သတင်း

ကျင့်ဝတ်တွေကို စောင့်ထိန်းပြီး ဆိုးယုတ်တဲ့ စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းနေတယ်လို့ NUG ပြော

မော်လမြိုင် – ဒီဇင်ဘာ(၁၄) တရားသောစစ်ရဲ့ ကျင့်ဝတ်တွေကို စောင့်ထိန်းပြီး ခုခံတော်လှန်နေသလို တစ်ဖက်မှာလည်း မကောင်းဆိုးရွားလို ဆိုးယုတ်တဲ့ စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းနေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၃) ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၇၈) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “ကျင့်ဝတ်အရ၊ စည်းမျဉ်းအရ၊ လူ့အခွင့်အရေး လေးစား…

မြန်မာနိုင်ငံနဲ့အများဆုံး ကုန်သွယ်နေတဲ့နိုင်ငံအဖြစ် တရုတ်ဆက်လက်ရပ်တည်နေ

ရန်ကုန်၊ ဒီဇင်ဘာ(၁၄) စစ်ကောင်စီ ပြင်ဆင်သတ်မှတ်ခဲ့တဲ့ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီကနေ စက်တင်ဘာလအတွင်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံရှိတဲ့ထဲက တရုတ်နိုင်ငံနဲ့ အများဆုံးကုန်သွယ်ခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ISP-Myanmar ရဲ့ အချက်အလက်တွေအရ အဲဒီခြောက်လတာကာလအတွင်းမှာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှု…

တိုင်းရင်းသားလူမျိုးစုတွေနဲ့လက်တွဲပြီး ဘုံရန်သူကိုတိုက်ထုတ်ဖို့ KTLA စစ်ဦးစီးချုပ် စောနယ်ဒါးမြ တိုက်တွန်း

ကော်သူးလေ၊ ဒီဇင်ဘာ (၁၄) လွတ်လပ်မှုကို အမြန်ဆုံးရရှိစေဖို့ ကရင်လူမျိုးတွေအနေနဲ့ အခြားသော တိုင်းရင်းသားလူမျိုးစုတွေနဲ့ အတူတကွလက်တွဲကာ ရည်မှန်းချက်ပန်းတိုင် ဦးတည်ချက်တူညီသူတွေနဲ့ ပေါင်းစည်းပြီး ရန်သူတွေကို တိုက်ထုတ်ရမယ်လို့ ကော်သူးလေတပ်မတော် KTLA စစ်ဦးစီးချုပ် စောနယ်ဒါးမြက တိုက်တွန်းလိုက်ပါတယ်။ လာမယ့်ဒီဇင်ဘာလ(၂၂)ရက်နေ့မှာ ကျရောက်မယ့် ကရင်နှစ်သစ်ကူးနေ့အတွက် ပေးပို့တဲ့မိန့်ခွန်းမှာ ကော်သူးလေတပ်မတော် KTLA စစ်ဦးစီးချုပ် စောနယ်ဒါးမြက တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ ရှေးဘိုးဘွားလက်ထက်ကတည်းကပင်…

စစ်အာဏာသိမ်း (၆၈၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၇၈ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၁၄) AAPP ရဲ့ ဒီဇင်ဘာ (၁၃) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၈၁)ရက်အတွင်း ပြည်သူ (၂၅၇၈)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၄၉ ဦးအထိ ရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၄၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။…

မွန်ပြည်နယ်ကတောင်သူတွေ ဆောင်းသီးနှံစိုက်ပျိုးဖို့ အခက်ကြုံနေရ

မော်လမြိုင်၊ ဒီဇင်ဘာ (၁၄) အာဏာသိမ်းပြီးနောက် သွင်းအားစုကုန်ပစ္စည်းတွေအပါအဝင် အထွေထွေကုန်ကျစရိတ် အဆမတန် ကြီးမြင့်နေတာကြောင့် မွန်ပြည်နယ်အတွင်းက တောင်သူတွေဟာ အခုနှစ်ဆောင်းရာသီမှာ သီးနှံစိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။ စိုက်ပျိုးရေးသုံး သွင်းအားစုဓါတ်မြေသြဇာဈေးနှုန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တစ်အိတ်ကို ကျပ် ၃၀,၀၀၀ ကနေ ကျပ် ၁၅၀.၀၀၀ အထိ ၅ ဆနီးပါး ဈေးနှုန်းမြင့်တက်လာခဲ့သလို ပိုးသတ်ဆေးအပါ အဝင်…

