သတင်း

ယူကရိန်းစစ်ပွဲကို အဆုံးသတ်လိုကြောင်း ရုရှားသမ္မတဗလာဒီမာပူတင် ပြောကြား

မော်စကို၊ ဒီဇင်ဘာ(၂၄) ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်လိုပြီး ဒီလိုအဆုံးသတ်ရာမှာလည်း သံတမန် နည်းလမ်းအရ ဖြေရှင်းမှုတွေ မလွဲမသေပါဝင်လာမှာဖြစ်တယ်လို့ ဒီဇင်ဘာ(၂၂)ရက်နေ့က ပြောကြားလိုက် ပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကို အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်ခံတွေ့ဆုံပြီး တစ်ရက်အကြာမှာပဲ ပူတင်က ဒီလိုပြောဆိုလာတာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ စစ်ရေးပဋိပက္ခတွေကို လှည့်စားဖို့မဟုတ်ပဲ ဆန့်ကျင်ဘက်အနေနဲ့ ဒီစစ်ပွဲတွေကို…

တရုတ်အစိုးရက အမေရိကန်အရာရှိနှစ်ဦးကို ပိတ်ဆို့အရေးယူမှုတွေပြုလုပ်

ပေကျင်း – ဒီဇင်ဘာ(၂၄) တိဗက်က လူ့အခွင့်အရေးဆိုင်ရာ တရုတ်အရာရှိနှစ်ဦးကို အမေရိကန်ဘက်က ပိတ်ဆို့ အရေးယူ ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသားနှစ်ဦးကို ဒဏ်ခတ်အရေးယူလိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်ကွန်ဂရက်လွှတ်တော် အမှုဆောင်ကော်မရှင်ရဲ့ လက်ထောက် ဒါရိုက်တာ မိုင်လ်ယူနဲ့ တွတ်စတိန်တို့အပေါ် ပိတ်ဆို့အရေးယူတဲ့အစီအစဉ်ဟာ ဒီဇင်ဘာလ(၂၃) ရက်နေ့မှာ စတင်အသက်ဝင်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ကလက်မှတ် ရေးထိုးခဲ့ပြီး…

ထိုင်းခရီးသွားလုပ်ငန်း ရည်မှန်းထားတာထက် (၁၅)ရာခိုင်နှုန်းကျော်လွန်ခဲ့

ဘန်ကောက် – ဒီဇင်ဘာ(၂၄) ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ နှစ်ကုန်ပိုင်းမှာ ဥရောပနဲ့ အမေရိက တို့က ခရီးသွားဧည့်သည် တွေလာရောက်လည်ပတ်မှုတွေကြောင့် ရည်မှန်းထားတာထက် (၁၅) ရာခိုင်နှုန်း ကျော်လွန်ခဲ့ တယ်လို့ အစိုးရခရီးသွား အေဂျင်စီက ပြောပါတယ်။ ဒီနှစ်အတွင်း နိုင်ငံတကာ ခရီးသွားဦးရေ (၁၁.၅) သန်းထက်မနည်းလာရောက်ဖို့ ရည်မှန်းထားပြီး ၂၀၂၂ ခုနှစ်နောက်ဆုံးလတွေမှာ လူအများအပြားလာရောက်လည်ပတ်မှုကြောင့် (၁၀.၉) သန်း…

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကြား အမေရိကန်နဲ့ တောင်ကိုရီးယားတို့ အကြီးစားပူးတွဲစစ်ရေးလေ့ကျင့်ဖို့ စဉ်းစားနေ

ဆိုးလ်၊ ဒီဇင်ဘာ(၂၃) မြောက်ကိုရီးယားရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ တိုးပွားလာနေချိန်မှာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ် အကြီးစားပူးတွဲစစ်ရေးလေ့ကျင့် စမ်းသပ်ပစ်ခတ်မှုတွေလုပ်ဖို့ စဉ်းစားနေ ပြီလို့ ဆိုးလ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ လာမယ့်နှစ်မှာ မဟာမိတ်ဖွဲ့ခြင်း နှစ် ၇၀ ပြည့်အခမ်းအနား ပြင်ဆင် ရေးအတွက် ဆွေးနွေးနေကြကြောင်း ဌာနပြောရေး ဆိုခွင့်ရှိသူ ဂျီအွန်ဟန်ဂျူက ဆိုပါတယ်။ “နှစ်…

