Russian President Vladimir Putin, accompanied by Sakhalin region Governor Valery Limarenko and regional Minister of Education Anastasia Kikteva, walks during his visit on the Southern Kuril Island of Iturup, in far eastern Sakhalin Region, Russia, August 13, 2026. Sputnik/Gavriil Grigorov/Pool via REUTERS ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PARTY.

မော်စကို၊ သြဂုတ် ၁၈

ရုရှား အရှေ့ဖက်စွန်းရှိ ကူရီလ်ကျွန်းတွေဆီ သမ္မတ ဗလာဒီမာ ပူတင် မကြာသေးခင်က သွားရောက်ခဲ့မှုကို တိုကျိုက ပြစ်တင် ရှုတ်ချခဲ့ပြီးနောက် ဂျပန် သံအမတ်ကို ဆင့်ခေါ်ခဲ့ကြောင်း မော်စကိုက သြဂုတ် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။

အဲဒီ ကျွန်းတွေကို ဂျပန်ကလည်း သူတို့ ပိုင်တယ်လို့ ပြောဆိုထားပါတယ်။

၁၉၄၅ ခုနှစ်အတွင်း ဆိုဗီယက် ပြည်ထောင်စုက သိမ်းပိုက်ပြီး ဂျပန် ဒေသခံ ထောင်ပေါင်းများစွာကို နှင်ထုတ်ပစ်ခဲ့တဲ့ အဲဒီ ကျွန်းတွေကို လက်ရှိမှာ ရုရှားက အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ မြောက်ပိုင်း နယ်နိမိတ်တွေလို့ ခေါ်တဲ့ အဲဒီ အငြင်းပွား ကျွန်းတွေကြောင့် ရုရှား-ဂျပန် ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတာ ကြာပြီ ဖြစ်ပါတယ်။

ရုရှားပိုင် ဆာခါလင်ကျွန်းသို့ သွားရောက်ခဲ့ပြီးနောက် ပူတင်ဟာ အနီးအနားရှိ အငြင်းပွားနေတဲ့ ကျွန်းတွေဆီကိုလည်း သွားရောက်ခဲ့တာကြောင့် ဂျပန်က ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

အခုတော့ မော်စကိုက ဂျပန် သံအမတ် အေကီရာ မူတိုကို ဆင့်ခေါ်ပြီး လက်စားပြန်ချေခဲ့တာ ဖြစ်ပါတယ်။

ပူတင်ရဲ့ ခရီးစဉ်ကို ဝေဖန်ပြီးတော့ ဂျပန် အရာရှိတွေက လူ့စည်းကမ်း စည်းမျဉ်းကို ကျော်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့က ပြောပါတယ်။

ဂျပန် သံအမတ်ကို ဆင့်ခေါ်ခဲ့ကြောင်း၊ သံအမတ် မူတိုအနေနဲ့ ချက်ချင်း တက်ရောက်နိုင်မှာ မဟုတ်ကြောင်း တိုကျို အစိုးရက ကနဦး ပြောကြားခဲ့တယ်လို့ ဝန်ကြီး လက်ဗရော့က ဖြည့်စွက်ပြောဆိုပါတယ်။

“သူ မော်စကိုမှာ မရှိဘူး ဒါမှမဟုတ် သူ နေမကောင်းဘူးလို့ ကျွန်တော်တို့ကို စောစောပိုင်းက ပြောကြားခဲ့ပြီး အခြေအနေကို ကျွန်တော်တို့ တော်တော်ကို နားမလည် ဖြစ်ခဲ့ရတယ်” လို့ လက်ဗရော့က ပြောပါတယ်။

လက်ဗရော့ရဲ့ ပြောဆိုမှုအပြီး ဂျပန် သံအမတ် ရုတ်တရက် နေပြန်ကောင်းလာခဲ့ပြီး သြဂုတ် ၁၈ ရက်မှာ လာရောက်မှာ ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိအမျိုးသမီး မာရီယာ ဇာခါရိုဗာက နိုင်ငံပိုင် သတင်းဌာန TASS သို့ ပြောပါတယ်။

မူတိုကို ဆင့်ခေါ်မှုဟာ ဂျပန် ခေါင်းဆောင်ပိုင်းရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ဖြေရှင်းဖို့ ရည်ရွယ်တာ ဖြစ်ပြီး သံအမတ်တွေအနေနဲ့ အိမ်ရှင်နိုင်ငံမှာ သူတို့ ဘယ်လို ပြုမူ သင့်သလဲ ဆိုတာနဲ့ ပတ်သက်လို့ ရှင်းလင်းဖို့ ရည်ရွယ်တယ်လို့ လက်ဗရော့က ပြောပါတယ်။

၂၀၂၂ ခုနှစ်က ယူကရိန်းမှာ အင်အားအပြည့်သုံး တိုက်ခိုက်တဲ့ စစ်ပွဲ စတင်ပြီး နောက်ပိုင်း ဂျပန်နဲ့ ရုရှားကြား ဆက်ဆံရေး ဆိုးရွားသွားခဲ့ပါတယ်။

ရုရှားအား ဒဏ်ခတ်ပိတ်ဆို့ရာမှာ ဂျပန်က G7အဖွဲ့ဝင် နိုင်ငံတွေနဲ့ အတူ ပူးပေါင်းပါဝင်ခဲ့ပြီး ယူကရိန်းကို ငွေကြေးနဲ့ မသေစေနိုင်တဲ့ ကာကွယ်ရေး အကူအညီတွေ ပေးနေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.