ရေဖြူ မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းပြီး စစ်ဆေးမှု တင်းကြပ်လုပ်ဆောင်နေ
ရေဖြူ ၊ နိုဝင်ဘာ ၂၂ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူ မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ အင်အားဖြည့် ရောက်ရှိနေပြီး စစ်ဆေးမှုတွေ တင်းကြပ်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ နိုဝင်ဘာလ စတုတ္ထအပတ်မှ စတင်ကာ စစ်ကောင်စီတပ်သားများက ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာအတော်များများရဲ့ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းတို့မှာ ရိက္ခာ၊လက်နက်အပြည့်အစုံနဲ့ တပ်လာစွဲလာတာဖြစ်ပါတယ်။ ရေဖြူ ဒေသဖြစ်တဲ့ ရေဖြူ အနောက်ဖက်ကမ်းတံတားထိပ်နားမှာ အင်အား ၁၀ခန့်၊…