ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီကို ပြန်လည်ဖွဲ့စည်းမယ်
ကယား၊ ဒီဇင်ဘာ (၁၆) ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)ကို လာမယ့် ၂၀၂၃ နှစ်ဆန်းပိုင်းမှာ ညီလာခံခေါ်ယူပြီး ပြန်လည်ဖွဲ့စည်းသွားမယ်လို့ ကောင်စီပြောခွင့်ရ ခူးထဲဘူးက သံလွင်တိုင်မ်းကို ပြောပါတယ်။ အသစ်ပြန်လည်ဖွဲ့စည်းမယ့် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီဟာ ကရင်နီပြည်နယ်အတွင်း အုပ် ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍတွေကိုပါ အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ထားတာပါ။ လာမယ့်ညီလာခံမှာတော့ အရင်ကချမှတ်ထားတဲ့ ကြားကာလအစီအမံတွေကို ပိုမိုအကောင်အထည် ဖော်နိုင်ဖို့အတွက် တော်လှန်ရေးမှာ…
