အာရှနိုင်ငံတွေအတွက် ရက်(၃၀)ဗီဇာကင်းလွတ်ခွင့်အပြင် ကန့်သတ်ချက်အားလုံး ဗီယက်နမ်ဖြေလျော့ပေး
ဟနွိုင်း၊ မတ်(၁၈)အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ဗီယက်နမ်က နိုင်ငံခြားခရီးသွားဧည့်သည်တွေ ပိုမိုဆွဲဆောင်နိုင်ဖို့အတွက် ဗီဇာ လိုအပ်ချက်အချို့ကို ဖြေလျှော့ပေးဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့ ဗီယက်နမ် ဝန်ကြီးချုပ် ဖမ် မင်န် ချင် က ပြောပါတယ်။ ဒေသတွင်းမီဒီယာတွေရဲ့ ပြောကြားချက်အရ ကပ်ဘေးကာလပြီးတဲ့နောက်မှာ နိုင်ငံအနေနဲ့ ပြည်ပ ခရီးသွား ဧည့်သည်တွေကို ပြန်လည်ခေါ်ဆောင်ဖို့အတွက် အဓိကရုန်းကန်ရတဲ့အချက်မှာ ဗီဇာရရှိရေး အခက်အခဲ တွေ ကြောင့်သာဖြစ်တယ်လို့…
နိုင်ငံစီးပွားပျက်ကပ်ကို ကျော်လွှားဖို့ ရုရှားဘီလျံနာတွေ ရင်းနှီးမြှုပ်နှံကြဖို့ ပူတင်တိုက်တွန်း
မော်စကို – မတ်(၁၈) ရုရှားသမ္မတ ဗလာဒီမာပူတင်က သူ့နိုင်ငံစီးပွားရေးဖျက်ဆီးမယ့် အနောက်နိုင်ငံတွေရဲ့ကြိုးပမ်း မှု တွေကို ကျော်လွှားဖို့ နည်းပညာအသစ်တွေ၊ထုတ်လုပ်မှု လုပ်ငန်းတွေနဲ့ စီးပွားရေး လုပ်ငန်း တွေမှာ ရင်းနှီးမြှုပ်နှံကြဖို့ ရုရှား ဘီလျံနာတွေနဲ့ စီးပွားရေးအဖွဲ့တွေကို တိုက်တွန်းခဲ့ပါတယ်။ အနောက်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကြားထဲက ရုရှားမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ အနောက် အုပ်စုကမ္ပဏီတွေဟာလည်း ပြီးခဲ့တဲ့ နှစ်က ကော်ပိုရေးရှင်းက…
ထိုင်းနိုင်ငံက ရဲအရာရှိတွေရဲ့ စိတ်ကျန်းမာရေး စစ်ဆေးမယ်
ဘန်ကောက် – မတ်(၁၈) ဘန်ကောက်မြို့က နေအိမ်တစ်ခုမှာ စိတ်ကစင့်ကလျားဖြစ်နေတဲ့ ရဲအရာရှိ ရမ်းသမ်းပစ်ခတ်မှု ကို အထူးကွန်မန်ဒိုတွေအပါအဝင် လူသူလက်နက်အင်အားနဲ့ (၂၇) နာရီကြာတားဆီးခဲ့ရပြီး နောက် ထိုင်းနိုင်ငံတဝှမ်းက ရဲအရာရှိတွေဟာ စိတ်ကျန်းမာရေးစစ်ဆေးမှု ခံယူရတော့မှာပါ။ ရဲအရာရှိတွေရဲ့ လူထုလုံခြုံရေးကို သေချာစေဖို့အတွက် စိတ်ကျန်းမာရေးစစ်ဆေးမှုကို ကျပန်း စနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး လုပ်ငန်းတာဝန်ကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ အတွက်လည်း ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က…
စစ်တပ်က လူသားမျိုးနွယ်စုအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ ဦးကျော်မိုးထွန်းပြော
နယူးယောက် – မတ်(၁၇) အာဏာသိမ်းစစ်တပ်ရဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတာဟာ လူ့အခွင့် အရေးချိုးဖောက်မှု သက်သက်မဟုတ်တော့ဘဲ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာ ရောက်ပြီး လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ပြစ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ သံအမတ် ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၁၆) ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ အခြေအနေနဲ့…
မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရ
မော်လမြိုင် – မတ်(၁၇) မွန်ပြည်နယ်၊ မော်လမြိုင်အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဟာ မနေ့ မတ် (၁၆) ရက်နေ့ ညပိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရတယ်လို့ တပ်တွင်း သတင်းအရင်း အမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တိုင်းလုံခြုံရေးအပြင် ဒရုန်းဖြတ်စနစ် အများအပြား အသုံးပြုထားတဲ့ စစ်ကောင်စီ အရှေ့တောင် တိုင်းစစ်ဌာနချုပ်ကို မနေ့ ည ၁၀ နာရီလောက်မှာ…
Radio Than Lwin Times(14/3)
Youtube Link Sound Cloud Link
TLT Tv||- ၂၀၂၃ ခုနှစ် မတ်လ(၁၇) ရက် သောကြာနေ့ ည(၈)နာရီ သတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/iITekxNoF7I
အချက်အလက်မမှန်တဲ့ ဖုန်းဆင်းမ်ကတ်တွေကို ရက် ၉၀ အတွင်း အပြီးပိတ်သိမ်းမယ်လို့ စစ်ကောင်စီ ကြေညာ
ရန်ကုန်၊ မတ်(၁၇) နိုင်ငံသားစိစစ်ရေးကတ် အချက်အလက်အမှန်နဲ့ လာရောက်ပြင်ဆင် မှတ်ပုံတင်ခြင်းမရှိတဲ့ မိုဘိုင်း ဖုန်းဆင်းမ်ကတ်တွေကို ရက်ပေါင်း ၉၀ အတွင်း အပြီးပိတ်သိမ်းသွားမယ်လို့ စစ်ကောင်စီ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာပါတယ်။ မိုဘိုင်းဖုန်းဆင်းမ်ကတ်တွေ မှတ်ပုံတင်တဲ့အခါ ဖြည့်စွက်ရမယ့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် (မှတ်ပုံတင်နံပါတ်) စတဲ့ အချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ National Database မှာရှိတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးတာတွေ…
စစ်အာဏာသိမ်း (၇၇၄) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၁၃၇ ဦးအထိရှိလာ
မော်လမြိုင်၊ မတ်(၁၇) AAPP ရဲ့ မတ်(၁၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၇၇၄)ရက်အတွင်း ပြည်သူ (၃၁၃၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၃၈၅ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…
စစ်ကောင်စီရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ ၂၆ ပါတီရှိပြီ
နေပြည်တော်၊ မတ်(၁၇) စစ်ကောင်စီကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအတွက် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ် ၁၅ ရက်နေ့အထိ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ၂၆ ပါတီအထိ ရှိလာပြီလို့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်အတွက် စစ်ကောင်စီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ နိုင်ငံရေးပါတီတချို့ အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ် လျှောက်ထားလာတာဖြစ်ပြီး မှတ်ပုံတင်မယ့်ရက်ကလည်း ၁၀ ရက်ကျော်သာ…
