မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ဆက်ဆံရေးရုံးဒရုန်းနဲ့ တိုက်ခိုက်ခံရ
မော်လမြိုင်၊ ဇန်နဝါရီ(၁၈) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငလမ်းခွဲ၊ ဝယ်သွန်ချောင်ကျေးရွာအနီးရှိ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ဆက်ဆံရေးရုံးဟာ ဇန်နဝါရီ ၁၆ ရက်နေ့ ည ၈ နာရီလောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ သံဖြူဇရပ်မြို့နယ်ဆက်ဆံရေးရုံးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ရုံးအဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့…
