ပြည်တွင်းစစ်မီး ပိုမိုတောက်လောင်လာတဲ့ စိန်ရတုလွတ်လပ်ရေး (သတင်းဆောင်းပါး)
အင်္ဂလိပ်အစိုးရ နယ်ချဲ့ကိုယ်လိုနီလက်အောက်ကနေ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို လွှဲပြောင်းရယူခဲ့တဲ့ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဟာ ဇန်နဝါရီ ၄ ရက်နေ့မှာဆိုရင် နှစ်ပေါင်း ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းပြုပြည်ပြုလွှတ်တော်အဖြစ် ပါလီ မန်ဒီမိုကရေစီအစိုးရပေါ်ပေါက်ခဲ့ပြီး ၁၉၆၂ ခုနှစ်မှာတော့ စစ်တပ်ကတိုင်းပြည်အာဏာကို သိမ်းယူခဲ့ပါတယ်။ အဲဒီအချိန်တွေကနေစပြီး မြန်မာနိုင်ငံဟာ စစ်တပ်အုပ်ချုပ်ရေးအောက်ကနေ စစ်ကျွန်ဘဝအဖြစ် နှစ်ပေါင်းရှည်ကြာနေထိုင်ခဲ့ကြရပြီး…
ပုလောမှာ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို မီးထပ်ရှို့နေ
ပုလော၊ ဒီဇင်ဘာ(၅) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ တပိုရွာနဲ့ဇရပ်ဆိပ်ကျေးရွာက နေအိမ်တွေကို ပြီးခဲ့တဲ့ ဇန်န ဝါရီ ၃ ရက်နေ့မှာ ထပ်မံမီးရှို့ဖျက်ဆီးသွားတယ်လို့ မြိတ်ခရိုင် တပ်ရင်း(၁)ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဆယ်အိမ်စုရွာဘက်ကို စစ်ကြောင်ထိုးလာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပြီးနောက် ပြန်ဆုတ်ချိန်မှာ တပိုရွာနဲ့ဇရပ်ဆိပ်ကျေးရွာက နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။…
စစ်ကောင်စီရဲ့ ဘွဲ့တံဆိပ်ချီးမြှင့်မှုဟာ အချင်းချင်းမပြိုကွဲအောင် ဖြေသိမ့်တာလို့ဝေဖန်
ရန်ကုန်၊ ဇန်နဝါရီ(၅) အာဏာသိမ်းစစ်ကောင်စီက လွတ်လပ်ရေးနေ့အကြိုအဖြစ် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ချီးမြှင့်မှုတွေဟာ အချင်းချင်းမပြိုကွဲအောင် ဖြေသိမ့်တာလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOsတွေနဲ့ နိုင်ငံ ရေးလေ့လာ သုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။ စစ်ကောင်စီဟာ ခေတ်အဆက်ဆက် အာဏာရှင်ဟောင်းတွေ၊ စစ်ကောင်စီမှာ တာဝန်ထမ်းဆောင်နေသူတွေအပါအဝင် အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ နယ်ပယ်စုံက လူပုဂ္ဂိုလ် ၅၀၀ ကျော်ကို လွတ်လပ် ရေးနေ့အကြိုအဖြစ် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခဲ့တာပါ။ စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ…
သံဖြူဇရပ်၊ ကျုံကဒက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ပြီးနောက် ဒေသခံ ၄ ဦး ဖမ်းဆီးခံရ
သံဖြူဇရပ်၊ ဒီဇင်ဘာ(၅) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ပြီးနောက် စစ်ကောင် စီတပ်က ဒေသခံအမျိုးသား ၄ ဦးကို လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ ည ၈ နာရီလောက်က ကျုံကဒက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ပြီးနောက် လာစစ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက…
ကျောင်းသားခေါင်းဆောင် ကိုအောင်ဖုန်းမော်၊ ကိုလေပြေစိုးမိုး၊ ကိုဆစ်နိုင်နဲ့ ကိုအေးအောင်တို့ ပြန်လည်လွတ်မြောက်လာ
