သတင်း

ရဲစခန်းကိုသိမ်းပိုက်ပြီး ဓားစာခံတွေကိုဖမ်းထားတဲ့ စစ်သွေးကြွ ၃၃ယောက် အသေဖမ်းမိ

လဟိုး၊ ဒီဇင်ဘာ (၂၁) ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခံထားရတဲ့ ရဲစခန်းတစ်ခုကို ပြန်လည်ရယူနိုင်ခဲ့ပြီး ဓားစာခံတွေကို ဖမ်းဆီးထားတဲ့ စစ်သွေးကြွ (၃၃) ဦးစလုံး သေဆုံးခဲ့ကြောင်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက ပြောကြား ခဲ့ပါတယ်။ အစ္စလာမ္မစ် စစ်သွေးကြွတွေဟာ ဝေးလံခေါင်ဖျားတဲ့ ပါကစ္စတန်အနောက်မြောက်ပိုင်း ဘန်နူခရိုင်ရှိ ရဲစခန်း တစ်ခုကို တနင်္ဂနွေနေ့မှာဝင်ရောက်သိမ်းပိုက်ခဲ့ပြီး အဲဒီအချိန်မှာ လုံခြုံရေးအရာရှိတွေအပါအဝင် လူအများ အပြားက အတွင်းမှာရှိနေခဲ့တာပါ။…

မြန်မာနိုင်ငံက ငွေကြေးလိမ်လည်တဲ့ အလုပ်မှာ ရောင်းစားခံခဲ့ရတဲ့ မလေးနိုင်ငံသား (၆)ဦး ပြန် ခွင့်ရ

ရန်ကုန် – ဒီဇင်ဘာ(၂၂) မြန်မာနိုင်ငံက ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းမှာ ရောင်းစားခံထားရတဲ့ မလေးရှားနိုင်ငံသား (၆)ဦးဟာ ဒီဇင်ဘာလ(၂၁) ရက်နေ့က ပြည်တော်ပြန်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။ အသက်(၁၉) နှစ်အရွယ် မလေးရှားနိုင်ငံသား မွတ်ဖာဟန်အက်ဇ်မာန် က ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်ခန်းမကို ရောက်ရှိချိန်မှာ ကျေးဇူးတင်ကြောင်း ကြမ်းပြင်ပေါ်ထိုင်ချကာ အရိုအသေပေး ပြီး ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံကို လူကုန်ကူးခံခဲ့ရတဲ့ မလေးရှားနိုင်ငံသားတွေ…

ဂျပန်ရဲ့ လုံခြုံရေးဗျူဟာအသစ်ကို မြောက်ကိုရီးယားရှုတ်ချ

တိုကျို – ဒီဇင်ဘာ(၂၂) မြောက်ကိုရီးယားက ဂျပန်နိုင်ငံရဲ့ လုံခြုံရေးဗျူဟာသစ်ကို ရှုတ်ချခဲ့ပြီး ဒီရွေးချယ်မှုဟာ မှားယွင်းကြောင်း ပြသမယ်လို့ ဆိုခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးဖြစ်လာတဲ့ စစ်ရေးတည်ဆောက်မှုတွေကို ဂျပန်က ထုတ်ဖော်ခဲ့ပြီးရက်ပိုင်းအကြာမှာ ဂျပန်နိုင်ငံရဲ့ မဟာဗျူဟာက ရန်လိုတဲ့ မူဝါဒကို တရားဝင် ဖြစ်စေခဲ့သလို ဒေသတွင်း လုံခြုံရေးကို ပြောင်းလဲဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ မြောက်ကိုရီး ယားက ပြောခဲ့တာပါ။ “ဂျပန်က…

ကယားစစ်ဘေးရှောင်တွေအတွက် KSCC ကနိုင်ငံတကာကို အကူအညီတောင်းခံ

ဒီမော့ဆို – ဒီဇင်ဘာ(၂၂) စစ်ကောင်စီရဲ့ နေ့စဉ်လိုလိုထိုးစစ်ဆင်ခံနေရတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေအတွက် နိုင်ငံတကာရဲ့ အကူအညီတွေမရရှိဘူးဆိုရင် စားနပ်ရိက္ခာလုံးဝပြတ်သွားတော့မယ့် အခြေအနေ နဲ့ရင်ဆိုင်နေရတယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC က သံလွင်တိုင်းမ် ကိုပြောပါတယ်။ UNHCR က လွိုင်ကော်မြို့ပေါ်မှာ စစ်ရှောင်တွေအတွက် ရည်ရွယ်ပြီး စားနပ်ရိက္ခာ တွေ ဝေးပေးနေပေမယ့် စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့ဟန့်တားမှုတွေကြောင့် လိုအပ်နေတဲ့ ပြည်သူတွေ…

