စစ်တပ်ထောက်တိုင် PTT နဲ့ ဆက်စပ်ထုတ်ကုန်တွေကို ပြည်သူတွေ သပိတ်မှောက်ဖို့ သွေးစွန်း ငွေဖြတ်တောက်ရေးအဖွဲ့တိုက်တွန်း
မော်လမြိုင် – ဒီဇင်ဘာ(၁၃) လက်နက်အားကိုးပြီး နိုင်ငံတော်အာဏာလုယူထားတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်လုပ် နိုင်ဖို့ အဓိက ထောက်ပံ့ပေးနေတဲ့ နိုင်ငံခြားငွေရလမ်းကြောင်းဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းက အစုရှယ်ယာအများဆုံးပိုင်ဆိုင်ထားတဲ့ ထိုင်နိုင်ငံပိုင် PTT ကုမ္ပဏီ ရဲ့ ထုတ်ကုန် တွေ သပိတ်မှောက်ဖို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတကာက ပိတ်ဆို့အရေးယူဖို့ နှောင့်နှေးနေတာကြောင့် PTT ထုတ်ကုန်တွေကိုပြည်သူတွေ…
