သတင်း

စစ်အာဏာသိမ်း (၆၈၈) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၆၂၉ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၂၁) AAPP ရဲ့ ဒီဇင်ဘာ (၂၀) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၈၈)ရက်အတွင်း ပြည်သူ (၂၆၂၉)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၆၄ ဦးအထိ ရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၅၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးမှာ မွန်လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့အသစ်တွေ ပါဝင်လာ

ရေး၊ ဒီဇင်ဘာ (၂၁) တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်းက ဒေသပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေ အလျိူလျိူပေါ်ပေါက်လာတဲ့အထဲမှာ မွန်လူမျိုးတွေအများစုအပြင် မွန်သွေးမကင်းတဲ့ သူတွေနဲ့ဖွဲ့စည်းထားတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ပါဝင်လာပါတယ်။ မွန်လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့တွေမှာ မွန်ပြည်နယ်အတွင်းက တိုင်းရင်းသားလူမျိုးစုတွေပါဝင်တဲ့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့သလို မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MRSO) ကိုလည်း နိုဝင်ဘာလမှာ…

KNU ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်က လေကြောင်းစစ်ဆင်ရေးတွေ ပိုမိုလုပ်ဆောင်လာ

ဖာပွန်၊ ဒီဇင်ဘာ(၂၁) ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်က လေကြောင်းစစ်ဆင်ရေးတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် ဒေသခံတွေရဲ့ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၉)ရက်နေ့ မနက်(၈)နာရီအချိန်က KNU ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် မဲဝိုင်ကျေးရွာ အုပ်စု ခေါဝါးရွာရဲ့ လယ်ယာလုပ်ငန်းခွင်တွေထဲကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံး(၂)လုံးလာရောက်ကြဲချခဲ့ပြီး မနက်(၁၀)နာရီ (၄၁)မိနစ်အချိန်မှာလည်း…

အာဏာသိမ်း ၂၂ လအတွင်း မွန်ပြည်နယ်က မွေးမြူရေးလုပ်ငန်း ၇၀ ရာခိုင်နှုန်းထက်မနည်း ရပ်နားလာရ

မော်လမြိုင်၊ ဒီဇင်ဘာ(၂၁) မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ ၂၂ လတာကာလအတွင်း မွေးမြူရေးလုပ်ငန်းတွေ အရှုံးနဲ့ ရင်ဆိုင်နေရတာကြောင့် ၇၀ ရာခိုင်နှုန်းထက်မနည်း လုပ်ငန်းတွေရပ်နားလာရတယ်လို့ မွေးမြူရေးလုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွေးမြူရေးလုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် သွင်းအားစုတွေဖြစ်တဲ့ အစားနဲ့ဆေးဝါး ဈေးနှုန်း (၂)ဆကျော် မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ အထွေထွေကုန်ကျစရိတ် အဆမတန် ကြီးမြင့်နေတာကြောင့် အရှုံးနဲ့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။…

မွန်ပြည်နယ်မှာ တစ်ရက်တည်းမီးလောင်မှု ၃ ကြိမ်ဖြစ်၊ နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့

မော်လမြိုင်၊ ဒီဇင်ဘာ (၂၁) မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့မုဒုံမြို့နယ်တို့မှာ ဒီဇင်ဘာ ၂၀ ရက်နေ့ တစ်ရက်တည်း မီးလောင်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ မနက် ၁ နာရီကျော်အချိန်က မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ရှမ်းစုရပ် အနောက်ပိုင်းနေ ဒေါ်လှသိန်းနေအိမ်ရဲ့ ဖယောင်းတိုင်မီးကတဆင့်…

ဂန့်ဂေါဒေသခံ တွေကိုစစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးငွေတောင်းနေ

ဂန့်ဂေါ – ဒီဇင်ဘာ(၂၀) မကွေးတိုင်း ဂန့်ဂေါမြို့နယ်က ဒေသခံ(၁၅) ဦးကျော်ကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေသုံးသိန်း တောင်းကာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၉) ရက်နေ့က ဖောက်ခွဲရေးပစ္စည်းတွေရှိနေတယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ စစ်ကောင်စီက ဖမ်းဆီးသွားသူတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်တာမရှိဘဲ အေးအေးဆေးဆေးနေထိုင်တဲ့သူတွေဖြစ်တယ်လို့ ဒေသခံတစ်ဦးက…

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အမှုအားလုံး အပြီးသတ်လျှောက်လဲချက်ပေးတော့မယ်

နေပြည်တော် – ဒီဇင်ဘာ(၂၀) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှုတွေ ထဲက နောက်ဆုံးကျန်နေတဲ့ အဂတိအမှုတွေကို နောက်ရုံးချိန်မှာ အပြီးသတ် လျှောက်လဲချက် ပေးမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ရုံးချိန်းမှာ စွပ်စွဲခံရသူတွေဘက်က တင်သွင်းတဲ့ သက်သေ(၅)ဦးထဲက နောက်ဆုံးတစ်ဦး ကိုစစ်ဆေးပြီးစီးခဲ့တဲ့အတွက် နောက်ရုံးချိန်းမှာ နှစ်ဖက်အပြီးသတ်လျှောက်လဲချက်ပေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ စစ်ကောင်စီက…

မန္တလေးက မောသစ်ရွှေဆိုင်ပိုင်ရှင် ဓားပြတိုက်ခံရ

မန္တလေး – ဒီဇင်ဘာ(၂၀) မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်က မောသစ်ရွှေဆိုင်ပိုင်ရှင်ဟာဒီနေ့ ဒီဇင်ဘာလ(၂၀) ရက်နေ့ မနက် အစောပိုင်းက ဓားပြတိုက်လုယက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ အိမ်ကနေ ဆိုင်ဖွင့်ဖို့သွားနေချိန်မှာ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ဦးက ရွှေထည်တွေထည့်ယူ လာတဲ့ ခြင်းတောင်းကို လုယူသွားပါ။ လက်ရှိအချိန်မှာတော့ ပြည်ကြီးတံခွန်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က စစ်ဆေးမှု တွေလုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။…

ဂါနာကြယ်ပွင့် ကူဒက်စ်ကို မန်ယူအသင်း ခေါ်ယူဖို့ စီစဉ်နေ

မော်လမြိုင်၊ ဒီဇင်ဘာ၊ (၂၀)ရက် ပရီးမီးယားလိဂ်ကလပ်အသင်း မန်ယူအသင်းဟာ အေဂျက်စ်အသင်းနဲ့ ဂါနာလက်ရွေးစင်အသင်းရဲ့ ကြယ်ပွင့်ကစားသမား မိုဟာမက်ကူဒက်စ်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ ခေါ်ယူသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်ကစားသမား မိုဟာမက်ကူဒက်စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂါနာအသင်းနဲ့အတူ ခြေစွမ်းပြ ကစားနိုင်ခဲ့သလို သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့တာပါ။ မန်ယူနည်းပြ တန်ဟက်ဂ်ကလည်း…