ဒေသခံတွေကိုမောင်းထုတ်ပြီး ရတနာပုံရွာမှာ စစ်ကောင်စီတပ်အထိုင်ချထား

ဘုတ်ပြင်း၊ ဒီဇင်ဘာ(၁၄) တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံကျေးရွာ ဒေသခံတွေကို စစ်ကောင်စီတပ်က အတင်း အဓမ္မခြိမ်းခြောက် မောင်းထုတ်ပြီးနောက် ကျေးရွာအတွင်း အထိုင်ချတပ်စွဲထားတယ်လို့ ဒေသ PDF တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ် ရတနာပုံကျေးရွာမှာရှိတဲ့ စစ်ကောင်စီနယ်စပ်စခန်းကုန်းတစ်ခုကို ပြီးခဲ့တဲ့ ဒီဇင် ဘာ ၃ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေက…

ထိုင်ဝမ်ကာကွယ်ရေးဇုန်ထဲကို တရုတ်က စံချိန်တင်ဗုံးကြဲလေယာဉ်တွေ စေလွှတ်

ထိုင်ဝမ်၊ ဒီဇင်ဘာ (၁၄) ထိုင်ဝမ်-ဘေဂျင်း ဆက်ဆံရေးယိုယွင်းလာတဲ့ လက္ခဏာတစ်ခုအဖြစ် ထိုင်ဝမ်တင်သွင်းကုန်တွေကို ပိတ်ပင် လိုက်ပြီးတဲ့နောက်ရက်ပိုင်းအကြာမှာ တရုတ်ဟာ ထိုင်ဝမ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းကို စံချိန်တင် နျူကလီယားဗုံးကြဲလေယာဉ်တွေကို စေလွှတ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်ကး လေယာဉ် (၂၁) စင်းဟာ ကျွန်းရဲ့ အနောက်တောင် လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) ကိုဝင်ရောက်ခဲ့ပြီး အဲဒီလေယာဉ်တွေထဲမှာ နျူဗုံးကြဲလေယာဉ် H-6…

အာဏာသိမ်းမှုမှာ ဖမ်းဆီးခံရတဲ့အမျိုးသမီး ၂၆၀၀ ကျော်အထိရှိလာ

ရန်ကုန်၊ ဒီဇင်ဘာ (၁၄) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးတာကာလအတွင်း မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၆၃၀၀ ထဲမှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၆၀၀ ကျော်ပါဝင်နေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က ထုတ်ပြန်ပါတယ်။အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ဒီဇင်ဘာ ၅ ရက်ကနေ ၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက်ညီလာခံအပြီး နိုင်ငံရေးကြေညာစာတမ်းမှာ…

ဘီးလင်းမြို့နယ်က အုပ်ချုပ်ရေးမှူးရုံး ၂ ရုံး ဗုံးခွဲသတိပေးခံရ

ဘီးလင်း၊ ဒီဇင်ဘာ (၁၄) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သောင်ကြီးကျေးရွာနဲ့ ပေါက်တောကျေးရွာက အုပ်ချုပ်ရေးမှူးရုံး ၂ ရုံးကို သတိပေးတဲ့အနေနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး ၂ ရုံးကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၂ နာရီ ည ၉ နာရီလောက်မှာ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဗုံးခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် ရုံးအဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပေမယ့်…

ထိုင်းရွေးကောက်ပွဲမှာ သက်ဆင်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေးပါတီအနိုင်ရဖို့ ရေပန်းစားနေ

ဘန်ကောက် – ဒီဇင်ဘာ(၁၄) ထိုင်းနိုင်ငံအတွင်း ကောက်ခံထားတဲ့ စစ်တမ်းတစ်ခုမှာ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဖီယူ ထိုင်းပါတီနဲ့ သက်ဆင်ရှင်နာဝါထရာရဲ့ သမီးဖြစ်သူ ဟာ လာမယ့်နှစ်အစောပိုင်းကျင်းပမယ့် ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်ဖို့ရှိနေတယ်လို့ သိရပါတယ်။ စစ်တမ်းကောက်ခံခဲ့တဲ့ လူပေါင်း (၁၃၁၀) ဦးရဲ့ (၇၃) ရာခိုင်နှုန်းဟာ ဖီယူထိုင်းပါတီအပေါ် အမြင့်ဆုံး ယုံကြည်ထားကြပြီး ဒီနှုန်းထားဟာ ရွေးကောက်ပွဲအောင်နိုင်ဖို့ အခွင့်အရေးအများ ဆုံးရှိနေတာဖြစ်တယ်လို့…