ထိုင်းရွေးကောက်ပွဲမှာ သက်ဆင်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေးပါတီအနိုင်ရဖို့ ရေပန်းစားနေ

0
8958

ဘန်ကောက် – ဒီဇင်ဘာ(၁၄) 

ထိုင်းနိုင်ငံအတွင်း ကောက်ခံထားတဲ့ စစ်တမ်းတစ်ခုမှာ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဖီယူ ထိုင်းပါတီနဲ့ သက်ဆင်ရှင်နာဝါထရာရဲ့ သမီးဖြစ်သူ ဟာ လာမယ့်နှစ်အစောပိုင်းကျင်းပမယ့် ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်ဖို့ရှိနေတယ်လို့ သိရပါတယ်။ 

စစ်တမ်းကောက်ခံခဲ့တဲ့ လူပေါင်း (၁၃၁၀) ဦးရဲ့ (၇၃) ရာခိုင်နှုန်းဟာ ဖီယူထိုင်းပါတီအပေါ် အမြင့်ဆုံး ယုံကြည်ထားကြပြီး ဒီနှုန်းထားဟာ ရွေးကောက်ပွဲအောင်နိုင်ဖို့ အခွင့်အရေးအများ ဆုံးရှိနေတာဖြစ်တယ်လို့ စစ်တမ်းကို ဦးဆောင်ခဲ့တဲ့ National Institute of Development Administration NIDA က ဆိုခဲ့တာပါ။ 

NIDA ရဲ့ဖော်ပြချက်မှာတော့ ဖီယူထိုင်းပါတီပြီးရင် ဒုတိယနေရာမှာ လူငယ်တွေကြား ကျော်ကြားတဲ့ Move Forward Thai ပါတီ က ဆန္ဒမဲ (၄၁) ရာခိုင်နှုန်းရရှိထားပါတယ်။ 

လက်ရှိအာဏာရပါတီဖြစ်တဲ့ ဖလန်ဖရတ်ချာရတ်ပါတီကိုတော့ ဖြေဆိုသူတွေထဲက (၃၁) ရာခိုင်နှုန်းက ရွေးချယ်ထားတယ်လို့ သိရပါတယ်။ 

ဖီယူထိုင်းပါတီရဲ့ ရွေးကောက်ပွဲ ကမ်ပိန်းတွေကို ဒီလထဲမှာ တရားဝင်စတင်ထားပြီး စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ အုပ်ချုပ်ရေးကို အဆုံးသတ်ဖို့ နည်းလမ်းရှာနေတာပါ။ 

ဒါ့အပြင် ဖီယူထိုင်းပါတီဟာ အောက်လွှတ်တော်မှာခုံပေါင်း (၅၀၀) ထဲက ထက်ဝက်ကျော် အနိုင်ရဖို့ မျှော်လင့်နေကာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း အောက်လွှတ်တော်နေရာ အများစု ကိုရရှိခဲ့ပေမယ့် ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာရဲ့ ဖလန်ဖရတ်ချာရတ်ပါတီကြောင့် ပါလီမန် ခရီးအဆုံးသတ်ရဖူးပါတယ်။ 

ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် အလားအလာရှိတဲ့ သက်ဆင်ရဲ့ သမီးဖြစ်သူ ဖယ်တုံတန် ရှင်နာဝါထရာ ဟာ လတ်တလော ပါတီစည်းရုံးရေးလုပ်ငန်းတွေမှာ အရေးပါတဲ့ အခန်း ကဏ္ဍက ပါဝင်နေတယ်လို့ သိရပါတယ်။ 

NIDA ကပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာ လည်း သက်ဆင်ရဲ့ သမီးက ရေပန်းအစားဆုံးဖြစ်နေပြီး အာဏာသိမ်း ခေါင်းဆောင်ဗိုလ်ချုပ်ကြီး ပရရွတ်ကတော့ အာဏာရယူပြီး (၈) နှစ်အကြမှာ ရေပန်းစားမှုကနေ ကျဆင်းသွားတာဖြစ်ပါတယ်။ 

ထိုင်းဝန်ကြီးချုပ်အဖြစ် ဖယ်တုံတန် ရှင်နာဝါထရာ ကို ထောက်ခံသူ (၂၂) ရာခိုင်နှုန်းရှိပြီး ပရရွတ်ကတော့ Move Forward ခေါင်းဆောင်နဲ့အတူ (၁၀) ရာခိုင်နှုန်းကွာပြီး နောက်ကျနေ တယ်လို့ သိရပါတယ်။

Ref:The Straitstime

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.