တောင်တရုတ်ပင်လယ်က နယ်မြေတွေ သိမ်းယူနေတဲ့ တရုတ်စစ်တပ်ကြောင့် ဖိလစ်ပိုင် စစ် အင်အားတိုးချဲ့နေ

မနီလာ – ဒီဇင်ဘာ(၂၃) တရုတ်ရဲ့ နယ်မြေသိမ်းယူတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ပြီးနောက်မှာတော့ အငြင်းပွားနေတဲ့ ရေ လမ်းကြောင်းက မြို့စောင့်တပ်ကို ခြိမ်းခြောက်ခံနေရတဲ့အတွက်ဆိုပြီး တောင်တရုတ်ပင်လယ် မှာ ဖိလစ်ပိုင်က သူတို့ရဲ့ စစ်အင်အားကို တိုးချဲ့သွားမှာဖြစ်တယ်လို့ သိရပါတယ်။ တောင်တရုတ်ပင်လယ်က အဓိက ကျွန်းစုဖြစ်တဲ့ စပရက်တလီကျွန်းစုမှာ တရုတ်စစ်တပ်က နယ်မြေအများအပြားကို ပြန်လည်သိမ်းယူနေတယ်လို့ မီဒီယာတွေက ဖော်ပြပြီးနောက် နှစ်ရက် အကြာမှာ…

အိန္ဒိယကမ်းရိုးတန်းမှာ ရိုဟင်ဂျာ (၁၀၀) ကျော်သောင်တင်နေ

ဒေလီ – ဒီဇင်ဘာ(၂၃) အိန္ဒိယ ကမ်းလွန်မှာ လှေစီးဒုက္ခသည် ရိုဟင်ဂျာ (၁၀၀) ကျော်သောင်တင်နေပြီး သူတို့တွေထဲ က စားနပ်ရိက္ခာ အခက်အခဲနဲ့ ရေနစ်တာတွေကြောင့် လူဦးရေ (၂၀) လောက်သေဆုံး ထားတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၀) ရက်နေ့ နှောင်းပိုင်းက အိန္ဒိယနိုင်ငံပိုင် သင်္ဘော (၅) စင်းက သောင်တင် နေတဲ့လှေငယ်ကို…

ကျိုက်ထိုမှာ နေရပ်ပြန်လာတဲ့စစ်ရှောင်တွေ စစ်ကောင်စီတပ် လက်နက်ကြီးပစ်လို့ ထပ်ပြေးနေရ

ကျိုက်ထို၊ ဒီဇင်ဘာ(၂၃) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ကျိုက်ထိုမြို့နယ်ထဲမှာ နေရပ်ပြန်လာတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျိုက်ထိုမြို့နယ်ထဲက ဒေသခံ ၄၀၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာပထမအပတ်တုန်းက စစ်ကောင်စီ သိမ်ဇရပ်အခြေစိုက် အမြောက်တပ်ကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး ပြီးခဲ့တဲ့…

ကရင်နှစ်သစ်ကူးနေ့မှာလည်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ကော့ကရိတ်မှာတိုက်ပွဲဆက်ဖြစ်နေ

ကော့ကရိတ်၊ ဒီဇင်ဘာ(၂၃) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို လျှောက်လှမ်းဖို့ စစ်ခေါင်းဆောင်က ထပ်မံဖိတ်ခေါ်ခဲ့တဲ့ ကရင်နှစ်သစ်ကူးနေ့မှာလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ ကရင်နှစ်သစ်ကူးနေ့ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ပြီး အဲ့ဒီသဝဏ်လွှာထဲမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ကိုင်သံသရာကနေ ရုန်းထွက်ကြဖို့ အချိန်ကျရောက်ပြီလို့ တိုက်တွန်းပြောဆိုထားပါတယ်။ ဒါ့အပြင် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ် တည်ဆောက်နိုင်ဖို့အတွက် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိဖို့…

စစ်အာဏာသိမ်း (၆၉၀) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၆၄၀ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၂၃) AAPP ရဲ့ ဒီဇင်ဘာ (၂၂) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၉၀)ရက်အတွင်း ပြည်သူ (၂၆၄၀)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၈၀ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၅၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…