နမ်းနိန့်ကျေးရွာကပြည်သူတွေကို စစ်ကောင်စီက အတွဲလိုက်ပစ်သေနတ်တွေနဲ့ သတ်ဖြတ်ခဲ့တာလို့ ကျန်းမာရေးတာဝန်ခံပြော
ပင်လောင်း – မတ်(၁၆) ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နမ်းနိန့်ကျေးရွာ ဖြစ်စဉ်မှာ သေဆုံးခဲ့ရတဲ့ ပြည်သူတွေ ကိုစစ်ကောင်စီက အတွဲလိုက် ပစ်သေနတ်တွေနဲ့ ပစ်ခတ်သွားတာ စစ်ဆေးတွေ့ရှိရတယ်လို့ သေဆုံးသူတွေကို စစ်ဆေးခဲ့တဲ့ ကယားပြည်နယ် ကျန်းမာရေးတာဝန်ခံ ကပြောပါတယ်။ ဒီနေ့ မတ်လ(၁၆) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ နမ်းနိန့်ကျေးရွာမှာ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအကြောင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက…
အမျိုးသမီးများအဖွဲ့ချုပ် -WLB (မြန်မာနိုင်ငံ)အထွေထွေအတွင်းရေးမှူး နန်းမို့မို့နဲ့ ဆက်သွယ်မေးမြန်းချက်
“ကျွန်မတို့တွေ အားလုံးက သူ့ရဲ့ဗျူဟာထဲသူဆင်တဲ့ သူ့ရဲအစီအစဉ်ထဲမှာ မပါဖို့တော့လိုတယ်” စစ်ကောင်စီဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး လှုပ်ရှားသူတွေကိုချေမှုန်းဖို့ အွန်လိုင်းကတဆင့် အကြမ်းဖက် ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေပြီး ဆိုရှယ်မီဒီယာကို လက်နက်သဖွယ်အသုံးချနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ် စားလှယ်တွေက ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့မှာ သတိပေးထုတ်ပြန်ထား တယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို အနှောင့်အယှက်ပေးဖို့၊ အကြမ်းဖက်အောင် လှုံ့ဆော်ဖို့ စစ်တပ်ထောက်ခံ…
စစ်အာဏာသိမ်း (၇၇၃) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၁၃၀ ဦးအထိရှိလာ
မော်လမြိုင်၊ မတ်(၁၆) AAPP ရဲ့ မတ်(၁၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၇၃)ရက်အတွင်း ပြည်သူ (၃၁၃၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၃၆၈ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည် ဇင်စိုးနဲ့ ဆက်သွယ်မေးမြန်းချက်
“လာမယ့်ရွေးကောက်ပွဲမှာ သူတို့ပဲနိုင်မယ်။ မနိုင်နိုင်အောင် အဲဒီလိုပဲ လုပ်မယ်ဆိုတာ ရှိနေတာတော့ မြင်တယ်။ ၂၀၁၀တုန်းက လုပ်ခဲ့တဲ့ရွေးကောက်ပွဲပုံစံမျိုး သူတို့ပဲ USDP က မဲတွေအကုန် အသာစီးရပြီးတော့ ကြိုးစားလုပ်ဆောင်မယ်လို့ သဘောရှိတယ်လို့ ပြောလို့ရတယ်” စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၁၉ ပါတီအထိရှိလာပြီး အဲဒီထဲမှာ ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမယ့် ပါတီ ၅…
ဘီးလင်းမှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံနေအိမ် ၄ လုံး ပျက်စီး
ဘီးလင်း၊ မတ်(၁၆) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ပြီး နွားတစ်ကောင် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်အချိန်လောက်မှာ ဝင်းတာပန်စစ်ကောင်စီနဲ့BGF ပူးပေါင်း စခန်းကနေ လက်နက်ကြီး…
ပုလောတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ ရှိနေ
ပုလော၊ မတ်(၁၆) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကဗျာကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တွေလည်း ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း(၁)က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့က ကဗျာကျေးရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် မြိတ်ခ ရိုင်တပ်ရင်း (၁)နဲ့ မဟာမိတ်ပူးပေါင်းတပ်တို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တာပါ။…
စစ်ကောင်စီထံ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီတွေကို အရေးယူသွားမယ်လို့ NUG အသိပေး
မော်လမြိုင် – မတ်(၁၆) စစ်ကောင်စီလက်အောက်မှာ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီတွေဟာ စစ်အုပ်စုအလိုကျ အသုံး ချခံကာ ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်နေတာတွေကို အားပေးအားမြှောက်လုပ် နေတာဖြစ် တဲ့အတွက် အဲဒီ အဖွဲ့အစည်းတွေအားလုံးကို အရေးယူသွားမယ်လို့ NUG ကအသိပေးထား ပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၁၅) ရက်နေ့က “အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ရန် ပြင်ဆင်နေသော တရားမဝင် အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်” ဆိုပြီး…
ဆိုရှယ်မီဒီယာတွေကို စစ်ကောင်စီ လက်နက်သဖွယ်အသုံးပြုနေ
ရန်ကုန် ၊ မတ်(၁၆) အာဏာသိမ်း စစ်ကောင်စီဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဖိနှိပ်ဖို့အတွက် ဆိုရှယ်မီဒီယာ တွေကို လက်နက်သဖွယ် အသုံးပြုနေတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ် ၊ အမျိုးသမီးနဲ့ မိန်းကလေးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးကိုယ်စားလှယ်တွေအပါအဝင် ကုလသမဂ္ဂအထူးအရာရှိတွေက မတ် ၁၃ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုလိုက်တာပါ။ ဒီမိုကရေစီနဲ့…
တိုက်ခိုက်ရေး လေယာဉ်တွေ ပြင်ဆင်ဖို့ ပါကစ္စတန်ပညာရှင်အဖွဲ့ကို စစ်ကောင်စီခေါ်ယူ
မော်လမြိုင်၊ မတ်(၁၆) အာဏာသိမ်း စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေး လေယာဉ်တွေ ပြုပြင်မွမ်းမံဖို့အတွက် ပါကစ္စတန်လေတပ်ရဲ့ နည်းပညာအဖွဲ့တစ်ဖွဲ့ကို ခေါ်ယူထားတယ်လို့ အိန္ဒိယသတင်းဌာန တစ်ခုဖြစ်တဲ့ The Economic Times က မတ် ၁၅ ရက်နေ့မှာ ဖော်ပြပါတယ်။ The Economic Times ရဲ့ အဆိုအရ စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးလေယာဉ် JF-17 တွေ ပြုပြင်ထိန်းသိမ်းဖို့အတွက်…
ပြည်တွင်းရွှေဈေး ကျပ် ၂၉ သိန်းနီပါးအထိ ဈေးနှုန်း မြင့်တက်လာ
မော်လမြိုင်၊ မတ်(၁၆) ကမ္ဘာ့ရွှေဈေးနှုန်း ပြန်လည်မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းမီးလင်းအခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၉ သိန်းနီပါးအထိ ဈေးနှုန်း မြင့်တက်လာပြီး ဈေးကွက်အတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ရွှေလုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ အမေရိကန်အခြေစိုက် ဘဏ်တွေဖြစ်တဲ့ Silicon Valley Bank(SVB)နဲ့ Signature Bank တို့ ပြိုလဲ ပြီးနောက် သူတို့ဘဏ်တွေမှာ…
