စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်စာမေးပွဲ PDFတွေ ဝင်ဖြေတယ်လို့ စစ်လော်ဘီတွေ သတင်းမှားလွှင့်(အမှန်/အမှား)
မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေ ဖြန့်ဝေနေတဲ့ “တက္ကသိုလ်ဝင်တန်းစာမေးပွဲကို PDFများက အယောင်ဆောင်ဝင်ဖြေ ဗုံးဖောက်ရန်စီစဉ်”ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ဟန်ငြိမ်းဦး၊ အသန်းစတဲ့…
ကျိုက်ထိုမြို့နယ်မှာ စစ်တပ်လက်နက်ကြီးပစ်လို့ ရော်ဘာခြံလုပ်သားတစ်ဦး ဒဏ်ရာရ
ကျိုက်ထို၊ မတ်(၁၈) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ် မှုကြောင့် ရော်ဘာခြံလုပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကွဲမှု ကော်မတီကနေ သိရပါတယ်။ မတ် ၁၆ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သုသာန်အနီး တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…
စစ်အာဏာသိမ်း (၇၇၅) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၁၄၂ ဦးအထိရှိလာ
မော်လမြိုင်၊ မတ်(၁၈) AAPP ရဲ့ မတ်(၁၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၇၅)ရက်အတွင်း ပြည်သူ (၃၁၄၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၄၄၀ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…
မြန်မာရွှေ့ပြောင်းလုပ်သားတွေကို လူမှောင်ခိုပွဲစားတွေက တောတွင်းစွန့်ပစ်တာတွေ ရှိလာ
မော်လမြိုင်၊ မတ်(၁၈) ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို လူမှောင်ခို ပွဲစားတွေက တောတွင်းနေရာတွေမှာ စွန့်ပစ်တာတွေ ရှိလာတယ်လို့ ရွှေ့ပြောင်းအလုပ် သမားအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါး လာတာ၊ နိုင်ငံရေး၊ စစ်ရေးအခြေအနေ မငြိမ်မသက်မှုတွေကြောင့် အလုပ်အကိုင်အခွင့်အ လမ်းရရှိဖို့အတွက် ထိုင်းနိုင်ငံထဲကို လူမှောင်ခိုပွဲစားတွေနဲ့ တရားမဝင်…
စစ်ကောင်စီနဲ့ အပစ်ရပ် ၇ ဖွဲ့တို့ ထပ်တွေ့မယ်
နေပြည်တော်၊ မတ်(၁၈) စစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ NCA စာချုပ်မှာ လက်မှတ်ရေးထိုး ထားတဲ့ အပစ်ရပ် ၇ ဖွဲ့တို့ဟာ လာမယ့် မတ် ၂၈ ရက်နဲ့ ၂၉ ရက်နေ့တို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေး သွားမယ်လို့ အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အပစ်ရပ်…
ကလိန်အောင်တံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ
နိုင်ရေဖြူ၊ မတ်(၁၈) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကလိန်အောင်တံတားမှာရှိတဲ့ စစ်ကောင်စီစစ် ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၅ ဦးလောက် တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မတ် ၁၆ ရက်နေ့ ည ၉ နာရီအချိန်လောက်မှာ ဒေသအတွင်း တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု…
