ဗီယက်နမ်မှာ ၂၀၃၀ နောက်ပိုင်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ခွင့် မပေးတော့ဘူးလို့ထုတ်ပြန်

0
3668

ဟနွိုင်း – မေ(၁၈) 

ဗီယက်နမ်နိုင်ငံမှာ လာမယ့် ၂၀၃၀ ခုနှစ်နောက်ပိုင်းကစပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံအသစ်တွေကို တည်ဆောက်ခွင့်ပေးမှာမဟုတ်တော့ဘူးလို့ သတင်း ထုတ်ပြန်ထား ပါတယ်။ 

အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ ဗီယက်နမ်ဟာ ၂၀၅၀ ခုနှစ်မှာ ကာဗွန်ထုတ်လွှတ်မှု အသား တင်အမှတ် သုည အထိရောက်အောင် လျှေချမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ကျင်းပခဲ့ တဲ့ COP-26 ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ ပြောခဲ့တာပါ။ 

လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးမှုအစီအမံ(၈) လိုအမည်ရတဲ့ အဲဒီအစီအစဉ်သစ်မှာ ၂၀၃၀ အထိ ခွင့်ပြု ချက်ရရှိထားတဲ့ ဒေသတွင်း ကျောက်မီးသွေးစီမံကိန်းတွေကိုသာ အတည်ပြုထားသလို အဲဒီလုပ် ငန်းတွေသာ တည်ဆောက်ရေးကို ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

၂၀၃၀ အထိရည်မှန်းထားတဲ့ အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ (၁၃၅) ဘီလျံကုန်ကျမှာ ဖြစ်ပြီး ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်ဖို့ လမ်းညွှန်ထားတဲ့ စွမ်းအင်မူဝါဒဟာ (၂) နှစ် ကျော် ကြာမြင့်နေတာဖြစ်ပါတယ်။ 

ဗီယက်နမ်နိုင်ငံဟာ ရောနှောစွမ်းအင်အရင်းအမြစ်မှ ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားမှာ ကျောက်မီးသွေးသုံး ဓာတ်အားဟာ လက်ရှိ (၅၀) ရာခိုင်နှုန်းကနေ (၂၀) ရာခိုင်နှုန်းအထိ လျှော့ချမှာဖြစ်တယ်လို့ သိရပါတယ်။ 

Trend Asia ရဲ့သုတေသီတစ်ဦးက ဒီဆုံးဖြတ်ချက်အရ ၂၀၃၀ ခုနှစ်အထိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေကို သိသာစွာမြင့်တင်မှာဖြစ်တယ်လို့ ဆိုထားပြီး ပြန်လည်သိုလှောင်နိုင် တဲ့ စွမ်းအင်အရင်းအမြစ်တွေဖြစ်ပေါ် တိုးတက်ရေးကို အဟန့်အတားဖြစ်စေတယ်လို့ ပြောခဲ့ပါ တယ်။ 

ဒါ့အပြင် ၂၀၃၀ ခုနှစ်မှာ ဗီယဥ်နမ်နိုင်ငံဟာ ပြည်တွင်းလောင်စာသုံးလျှပ်စစ်ဓာတ်အားကို (၉.၉) ရာခိုင်နှုန်းအထိထုတ်လုပ်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဗီယက်နမ်နိုင်ငံဟာ အိန္ဒိယနဲ့ တရုတ်နိုင်ငံပြီးရင် ကမ္ဘာ့တတိယ အကြီးဆုံး လျှပ်စစ် ကျောက်မီး သွေးစီမံကိန်းအသစ်တွေကနေ ကမ္ဘာ့တတိယအကြီးဆုံး ဓာတ်ငွေ့ပိုက်လိုင်းတွေကို ပိုင်ဆိုင်ထား တဲ့ နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။ 

ကာဗွန်ထုတ်လွှတ်မှု အသားတင်သုည အထိလျှော့ချနိုင်ရေး အစီအစဉ်အရ ၂၀၃၀ ခုနှစ်မှာ ရုံးနဲ့ လူနေအဆောက်အအုံတွေဟာ ဆိုလာစွမ်းအင်သုံး ကိုယ်ပိုင်ဓာတ်အား (၅၀) ရာခိုင်နှုန်းအထိ ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

လက်ရှိအချိန်မှာတော့ ဗီယက်နမ်နိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ ဆိုလာ စွမ်းအင်ကို အသုံးပြုတဲ့ ထိပ်တန်း (၁၀) နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ 

ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံဟာ နိုင်ငံရဲ့ အဓိက လျှပ်စစ်ဓာတ်အားကို ကျောက်မီး သွေးနဲ့ ရေအားလျှပ်စစ်ကို အဓိကအသုံးပြုနေတာဖြစ်ပြီး နှစ်စဉ်နွေရာသီရောက်ချိန်မှာ နိုင်ငံ အတွင်းက ပြည်သူတွေကို ဓာတ်အားချွေတာသုံးစွဲဖို့ ညွှန်ကြားလေ့ရှိတယ်လို့ သိရပါတယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.