သတင်း

မွန်ပြည်နယ် အစိုးရအဖွဲ့သစ်ကို ဝန်ကြီးဌာန ခုနှစ်ခုနဲ့ ဖွဲ့စည်း

မော်လမြိုင် ၊ ဧပြီ ၇ ရွေးကောက်ပွဲ ဝင်မပြိုင်ဘဲ နိုင်ငံတော် သမ္မတဖြစ်လာတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့တဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့သစ်ကို ဝန်ကြီးဌာန ခုနှစ်နဲ့ ဖွဲ့စည်းဖို့ လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။ ဧပြီ ၆ ရက်နေ့က ကျင်းပတဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ စစ်ခေါင်းဆောင် ပေးပို့လာတဲ့ ဝန်ကြီးဌာနအရေအတွက်ကို…

အစိုးရသစ်မှာ လူငယ်နဲ့ အမျိုးသမီးဝန်ကြီးဌာနကိုလည်း စစ်ခေါင်းဆောင် အဆိုပြုထား

နေပြည်တော် ၊ ဧပြီ ၇ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘဲ နိုင်ငံတော် သမ္မတဖြစ်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူငယ်နဲ့ အမျိုးသမီးဝန်ကြီးဌာန အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခုကို အဆိုပြုထားပါတယ်။ ဧပြီ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ တတိယကြိမ် ပြည်‌ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော် သမ္မတက အဆိုပြုလာတဲ့ ပြည်‌ထောင်စုအစိုးရအဖွဲ့မှာ ဝန်ကြီးဌာန…

မုဒုံတိုက်ပွဲမှာ စစ်သားတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

မုဒုံ၊ ဧပြီ ၇ မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာ ပြည်ထောင်စုလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရာမညမွန်တပ်တော် RMA က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ရောင်းဒေါင်းနဲ့ကွမ်လှာကျေးရွာကြားရှိ ဇရပ်တစ်ခုမှာ တပ်ချထားတဲ့ စစ်ကော်မရှင်တပ်ကို ရာမညမွန်တပ်တော်…

ထိုင်းတောင်ပိုင်းမှာ ရေနံပို့ဆောင်စဉ် ရေနံ လီတာ ၅၇ သန်း ပျောက်ဆုံး

ဘန်ကောက်၊ ဧပြီ ၆ ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီပြည်နယ်ရှိ ရေနံသိုလှောင်ရာ နေရာ ၆ နေရာဆီ ပို့ဆောင်ချိန်အတွင်း လောင်စာ လီတာ ၅၇သန်း ပျောက်ဆုံးမှုမှာ မူမမှန်တာတွေ တွေ့ရတယ်လို့ တရားရေးဝန်ကြီး နာအိုဝါရတ်က ပြောလိက်ပါတယ်။ လောင်စာတွေ ဝယ်ယူစုဆောင်းနေတယ်လို့ သံသယရှိတဲ့ ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်း တရားရေးဝန်ကြီးက ပြောပါတယ်။ လောင်စာတွေ စုဆောင်းသိုလှောင်ထားသူတွေကို အရေးပေါ်…

ငြိမ်းချမ်းရေး ရွေးချယ်ကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ဗာတီကန် စီးတီး၊ ဧပြီ ၆ ပုပ်ရဟန်း မင်းကြီးအဖြစ် ပထမဆုံး ပြောကြားတဲ့ ပုပ်ရဟန်း မင်းကြီး လီယို ၁၄ ရဲ့ အီစတာပွဲတော် ဝတ်ပြုပွဲ မိန့်ခွန်းကို နားထောင်ဖို့ စိန့်ပီတာရင်ပြင်သို့ ဧပြီ ၅ ရက်က လူထောင်ပေါင်းများစွာ ရောက်ရှိလာခဲ့ကြပါတယ်။ ဗာတီကန်နန်းတော် ဝရန်တာကနေ ပြောကြားရာမှာ ပုပ်ရဟန်းမင်းကြီးက စစ်ခင်းဖို့ အင်အားနဲ့ အာဏာရှိသူတွေအနေနဲ့…

