ဆန္ဒပြလူငယ်တွေ အဖမ်းခံရတဲ့ပုံကိုသုံးပြီး ဆေးစွဲနေသူတွေလို့ စစ်ကောင်စီလော်ဘီတွေ သတင်းမှားဖြန့်နေ(အမှန်/အမှား)
မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတုသတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ရန်ကုန်တိုင်းအတွင်း လူငယ်များ မူးယစ်ဆေးသုံးပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဆိုတဲ့” အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို, MYANMAR…
