မွန်ပြည်နယ်မှာ ကြံ့ခိုင်ရေးပါတီရွေးကောက်ပွဲအတွက် ခြေလှမ်းစ
မော်လမြိုင်၊ ဒီဇင်ဘာ(၂၃) စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီလို့ လူသိများနေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ မွန်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲအတွက် ပါတီဝင်စိစစ်တာအပြင် ကြိုတင်ပြင်ဆင်မှုတချို့ စတင်ဆောင်ရွက်နေပြီလို့ ပါတီဘက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကြံ့ခိုင်ရေးပါတီဟာ မွန်ပြည်နယ်ထဲက မြို့နယ်တွေမှာ ရက်(၉၀) စီမံချက်နဲ့ လာမယ့်ရွေးကောက်ပွဲမှာ အသုံးပြုသွားမယ့် အချိုးကျကိုယ်စားပြုစနစ် PR စနစ်အကြောင်း လိုက်လံရှင်းလင်းတာတွေ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ပါတီဝင်အမည်စာရင်း…
