ယူကရိန်းကို ဒေါ်လာ ၃ ဘီလျံကျော်ဖိုး အမေရိကန် စစ်ရေးအကူအညီ ထပ်ပေး

ဝါရှင်တန် – ဇန်နဝါရီ(၈) ရုရှားရဲ့ ကျူးကျော်မှုကြောင့် ထိခိုက်နေရတဲ့ ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီ ဒေါ်လာ (၃.၇၅) ဘီလျံကျော် ပေးအပ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် က ပြောပါတယ်။ ယူကရိန်းအတွက် မြေပြင်တိုက်ခိုက်ရေးယာဉ်တွေ၊ မောင်းသူမဲ့ ဟောင်ဝစ်ဇာတွေ၊ သံချပ်ကာ ယာဉ်တွေ၊ ဝေဟင်ပစ်ဒုံးကျည်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ တခြားပစ္စည်းတွေကို အမေရ်ိကန် ပြည်ထောင်စုက ထောက်ပံ့ပေးမယ်လို့ ဆိုခဲ့တာပါ။…

အမေရိကန်မှာ ကျောင်းဆရာမကို ပစ်ခတ်ခဲ့တဲ့ ခြောက်နှစ်အရွယ်ကလေးတစ်ဦး ဖမ်းခံရ

ဝါရှင်တန် – ဇန်နဝါရီ(၈) အမေရိကန် ပြည်ထောင်စု အရှေ့ဘက် ဗာဂျင်နီးယားပြည်နယ်က မူလတန်းစာသင်ကျောင်း တစ်ခုမှာ အသက်(၆) နှစ်အရွယ် ကလေးငယ်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းဆရာမ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မီဒီယာတွေရဲ့ ဖော်ပြချက်အရ ကမ်းရိုးတန်းမြို့တော် ရစ်ချ်နက် မူလတန်းကျောင်ပစ်ခတ်မှုမှာ ကျောင်းသား ကျောင်းသူတွေ ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ ဆိုထားပါတယ်။ “ထိုပစ်ခတ်မှုကို…

လက်လုပ်လက်စား ဈေးသည်ကို PDF ထောက်ပံ့တယ်ဆိုပြီး သတင်းမှားလွှင့်ကာ စစ်ကောင်စီဖမ်း

အမှန်/အမှား+++++++++ မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော် လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့”အင်းတော်စည်ပင်ဈေးတွင် PDF ထောက်ပံ့ပေးနေသူ ၄ ဦးကို ဖမ်းဆီးအရေးယူ” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ…

နိုင်ငံတကာခရီးသည်တွေထဲမှာ အိုမီခရွန်မျိုးကွဲ ၁၁မျိုးတွေ့ရှိတယ်လို့ အိန္ဒိယပြော

နယူးဒေလီ၊ ဇန်နဝါရီ(၇) ဒီဇင်ဘာ ၂၄ ရက်ကနေ ဇန်နဝါရီ ၃ ရက်အတွင်း နိုင်ငံတွင်းသို့ရောက်ရှိလာတဲ့ နိုင်ငံတကာခရီးသွားတွေမှာ ကိုဗစ်-၁၉ အမျိုးအစားခွဲ ၁၁ ခုကို တွေ့ရှိခဲ့တယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်မှာ ပြောကြားခဲ့ပြီး အဲဒီလိုတွေ့ရှိရတဲ့ ပိုးမျိုးကွဲတွေဟာ မျိုးကွဲအသစ်နဲ့ မူလရှိပြီးသားမျိုးကွဲတွေ ရောနှောထား တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အခုအသစ်တွေ့ရှိရတဲ့ အိုမီခရွန်မျိုးကွဲတွေထဲမှာ BA.5.2…