KNU နယ်မြေထဲက စစ်ရှောင်တွေအတွက် အနွေးထည်နဲ့စောင်အကူအညီတွေ လိုအပ်နေ

ညောင်လေးပင်၊ ဒီဇင်ဘာ(၂၂) ဆောင်းရာသီအအေးဒဏ်ကြောင့် KNU အုပ်ချုပ်နယ်မြေထဲက တောတောင်ထဲမှာ ထွက်ပြေးတိမ်း ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် အနွေးထည်နဲ့ စောင်အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးဝင်ရောက်လှုပ်ရှားမှု နဲ့ လူ့အခွင့်အရေးချိုးဖောက်ဆောင်ရွက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၄ သိန်း နီးပါးအထိ ရှိလာခဲ့တာ…

ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေ

ကော့ကရိတ်၊ ဒီဇင်ဘာ (၂၂) ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၁၆)ရက်နေ့ကစပြီး ကော့ကရိတ်တောင်ပိုင်း လှိုင်ဝကျေးရွာက စစ်ကောင်စီရဲ့ ခမရ(၂၃၁) စခန်းနဲ့ ကော့ကရိတ်-ကျုံဒိုး ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်…

စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးနှစ် စစ်ရေးအရှိန်တိုးမြှင့်မှုတွေနဲ့သာ အဆုံးသတ်

ရန်ကုန်၊ ဒီဇင်ဘာ(၂၂) တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ခဲ့ပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်း ထန်လာနေတဲ့အတွက် စစ်ရေးအရှိန်တိုးမြှင့်မှုတွေနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေး နှစ် ဖြစ်တာကြောင့်…

ကျိုက်ထိုမြို့နယ်ထဲက စစ်ကောင်စီအထိုင်တပ်တွေမှာ လက်နက်ကြီးတွေ တိုးချဲ့တပ်ဆင်လာ

ကျိုက်ထို၊ ဒီဇင်ဘာ(၂၂) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက စစ်ကောင်စီအထိုင်တပ်တွေမှာ လက်နက်ကြီးတွေ တိုးချဲ့တပ်ဆင်လာပြီး အထိုင်စစ်ရေး ပြင်ဆင်မှုတွေကို ပိုမိုလုပ်ဆောင်လာတယ်လို သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ဒီဇင်ဘာလလဆန်းပိုင်းကစပြီး ကျိုက်ထိုမြို့နယ်ထဲက အထိုင်တပ်တွေမှာ ဟောင်ဝင်ဇာအမြောက်ကြီးတွေ၊ ၁၂၀ မမ ပစ်ခတ်နိုင်တဲ့အမြောက်တွေအပြင် တာဝေးပစ်လက်နက် ကြီးတွေကိုပါ တိုးချဲ့တပ်ဆင်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ…

ပလမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးထိမှန်ဒဏ်ရာရ

ပလ၊ ဒီဇင်ဘာ(၂၂) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့မှာ ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းကစပြီး နှစ်ဖက်တိုက် ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပလမြို့ အမှတ်(၁)နဲ့ အမှတ်(၂)ရပ်ကွက်ဘက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရောက်ရှိနေစဉ် စစ်ကောင် စီတပ်က လက်နက်ကြီး ၄ လုံး…

မော်လမြိုင်လေဆိပ်ကို နေရာပြောင်းရွှေ့မယ်လို့ စစ်ခေါင်းဆောင် ပြော

မော်လမြိုင်၊ ဒီဇင်ဘာ (၂၂) မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လက်ရှိ တည်ရှိနေတဲ့ လေဆိပ်ကို နေရာအသစ်သို့ ပြောင်းရွှေ့ဖို့ စီမံဆောင် ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ စစ်ခေါင်ဆောင်က လက်ရှိ မော်လမြိုင်လေယာဉ်ကွင်းဟာ မြို့နဲ့ နီးကပ်နေတာ၊ တက္ကသိုလ်နဲ့နီးကပ် နေတာ ကြောင့် ခေါက်ရေ တိုးချဲ့ပြေးဆွဲဖို့ ကန့်သတ်ချက်ရှိသလို လေယာဉ်ပြေးလမ်းတိုးချဲ့ဖို့ အတွက်လည်း…