သတင်း

တရုတ်ကြောင့် ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးမူဝါဒ အလုံးစုံ ပြောင်းလဲမယ်

တိုကျို – ဒီဇင်ဘာ(၁၅) ဂျပန်နိုင်ငံက တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဆယ်စုနှစ်တွေအတွင်း သူတို့ရဲ့ အသုံးစရိတ် တွေမြှင့်တင်တာ၊စစ်ရေးကွပ်ကဲမှုပုံစံ ပြန်လည်ပြင်ဆင်တာနဲ့ ဒုံးကျည်အသစ်တွေ သိုလှောင်တာ တွေပါဝင်တဲ့ အကြီးမားဆုံးကာကွယ်ရေးဆိုင်ရာ ပြင်ဆင်မှုတွေကို ကြေညာဖို့ရှိနေပါတယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ မှတ်တမ်းသုံးခုမှာ ဖော်ပြမယ့် မူဝါဒတွေဟာ စစ်ပြီးခေတ် ဖွဲ့စည်းပုံအရ တပ်မတော်ကို တရားဝင်အသိအမှတ်မပြုတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေး အခင်းအကျင်းကို ပြန်လည်ပုံမှာဖြစ်တယ်လို့…

စစ်အာဏာသိမ်း (၆၈၆) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၈၉ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၁၅) AAPP ရဲ့ ဒီဇင်ဘာ (၁၄) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၈၆)ရက်အတွင်း ပြည်သူ (၂၅၈၉)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၅၅ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၄၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

အိန္ဒိယအဝယ်လိုက်နေလို့ မွန်ပြည်နယ်မှာ မတ်ပဲဈေးထပ်တက်လာ

မော်လမြိုင်၊ ဒီဇင်ဘာ(၁၅) အိန္ဒိယနိုင်ငံက ပဲအဝယ်လိုက်နေတာကြောင့် မွန်ပြည်နယ်မတ်ပဲဈေးကွက်မှာ ဝယ်လိုအားမြင့်တက်လာပြီး ဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ ပဲကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မတ်ပဲဈေးနှုန်းဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ပထမပတ်က (၂၀)ပိဿာတစ်တင်းကို ကျပ် (၅၅၀၀၀) ဝန်းကျင်သာရှိရာကနေ ဒီဇင်ဘာလ (၁၄) ရက်နေ့မှာတော့ တစ်တင်းကိုကျပ်(၅၈၀၀၀) ဝန်းကျင်ထိ ဈေးနှုန်း ထပ်မံမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ မတ်ပဲဈေးနှုန်းဟာ ပဲပေါ်ကာလဖြစ်တဲ့ မတ်လတုန်းကဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် တစ်တင်းကိုကျပ်၂၀,၀၀၀…

အငြင်းပွားဖွယ်နယ်စပ်အရေးကို တရုတ်က ပြောင်းလဲဖို့ ကြိုးစားနေတယ်လို့ အိန္ဒိယ စွပ်စွဲ

ဒေလီ – ဒီဇင်ဘာ(၁၅) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်တစ်ခုဖြစ်တဲ့ အရွန်ချယ် ပရာဒရှ့်က တဝန်လို့ခေါ်တဲ့ နေရာတစ်ခုမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီးနောက် တရုတ်အစိုးရ ဟာ အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဟိမဝန္တာနယ်စပ်အတွင်း ကအနေအထားတွေကို ပြောင်းလဲဖို့ ကြိုးစားနေတယ်လို့ အိန္ဒိယအစိုးရက စွပ်စွဲခဲ့ပါတယ်။ တရုတ်နဲ့ အိန္ဒိယ အကြားခွဲခြားထားတဲ့ နယ်စပ်ဟာ ဥပဒေကြောင်းအရခွဲခြားထားတာမရှိသလို တရုတ်နိုင်ငံဘက်က နယ်စပ်တစ်ခုလုံးစာအတွက် တောင်းဆိုထားကာ…

စစ်ကောင်စီရဲ့ ပိုက်စိပ်တိုက်ဖမ်းဆီးမှုကြောင့် မြို့ပြပျောက်ကြားတွေအပါအဝင် လူငယ် ၃၀ကျော် တစ်ပတ်အတွင်းဖမ်းဆီးခံရ