ရန်ကုန်၊ ဇန်နဝါရီ(၄) စစ်ကောင်စီရဲ့ ဒီကနေ့လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုအောင်ဖုန်းမော်၊ ကိုလေပြေစိုးမိုး၊ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဒုတိယ ဥက္ကဌကိုဇော်ထက်နိုင်(ဆစ်နိုင်)၊ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုအေးအောင်တို့ ပါဝင်လွတ်မြောက်လာကြတယ်လို့ နီးစပ်ရာအသိုင်းအဝိုင်းမှ သိရပါတယ်။ သူတို့လေးဦးဟာ ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က တာမွေမြို့နယ်မှာ အထွေထွေသပိတ်စစ်ကြောင်း (GSC )ကို စစ်ကောင်စီက…
Radio Than Lwin Times(3/1)
Youtube Link Sound Cloud Link
ရဲတွေကို အဆိပ်ပါတဲ့ အရက်တိုက်ပြီး အမျိုးသမီးနှစ်ဦး စစ်လက်နက်ပစ္စည်တွေ ယူဆောင်
မြိုင် – ဇန်နဝါရီ(၄) မကွေးတိုင်း မြိုင်မြို့မရဲစခန်းမှာတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားနှစ်ဦးဟာ ပြည်သူတွေကို အရက်အတင်းအကြပ်တိုက်ခိုင်းတဲ့အတွက် မကြာခဏ အနိုင်ကျင့်ခံနေရတဲ့ အမျိုးသမီးနှစ်ဦး က အရက်ထဲအဆိပ်ခတ်တိုက်ခဲ့ပြီး သူတို့တွေရဲ့ စစ်လက်နက်ပစ္စည်းတွေ ယူဆောင်အပ်နှံခဲ့ တယ်လို့ မြိုင်ပကဖ တပ်ရင်း(၁) က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၃) ရက်နေ့ ညနေပိုင်းက ရဲတပ်သား မြတ်စိုးကျော်နဲ့ မျိုးမင်းသိန်းတို့ ဆီက…
အလွတ်တန်းသတင်းထောက် အလှလေးသူဇာ (ခေါ်) မသူဇာပြန်လည်လွတ်မြောက်လာ
ရန်ကုန်၊ ဇန်နဝါရီ(၄) စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံရတဲ့ အလွတ်တန်းသတင်းတောက် အလှလေးသူဇာ (ခေါ်) မသူဇာဟာ ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာပြီလို့ ကာယကံရှင်ကိုယ်တိုင်က သံလွင်တိုင်းမ်ကို အတည်ပြုပြောကြားလိုက်ပါတယ်။ “တကယ်လွတ်လာပြီလို့ ပြောလို့ရပါပြီ။ ထောင်တွင်းကြုံခဲ့ရတဲ့ အခြေအနေတွေကိုတော့ မဖြေချင်သေးပါဘူး။ ၅၀၅တွေ အကုန်လုံးကိုတော့ လွှတ်ပေးလိုက်တာ မဟုတ်ပါဘူး။ အစ်မက (၂)နှစ်ဆိုတော့ နှစ်မကြီးလို့ လွှတ်တဲ့အထဲပါလာတာလို့ ထင်ပါတယ်။ အစ်မနဲ့အတူတူ ဆရာမဒေါ်သန်းမြင့်အောင်လည်း လွတ်တဲ့အထဲပါလာတယ်။…
ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်ကောင်စီတပ်ရင်း ၃ တပ်ရင်းကို KNLA ပူးပေါင်းအဖွဲ့ စီးနင်းတိုက်ခိုက်
ကြာအင်းဆိပ်ကြီး – ဇန်နဝါရီ(၄) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်း ၃ တပ်ရင်းကို ဒီကနေ့ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းကစပြီး KNLA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကြာအင်းဆိပ်ကြီးမြို့အနီးရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၃၂ ၊ ခလရ…
မွန်ပြည်နယ်မှာ အကျဉ်းသား ၄၀၀ ကျော် ပြန်လွတ်၊ နိုင်ငံရေးအကျဉ်းသား မပါ
မော်လမြိုင် – ဇန်နဝါရီ(၄) မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်နဲ့ အချုပ်ထောင် အသီးသီးကနေ စစ်ကောင်စီ ပြန်လွှတ်ပေးတဲ့ အကျဉ်းသား ၄၀၀ ကျော်မှာ နိုင်ငံရေးအကျဉ်း တစ်ဦးတစ်ယောက်မျှ မပါဝင်ဘူးလို့ ပြည်နယ်အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။ စစ်ကောင်စီက ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်နဲ့ အချုပ်ထောင်…
