ရက်များတွင် ဖော်ပြထားသော ဓါတ်ပုံများတွင် ရန်ကုန်မြို့ ခရိုင်အတော်များများရှိ လူအများသည် ရေစည်ကားတစ်စင်းမှ ရေ ရယူနိုင်ရေးအတွက် စောင့်ဆိုင်းနေကြသည်ကို ဖော်ပြထားသည်။…
ရုရှားက သံတမန်ရေးညှိနှိုင်းမှုအပေါ် စိတ်ဝင်စားတဲ့ လက္ခဏာမရှိဘူးလို့ အမေရိကန်ပြော
ဝါရှင်တန်၊ မတ် ၁၂ ယူကရိန်းအပေါ် ရက်စက်ကြမ်းကြုတ်သော လုပ်ဆောင်မှုတွေ ရုရှားလုပ်ခဲ့တယ်လို့ စွပ်စွဲလိုက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်သည် သံတမန်ရေးညှိနှိုင်းမှုအပေါ် စိတ်ဝင်စားတဲ့ လက္ခဏာမပြကြောင်း အမေရိကန် ဒုသမ္မတ ကာမလာ ဟဲရစ်က ပြောကြားခဲ့သည်။ “အမေရိကန်သည် သံတမန်ရေးရာတွင် တက်ကြွစွာပါဝင်ရန် စိတ်ရင်းမှန်ဖြင့် ကြိုးပမ်းနေပြီး ကျွန်ုပ်တို့ သိရှိမျက်မြင်တွေ့ခဲ့ရသမျှမှ ပူတင်သည် လေးနက်သော သံခင်းတမန်ခင်းတွင် ပါဝင်ပတ်သက်ရန် အရိပ်…
လာမယ့် အစည်းအဝေးမှာ PPST ရဲ့ နိုင်ငံရေးလမ်းပြမြေပုံ ဆွေးနွေးအတည်ပြုမယ်လို့ ဆို
မော်လမြိုင် ၊ မတ် (၁၃) လာမယ့် အစည်းအဝေးမှာ PPST ရဲ့ နိုင်ငံရေးဦးတည်ချက် (၇)ရပ်အပေါ် နိုင်ငံရေးလမ်းပြမြေပုံ အဆိုပြုချက် ၈ ချက်ကို ဆွေးနွေးအတည်ပြုသွားမယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက ပြောပါတယ်။ မတ်လ ၁၁ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ နှစ်ရက်တာ ကျင်းပခဲ့တဲ့ အပစ်ရပ်…
မွန်ပြည်နယ်မှာ ဆန်ဈေး အတက်ကြမ်းနေ
မော်လမြိုင် ၊ မတ် (၁၃) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း အခုနှစ် မတ်လမှာတော့ ဆန်ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတယ်လို့ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဆန်ဈေးနှုန်းဟာ မတ်လ ပထမအပတ်က ပေါ်ဆန်း တစ်အိတ် ကျပ် ၄၅၀၀၀ သာ ရှိခဲ့ရာမှ မတ်လဒုတိယအပတ်မှာတော့ တစ်အိတ် ကျပ် ၅၀၀၀၀ နီးပါးထိ ဈေးနှုန်း…
ဈေးနှုန်းဆက်တိုက်နီးပါး မြင့်တက်လာတာနဲ့အတူ စက်သုံးဆီ ရောင်းအား ထက်ဝက် နီးပါး ကျဆင်းလာ
မော်လမြိုင် ၊ မတ် (၁၃) စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်နေတဲ့အတွက်ကြောင့် မွန်ပြည်နယ်အတွင်းက စက်သုံးဆီအရောင်းဆိုင်တွေမှာ ရောင်းအား ထက်ဝက်နီးပါး ကျဆင်းလာတယ်လို့ စက်သုံးဆီအရောင်းဆိုင် တာဝန်ခံတွေက ပြောပါတယ်။ စက်သုံးဆီ ဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းကာလအတွင်း မြန်မာငွေ တန်းဖို ကျဆင်းလာတာနဲ့ ရုရှား-ယူကရိန်း စစ်ပွဲ ကယက်ကြောင့် ဈေးနှုန်း ဆက်တိုက်မြင့်တက်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စက်သုံးဆီဈေးနှုန်းဟာ ဒီဇယ်ဆီ…
Radio Than Lwin Times(Episode 11/3)
Sound Cloud Link
သံလွင်တိုင်းမ်၏ ညနေခင်းသတင်း တိုက်ရိုက်ထုတ်လွှင့်မှု (၁၂/၃/၂၀၂၂)
https://www.youtube.com/embed/Am638JzyAMM
တရုတ်ဝန်ကြီးချုပ် လီခချန်း လာမည့်နှစ် မတ်လတွင် ရာထူးမှ နှုတ်ထွက်မည်
ဘေဂျင်း၊ မတ် ၁၁ တရုတ်ဝန်ကြီးချုပ် လီခချန်းသည် လာမည့်မတ်လတွင် ၎င်း၏ လက်ရှိရာထူးသက်တမ်းကုန်ဆုံးမည်ဖြစ်၍ ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သမ္မတရှီကျင့်ဖျင်၏ အနာဂတ်နှင့်ပတ်သက်၍ ပြန်လည်ဖွဲ့စည်းရေး မေးခွန်းထုတ်မှုများကြားတွင် လာမည့် အပြောင်းအလဲကို ညွှန်ပြနေသည်။ တရုတ်နိုင်ငံ၏ နံပါတ် (၂) အရာရှိအဖြစ် ၎င်း၏ဆယ်စုနှစ်များအတွင်း အောင်မြင်မှုများနှင့်ပတ်သက်၍ မေးခွန်း တစ်ခုအတွက် မတ် ၁၁ ရက်၌ ၎င်း၏နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲတွင်…
ဂျပန်အထူးကိုယ်စားလှယ်နဲ့ စစ်ရှောင်အရေး အဓိက ဆွေးနွေးခဲ့တယ်လို့ KNU ပြော
မော်လမြိုင်၊ မတ် ၁၂ ဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံအမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနဲ့ တွေ့ဆုံစဉ် စစ်ရှောင်ပြည်သူအရေး အဓိက ဆွေးနွေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။ မစ္စတာ ဆာဆာကာဝါနဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးတို့ မတ်လ ၁၀ ရက်မှာ ချင်းမိုင်မြို့မှာ…
နိုင်ငံတဝန်း တစ်ပတ်အတွင်း နေရပ်စွန့်ခွာသူ ၅ သောင်း ကျော် ထပ်တိုးလာတယ်လို့ UNHCR ပြော
မော်လမြိုင်၊ မတ် ၁၂ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာသူ ရွှေ့ပြောင်းနေထိုင်သူ ၅ သိန်းကျော်ထိ ရှိလာပြီး၊ အခုတစ်ပတ်အတွင်း နေရပ်စွန့်ခွာသူ ၅ သောင်းကျော် ထပ်တိုးလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က မတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်ဘက်ကို နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်သူတွေမှာ ခိုလှုံစရာနေရာ၊ အစားအစာ၊ သောက်သုံးရေနဲ့…