အစိုးရအဖွဲ့ အပြောင်းအလဲလုပ်ဖို့ အင်ဒိုသမ္မတ စောင့်ကြည့်နေ

ဂျကာတာ – ဇန်နဝါရီ(၇) အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက လာမယ့် ၂၀၂၄ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်မီ အစိုးရအဖွဲ့ကို နောက်ဆုံး အကြိမ် ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ စောင့်ကြည့်နေပြီး လာမယ့် ရက်ပိုင်း အတွင်း အပြောင်းအလဲတွေဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး သတင်းရင်းမြစ်တချို့က ဆိုနေကြပါ တယ်။ အာဏာရ ညွန့်ပေါင်းပါတီ (၇) ပါတီထဲက တစ်ခုဖြစ်တဲ့…

“အခုကော်မရှင်က PR စနစ်ကျင့်သုံးမယ်ဆိုတော့ ကော်မရှင်က လွှတ်တော်လား၊ ဥပဒေပြုတဲ့အဖွဲ့လား။ အဲဒါတွေက မှားနေပြီ။ အလွဲမှားကြီး ဖြစ်နေပြီ။ သူတို့ပြောချင်တာ ပြောနေတဲ့ အဆင့်ရောက်နေပြီ”

မြန်မာနိုင်ငံရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးကွန်ရက် တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။ အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့အတွက် နိုင်ငံတဝန်းက နယ်မြေဒေသတချို့မှာ လူဦးရေ စာရင်းကောက်ယူတာနဲ့ မဲစာရင်း ပြုစုရေးတွေ လုပ်ဆောင်နေပါတယ်။ တဖက် မှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပေးမယ်လို့ ထပ်ပြီး ကတိပေးလာတာဖြစ်ပါတယ်။ အဲဒါကြောင့် စစ်ကောင်စီက လုပ်မယ့်ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ။ ဒီရွေးကောက်ပွဲမှာ…

မလေးရှားနိုင်ငံက တိုက်ခိုက်ရေး သင်္ဘောတွေ ဝယ်ယူမယ်

ကွာလာလမ်ပူ – ဇန်နဝါရီ(၇) မလေးရှားနိုင်ငံရဲ့ အငြင်းပွားဖွယ်ရာ တိုက်ခိုက်ရေး သင်္ဘော(LCS) ဝယ်ယူရေး စီမံကိန်းကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး ပထမဆုံး သင်္ဘောတွေကို လာမယ့် ဇူလိုင်လအတွင်း အသုံးပြု နိုင်ဖို့ စီစဉ်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ (၂) ဘီလျံ ကုန်ကျနိုင်တဲ့ ဒီစီမံကိန်းဟာ နိုင်ငံအတွက် အရေးကြီးတဲ့ အစိတ် အပိုင်းဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ဆိုခဲ့ပါတယ်။…

စစ်အာဏာသိမ်း (၇၀၅) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၇၀၇ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၇) AAPP ရဲ့ ဇန်နဝါရီ(၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၀၅)ရက်အတွင်း ပြည်သူ (၂၇၀၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၉၉၂ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၆၉၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

“နွေဦးတော်လှန်ရေးမှာ ဘား၊ ကလပ်တွေနဲ့ စည်ကားလာတဲ့ မော်လမြိုင်”

မော်လမြိုင်၊ ဇန်နဝါရီ(၇) လက်နက်အားကိုးနဲ့ မတရားအာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမှာ မွန်ပြည် နယ်ရဲ့ မြို့တော်မော်လမြိုင်မှာတော့ ဘား၊ ကလပ်တွေနဲ့ စည်ကားလာတာ ဖြစ်ပါတယ်။ စစ်တပ်အာဏာမသိမ်းခင်က ဘား၊ ကလပ်တွေမရှိခဲ့တဲ့ မော်လမြိုင်မြို့မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ဘား၊ ကလပ်တွေ အလျှိုလျှိုပေါက်ပေါ်လာတာပါ။ စစ်ကောင်စီဟာအာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့မှာ သူတို့နဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံလိုတဲ့သူတွေကို ဘား၊ ကလပ် ဖွင့်လှစ်လုပ်ကိုင်ခွင့်တွေကို အဆက်မပြတ်ချပေးနေတာ…