မွန်ပြည်နယ်မှာ စစ်ကောင်စီ လူဖမ်းပွဲကျင်းပနေ
မော်လမြိုင် ၊ မေ ၁၆ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုမှာ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ အရပ်သားပြည်သူတွေကို အကြောင်းပြချက်မရှိ ဖမ်းဆီးပြီး လူဖမ်းပွဲပုံစံ ခပ်စိပ်စိပ် ပြုလုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ မေလဆန်းပိုင်းကစလို့ ဒေသတွင်းမှာ ညပိုင်းအပြင်ထွက် သွားလာသူတွေကို ဖမ်း ဆီးတာ၊ ဧည့်စာရင်း အကြောင်းပြချက်နဲ့ ဖမ်းဆီးတာ၊ အမျိုးသားနှစ်ယောက် ဆိုင်ကယ်စီးနင်းမှုကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။…