ရန်ကုန်၊ ဒီဇင်ဘာ (၁၅) စစ်ကောင်စီဒေါက်တိုင်တွေကို ချေမှုန်းနေတဲ့ မြို့ပြပြောက်ကျားအဖွဲ့ဝင် (UG)တွေကို စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ဖမ်းဆီးမှုတွေကို ခပ်စိပ်စိပ်လုပ်ဆောင်ခဲ့ပြီး UGတွေအပါအဝင် အရပ်သားလူငယ် ၃၀ကျော်ကို ဒီတစ်ပတ်အတွင်းမှာဖမ်းဆီးခံခဲ့ရတယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေထံမှ သိရပါတယ်။ ရန်ကုန်မြို့မှာစစ်ကောင်စီက မြို့ပြပြောက်ကျားတွေ တိမ်းရှောင်နေတယ်လို့ ယူဆရတဲ့နေရာတွေကို အချိန်မရွေး ဧည့်စာရင်းဝင်စစ်ပြီး ဖမ်းဆီးတာ၊ ဖမ်းဆီးမိတဲ့ မြို့ပြပြောက်ကျားတွေနဲ့ ထောက်ပံ့နေသူ ပြည်သူတွေရဲ့ ဖုန်းကတစ်ဆင့် လူမှုကွန်ရက်ကိုအခြေခံပြီး…

လေဆိပ်နဲ့ဆိပ်ကမ်းစီမံကိန်းအတွက် သုံးလအတွင်း မြေယာလျော်ကြေးပေးမယ်လို့ ပြည်နယ်စစ်ကောင်စီပြော

မော်လမြိုင်၊ ဒီဇင်ဘာ (၁၅) မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာအကောင်အထည်ဖော် တည်ဆောက်သွားမယ့် လေဆိပ်နဲ့ဆိပ်ကိမ်းစီမံကိန်းအတွက် မြေယာလျော်ကြေးကို သုံးလအတွင်းပေးချေသွားမယ်လို့ မွန်ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးအောင်ကြည်သိန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီက နိုင်ငံတကာအဆင့်မီ လေဆိပ်ကို မုဒုံမြို့နယ်၊ကော့ပရံကျေးရွာအနီးမှာ တည်ဆောက်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကို မုဒုံမြို့နယ်ရဲ့ ပင်လယ်ထွက်ပေါက်နဲ့နီးတဲ့ ဘလောက်ညောင်ဝိုင်းနဲ့ ဝဲကလိကျေးရွာကြားမှာ တည်ဆောက်သွားဖို့ မြေနေရာတွေသတ်မှတ်ထားပါတယ်။ နိုင်ငံတကာအဆင့်မီ လေဆိပ်စီမံကိန်းအတွက် မြေဧက ၄၃၀၀ ကျော်လျာထားသလို…

ဇင်းကျိုက်ရဲ ၂ ဦး ပစ်သတ်ခံရမှုမှာ ဖမ်းဆီးခံရတဲ့ဒေသခံအများစု ပြန်မလွတ်သေး

ပေါင်၊ ဒီဇင်ဘာ (၁၅) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းက နယ်ထိန်းရဲအပါအဝင် ရဲတပ်သား ၂ ဦး ပစ်သတ်ခံရမှုမှာ ဖမ်းဆီးခံလိုက်ရတဲ့ ဥတ္တံတားကျေးရွာက ဒေသခံအများစု ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဥတ္တံတားကျေးရွာက ပြန်လာတဲ့ နယ်ထိန်းရဲအပါအဝင် ရဲတပ်သား ၂ ဦးကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၁ ရက်နေ့တုန်းက ပေါင်မြို့နယ်၊ ဖလပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ…

မော်လမြိုင်-ရန်ကုန် ကုန်ရထားမိုင်းဆွဲခံရပြီးနောက် ခရီးစဉ်တချို့ ဖျက်သိမ်း

မော်လမြိုင် – ဒီဇင်ဘာ(၁၄) မော်လမြိုင်-ရန်ကုန် ကုန်ရထား မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် ရထားခရီးစဉ်တချို့ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီ မြန်မာ့မီးရထားဌာနက ထုတ်ပြန်ပါတယ်။ အဲဒီကုန်ရထားဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီခွဲအချိန်က သထုံမြို့နယ်၊ ကလိကျွန်းကျေးရွာနဲ့ တံတားဦးကျေးရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။ ကုန်ရထား မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့အတွက် ရန်ကုန် – မော်လမြိုင် အစုန်အဆန်…

တိုင်းချစ်ပြည်ချစ်စိတ် နဲ့ စက်ဘီးစီးကြဖို့ စစ်ခေါင်းဆောင်ပြော

မြစ်ကြီးနာ – ဒီဇင်ဘာ(၁၄) အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်သုံးဆီ ချွေတာဖို့အတွက် တိုင်းချစ်ပြည်ချစ်စိတ်နဲ့ စက်ဘီးစီးကြဖို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၃) ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန်မှာ အခုလိုပြောခဲ့တာပါ။ “စက်သုံးဆီများကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရ မှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှုများ များစွာကုန် ကျလျက်ရှိကြောင်း၊ ထို့ကြောင့် စက်သုံး ဆီများကို တတ်နိုင်သမျှချွေတာသုံးစွဲရန်လိုကြောင်း၊ စက်သုံးဆီသုံးစွဲရန်…