ဆက်သွယ်ရေး အချက်အလက်တွေထိန်းချုပ်ဖို့ စစ်ကောင်စီအကြမ်းဖက်နည်းဥပဒေပြဌာန်း
နေပြည်တော်၊ မတ်(၁၇) စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်တဲ့သူတွေရဲ့ ဆက်သွယ်ရေးအချက်အလက်တွေကို ကြားဖြတ်ဖမ်းယူတာ၊ ဖြတ်တောက်တာ၊ ကန့်သတ်ထိန်းချုပ်တာတွေ လုပ်ဆောင်ဖို့အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး နည်းဥပဒေကို ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဦးသိန်းစိန်အစိုးရ လက်ထက်က ရေးဆွဲပြဌားန်ခဲ့တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေရဲ့ နောက်ဆက်တွဲအရေးယူနိုင်မယ့် အသေးစိတ်နည်းဥပဒေကို မတ် ၁၀ ရက်နေ့မှာ စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် လက်မှတ်ရေးထိုးပြီး…
မော်လမြိုင်အတ္တရံတံတားပေါ် ၃ တန်အထက်ယာဉ် သွားလာခွင့်ကန့်သတ်
မော်လမြိုင်၊ မတ်(၁၇) သက်တမ်း နှစ်ပေါင်း ၂၅ နှစ်ကျော်ရှိပြီဖြစ်တဲ့ မွန်ပြည်နယ် မော်လမြိုင် အတ္တရံကြိုးတံတား ပင်မတံ တားတိုင် သံဂဟေသား ပြုတ်ထွက်မှုဖြစ်ပေါ်ခဲ့တဲ့အတွက် ၃ တန်အထက် မော်တော်ယာဉ်တွေကို သွားလာခွင့် ကန့်သတ်ထားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မော်လမြိုင်အတ္တရံကြိုးတံတားဟာ ပြီးခဲ့တဲ့ မတ် ၁၄ ရက်နေ့က မော်လမြိုင်ဘက်ခြမ်း ပင်မတံတားတိုင် သံဂ ဟေသား…
ရေဖြူမြို့နယ် လဝကရုံး မီးရှို့ဖျက်ဆီးခံရ
ရေဖြူ၊ မတ်(၁၇) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့၊ ဂရပ်ကွက်ရှိ ရေဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အား လဝကရုံး မီးရှို့ဖျက်ဆီးခံရတာကြောင့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မတ် ၁၅ ရက်နေ့ ည ၇ နာရီလောက်မှာ ရေဖြူမြို့နယ် လဝကရုံးကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တာပါ။ မီးရှို့ခံရတာကြောင့် လဝကရုံးအဆောက်အဦး တစ်ခုလုံးနီးပါး မီးလောင်ပျက်စီးခဲ့သလို စာရွက်စာတမ်းတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့…
မြန်မာ့ပြည်တွင်းရေးကို တရုတ်ကကြားဝင်ဆောင်ရွက်တာကို FPNCC ကြိုဆိုတယ်လို့ထုတ်ပြန်
မော်လမြိုင် ၊ မတ် (၁၆) ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ရဲ့ လုပ်ငန်းအစည်းအဝေးကို မတ်လ( ၁၅) ရက်နဲ့ (၁၆)ရက် နှစ်ရက်တာကျင်းပခဲ့ပြီး အစည်းအဝေးအပြီးမှာ မြန်မာ့ပြည်တွင်းရေးကို တရုတ်ကကြားဝင်ဆောင်ရွက်တာကို ကြိုဆိုတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအစည်းအဝေးကို မြောက်ပိုင်းမဟာမိတ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့ဖြစ်တဲ့ ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ၊ ကချင်လွတ်လပ်ရေးတပ်မ…
နျူကလီးယားလက်နက်သုံးရင် မြောက်ကိုရီးယားအစိုးရ နိဂုံးချုပ်ပြီလို့ အမေရိကန်စစ်ဌာနချုပ်ပြောကြား