လောင်းလုံးမြို့နယ်မှာ စစ်ရှောင်ပြည်သူ ၃၀ ကျော် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရ
လောင်းလုံး၊ မတ်(၁၈) တနင်္သာရီတိုင်းဒေသကြီး၊ လောင်လုံးမြို့နယ်၊ ရတိမ်ကျေးရွာမှာ လာရောက်တိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ မတ် ၁၆ ရက်နေ့ ညနေပိုင်းမှာ ရတိမ်ကျေးရွာထဲ ရောက်ရှိလာပြီးနောက် ဥယျာဉ်ခြံတွေထဲ တိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူတွေကို လူသားဒိုင်းအဖြစ်…
ရုရှားသမ္မတ ပူတင်ကို ICC ဖမ်းဝရမ်းထုတ်
ဟိတ် – မတ်(၁၈) ယူကရိန်းနိုင်ငံသား ကလေးငယ်တွေကို တရားမဝင်ပြည်နှင်ဒဏ်ပေးတာနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ရုရှားကလေးသူငယ်ဆိုင်ရာ ကော်မရှင်အကြီးအကဲ မာရီယာ ဘီလိုဗာတို့ကို နိုင်ငံတကာရာဇဝတ်တရားရုံ (ICC) က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ သူတို့နှစ်ဦးကို ဟိတ်အခြေစိုက်တရားရုံးက မတ်လ(၁၇) ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်တာ ဖြစ်ပြီး အရပ်သားကလေးငယ်တွေကို ဥပဒေမဲ့ ပြည်နှင်ဒဏ်ပေးတာနဲ့ ယူကရိန်းပိုင်ဒေသတွေ က အရပ်သားတွေကို တရားမဝင်…
“ဆည်တွေတည်ဆောက်တာကို ရပ်ဖို့လိုတယ်။ ရေအရင်းအမြစ်က ကမ္ဘာပေါ်မှာ တကယ်ရှားပါးတဲ့ ရတနာဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာသာ ရေကို သိပ်တန်ဖိုးမထားတာ။ ကမ္ဘာမှာ ရေကိုသက်ရှိတစ်ယောက်ကဲ့သို့ ဥပဒေ တွေနဲ့ကာကွယ်ပေးပြီး ထိန်းသိမ်းစောင့်ရှောက်ကြတဲ့ အနေထားရှိပါတယ်”
“စစ်အာဏာသိမ်းပြီးတည်းက ကျွန်တော်တို့ မြန်မာပြည်အခြေအနေမှာ အားလုံးသိတဲ့အတိုင်း အစိုးရဆိုတာ မရှိတော့ဘူး။ ထိန်းကျောင်းတဲ့စနစ်၊ အရေးယူဆောင်ရွက်မှုဆိုတဲ့ဟာတွေ မရှိတော့ဘူး။ အဲဒီအနေအထားမျိုးမှာ ဘယ်သူတွေသည် ဒီလို မျိုးတွေမှာဝင်လာကြလဲဆို မြစ်တွေပေါ်မှာ အရင်တည်းကအမြတ်ထုတ်လိုတဲ့ အကြီးစားစီးပွားရေး လုပ်ငန်းရှင်တွေရှိတယ်” ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ (KRW) ပြောခွင့်ရ စောသာဘိုးနဲ့ ဆက်သွယ်မေးမြန်းချက်။ စစ်အာဏာသိမ်းပြီး (၂)နှစ်တာကာလအတွင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ပိုမိုများပြားလာသလို အရေးတယူဆောင်ရွက်တဲ့…
ရုရှားသမ္မတ ပူတင်ကို ICC ဖမ်းဝရမ်းထုတ်
ဟိတ် – မတ်(၁၈) ယူကရိန်းနိုင်ငံသား ကလေးငယ်တွေကို တရားမဝင်ပြည်နှင်ဒဏ်ပေးတာနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ရုရှားကလေးသူငယ်ဆိုင်ရာ ကော်မရှင်အကြီးအကဲ မာရီယာ ဘီလိုဗာတို့ကို နိုင်ငံတကာရာဇဝတ်တရားရုံ (ICC) က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ သူတို့နှစ်ဦးကို ဟိတ်အခြေစိုက်တရားရုံးက မတ်လ(၁၇) ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်တာ ဖြစ်ပြီး အရပ်သားကလေးငယ်တွေကို ဥပဒေမဲ့ ပြည်နှင်ဒဏ်ပေးတာနဲ့ ယူကရိန်းပိုင်ဒေသတွေ က အရပ်သားတွေကို တရားမဝင်…