ကရင်ဝန်ကြီးချုပ်အဖြစ် ဦးစောမြင့်ဦး ပြန်လည်ရွေးချယ်ခံရ

ဘားအံ၊ ဧပြီ ၆ ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လက်ရှိပြည်နယ်ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ဦးစောမြင့်ဦး ပြန်လည်ရွေးချယ်ခန့်အပ်ခံခဲ့ရပါတယ်။ ဒီကနေ့ ဧပြီ ၆ ရက်နေ့မှာ ကျင်းပတဲ့ ကရင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ လက်ရှိပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးစောမြင့်ဦးကိုပဲ ဝန်ကြီးချုပ်အဖြစ် ကန့်ကွက်သူမရှိ ရွေးချယ်ခဲ့တာပါ။ ဦးစောမြင့်ဦး ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးချယ်ခန့်အပ်လိုက်တာကြောင့် သူ့ကိုထောက်ခံသူတွေက ဝမ်းမြောက်ဂုဏ်ယူမိတယ်လို့ လူမှုကွန်ရက်တွေမှာ ရေးသားထားပါတယ်။ လက်ရှိပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးစောမြင့်ဦးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့…

ဟောမု့ဇ် ရေလက်ကြား ပြန်ဖွင့်ဖို့ အီရန်ကို ထရန့် နောက်ဆုံးအကြိမ် ရာဇသံပေး

ဝါရှင်တန်၊ ဧပြီ ၆ ဟောမု့ဇ် ရေလက်ကြားကို သင်္ဘော အားလုံးအတွက် ပြန်လည် ဖွင့်လှစ်ရေး နောက်ဆုံးသတ်မှတ်ရက် ဧပြီ ၇ ရက် ကျော်လွန်သွားရင် အီရန်ရဲ့ ဓာတ်အားပေးစနစ်နဲ့ တံတားတွေကို ဖျက်ဆီးပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ပါတယ်။ အီရန်ကို ငရဲကျသလို ဖြစ်အောင် လုပ်ပစ်မယ်လို့ ထရန့်က စောစောပိုင်းက ခြိမ်းခြောက်ခဲ့ပေမယ့် နောက်ပိုင်း…

အရှေ့အလယ်ပိုင်း တင်းမာမှု လျှော့ချရေး ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ တရုတ် ပြော

ဘေဂျင်း၊ ဧပြီ ၆ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တရုတ်က ရုရှားနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပြီး အရှေ့အလယ်ပိုင်းဒေသ အခြေအနေ အေးအေးဆေးဆေး ဖြစ်သွားအောင် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဧပြီ ၅ ရက် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့ဗ်နဲ့ ဖုန်းခေါ်ဆိုမှုအတွင်း ပြောကြားခဲ့ပါတယ်။ ဟောမု့ဇ် ရေလက်ကြားကို…

ဘီးလင်းမှာ စစ်တပ်ဗုံးကြဲမှု နေအိမ် ၁၀၀ ကျော် ပျက်စီး၊ အရပ်သား ခြောက်ဦး ဒဏ်ရာရ

ဘီးလင်း၊ ဧပြီ ၆ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သား ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့ကနေ ဧပြီ ၄ ရက်နေ့အထိ ဘီးလင်းမြို့နယ်ရဲ့ လေးကေနဲ့ ဝင်းတာပန်ကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှု…

မွန်ဝန်ကြီးချုပ်အဖြစ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်း ခန့်အပ်ခံရ

မော်လမြိုင် ၊ ဧပြီ ၆ မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းကို ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြု ခန့်အပ်လိုက်ပါတယ်။ ဒီကနေ့ ဧပြီ ၆ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပဉ္စမနေ့)မှာ အတည်ပြု ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတ ဖြစ်လာတဲ့…