ဝါရှင်တန်၊ မတ်(၁၇) မြောက်ကိုရီးယားစစ်တပ်က နျူလက်နက်အသုံးပြုတာဟာ နိုင်ငံရဲ့ရပ်တည်မှုအဆုံးသတ်ခြင်းကို ဦးတည် သွားလိမ့်မယ်ဆိုတဲ့ အရင်ကသတိပေးချက်တွေအတိုင်း အမေရိကန်ဟာရပ်တည်နေမှာဖြစ်ပြီး ကင်မိသားစု အစိုးရကို အဆုံးသတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို အမေရိကန်ကာကွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ “မြောက်ကိုရီးယားက နျူကလီးယားလက်နက်အသုံးပြုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိထားပြီးသားလို့ထင်တယ်။ ဒါဟာ မြောက်ကိုရီးယားအစိုးရ အုပ်ချုပ်ရေးရဲ့ နိဂုံးချုပ်ဖြစ်လိမ့်မယ်လို့ ကျွန် တော်ထင်ပါတယ်” လို့ ဗိုလ်ချုပ်ကြီး ပက်ထရစ်ရိုင်ဒါက…
မလေးရင်းဂစ် တစ်သန်းကျော်တန်ဖိုးရှိတဲ့ လိင်အာသာဖြေအရုပ်တွေကို အာဏာပိုင်တွေ သိမ်းဆည်း
ကွာလာလမ်ပူ – မတ်(၁၇) မလေးရှားအာဏာပိုင်တွေက လိင်အာသာဖြေအရုပ် ရောင်းချတဲ့ အမျိုးသမီးတစ်ဦး ရဲ့ နေအိမ် နဲ့ ဂိုထောင်ကို ဝင်ရောက်ရှာဖွေပြီးနောက် ရင်းဂစ် တစ်သမ်းကျော်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ သိမ်း ဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီအမျိုးသမီးဟာ ကျားအင်္ဂါအတုတွေ၊လိင်အာသာဖြေအရုပ်တွေနဲ့ တခြား ပစ္စည်းတွေကို လပေါင်းများစွာ ရောင်းချခဲ့သူဖြစ်ပြီးသူမဆီမှာ ဝယ်ယူသူအများစုဟာ ချစ်သူနဲ့ ကာလရှည် ဝေးကွာနေတဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။…
ကုန်သွယ်ရေးအငြင်းပွားမှု ရပ်တန့်ဖို့ ဂျပန်နဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေ သဘောတူ
တိုကျို – မတ်(၁၇) ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ လေးနှစ်နီးပါးကြာ နည်းပညာမြင့်ပစ္စည်းတွေနဲ့ ကုန်သွယ်မှု ဆိုင်ရာ အငြင်းပွားမှုကို ရုပ်သိမ်းဖို့ သဘောတူညီခဲ့ကြပြီး သမိုင်းကြောင်းတွေကြောင့် တင်းမာ နေတဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့နဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို တွန်း လှန်ဖို့ အတူတကွ လုပ်ဆောင်မယ့် အလားအလာဖြစ်တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားရဲ့ မကြာခဏဆိုသလို ဒုံးကျည်ပစ်လွှတ်မှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ…
ပေါက်မှာ စစ်ကောင်စီက မြေပြင်စစ်ကြောင်းနဲ့အတူ လေကြောင်းကရမ်းသမ်းပစ်ခတ်နေတာကြောင့် ပြည်သူ(၅၀၀၀) ကျော်ထွက်ပြေးနေရ
ပေါက် – မတ်(၁၆) မကွေးတိုင်း၊ပေါက်မြို့ကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းနဲ့ အတူ လေကြောင်းက MI-35 Jet Fighter သုံးပြီး ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် ဒေသခံငါးထောင်ကျော် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံ ပ.က.ဖ အဖွဲ့က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၁၅) ရက်နေ့ မနက်ပိုင်းက ပေါက်မြို့နယ် သနပ်ပင်ဆင်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ပြည်သူတွေ ထွက်ပြေးနေရတာပါ။…
Radio Than Lwin Times(13/3)
Youtube Link Sound Cloud Link
TLT Tv||- ၂၀၂၃ ခုနှစ် မတ်လ(၁၆) ရက် ကြာသပတေးနေ့ ည(၈)နာရီ သတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/4a430qbPlKc
