အာဆီယံကို မြန်မာနဲ့ တရုတ်အရေး စုစည်လုပ်ဆောင်ဖို့ ဘလင်ကန် ပြော
ဝါရှင်တန် – ဇူလိုင်(၉) အာဆီယံဒေသအတွင်းကို အန်တိုနီဘလင်ကန်ရဲ့ ခရီးစဉ်ထွက်ပေါ်လာပြီးနောက် မြန်မာ စစ်ခေါင်းဆောင်ကို ပိုမိုပြင်းထန်တဲ့ အရေးယူတုံ့ပြန်မှုတွေ ဆောင်ရွက်ဖို့နဲ့ တောင်တရုတ် ပင်လယ်အတွင်းက တရုတ်ရဲ့ လုပ်ဆောင်မှုတွေကို တွန်းကန်ဖို့ ကန်အစိုးရကပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးကို တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ဖို့ရှိနေတာပါ။ အရှေ့အာရှဆိုင်ရာ အမေရိကန်သံအမတ်က ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းမှုကြောင့် အဖြစ်ဆိုးနဲ့…
