သတင်း

စစ်ကောင်စီနဲ့ TNLA တို့ တစ်ရက်အတွင်း တိုက်ပွဲ(၃)ကြိမ်ဖြစ်ပွားခဲ့

လားရှိုး – ဩဂုတ်(၂၁) ရှမ်းပြည်နယ်၊ လားရှိုးမြို့နဲ့ ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA) တို့ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ(၁၉) ရက်နေ့မှာ တစ်ရက်အတွင်း တိုက်ပွဲ(၃) ကြိမ်တိုင်ဖြစ်ပွားခဲ့တယ်လို့ TNLA ကသတင်းထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် လားရှိုးမြို့နယ်မှာ တိုက်ပွဲ(၁) ကြိမ် ဖြစ်ပွားပြီး ကွတ်ခိုင်မြို့မှာ (၂)ကြိမ်ထိတွေ့မှုဖြစ်ခဲ့တာပါ။ လားရှိုးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ TNLA…

သမ္မတလောင်းရွေးချယ်မှုမှ ဒေါ်နယ်ထရန့် နုတ်ထွက်ပေးသင့်တယ်လို့ အမေရိကန်အထက်လွှတ် တော် ရီပါဘလစ်ကန်ပါတီဝင်တွေ ပြောကြား

ဝါရှင်တန်၊ သြဂုတ်(၂၂) သမ္မတဟောင်း ဒေါ်နယ်ထရန့်အနေနဲ့ အထွေထွေ ရွေးကောက်ပွဲမှာအနိုင်ရဖို့မရှိနိုင်တဲ့အတွက် ၂၀၂၄ ခုနှစ် သမ္မတလောင်းရွေးချယ်ပွဲမှ နုတ်ထွက်သင့်ကြောင်း ထင်ရှားတဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီ ကန်ပါတီဝင်တွေက ဩဂုတ်လ (၂၀) ရက်နေ့မှာ ပြောခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ သမ္မတဟောင်းရဲ့ ဒုတိယအကြိမ်ရုံးချိန်းမှာ ထရန့်ကို အရေးယူပေးဖို့ မဲခွဲဆုံးဖြတ် ခဲ့တဲ့ အထက် လွှတ်တော် ရီပတ်ဘလီကန်…

ဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းပြန်ရောက်တာနဲ့ ဖမ်းဆီးခံရဖို့ရှိနေ

ဘန်ကောက် – ဩဂုတ်(၂၂) ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ လာမယ့်ရက်ပိုင်းအတွင်း ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ဒွန်မောင်းလေဆိပ်ကို ပြန်လည်ရောက်ရှိချိန်မှာ ဖမ်းဆီးခံရဖို့ ရှိနေတယ်လို့ ထိုင်းနိုင်ငံရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောခဲ့ပါတယ်။ သက်ဆင်ရဲ့ သမီးဖြစ်သူ ဖယ်တုံတန်ရှင်နာဝါထရာရဲ့ အင်စတာဂရမ် ပို့စ်တစ်ခုမှာ သူမရဲ့ အဖေကို ဩဂုတ်လ(၂၂) ရက်နေ့ မနက်(၉) နာရီ ဒွန်မောင်လေဆိပ်မှာသွားရောက်တွေ့ဆု့ဖို့ ရှိတယ်လို့ အသိပေးထားတာပါ။ ဝန်ကြီးချုပ်ဟောင်းအနေနဲ့ ရုံးတော်အချိန်ပြင်ပမှာ…

အစိုးရဝန်ထမ်းတစ်ဦးကို အမေရိကန်ရဲ့ သူလျှိုလုပ်တယ်လို့ တရုတ်စွပ်စွဲ

ပေကျင်း – ဩဂုတ်(၂၂) တရုတ်နိုင်ငံရဲ့ အစိုးရဝန်ထမ်းတစ်ဦးဟာ အမေရိကန်အတွက် သူလျှိုလုပ်ပေးနေတယ်လို့ စွပ်စွဲကာ တစ်လအတွင်း ဒုတိယအကြိမ် သူလျှိုလုပ်တာဖြစ်တယ်လို့ ဩဂုတ်လ(၂၁) ရက်နေ့က ကြေညာခဲ့ပါတယ်။ အာဏာပိုင်တွေက နိုင်ငံတော်လုံခြုံရေး ခြိမ်းခြောက်မှုလို့ ယူဆတဲ့ အရာတွေကို အပြစ်ပေး အရေးယူဖို့ အရင်ကထက် ပိုမို ပြစ်ဒဏ်ချမှတ်ဖို့သူလျှိုဥပဒေကို ပြီးခဲ့တဲ့လက အကောင် အထည်ဖော်ထားတာပါ။ ဝန်ကြီးဌာနတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက်(၃၉)…

ထိုင်း-မြန်မာ နယ်စပ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကရင်ရိုးရာချည်ဖြူပွဲ မင်္ဂလာအခမ်းအနား ပုံရိပ်များ

မဲဆောက် – ဩဂုတ် (၂၀) ကရင်လူမျိုးတွေရဲ့ ရိုးရာဓလေ့တခုအဖြစ် နှစ်စဉ်ဝါခေါင်လတိုင်း ကျင်းပပြုလုပ်လေ့ရှိတဲ့ ကရင်ရိုးရာချည်ဖြူပွဲ အခမ်းအနား (လက်ချည်ပွဲ) ကို ဒီကနေ့ ဩဂုတ်လ (၂၀) ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ထိုင်း- မြန်မာ နယ်စပ်မှာ ရွေ့ပြောင်းအခြေချနေထိုင်ကြတဲ့ ကရင်လူမျိုးတွေက ဦးဆောင်ကြီးမှူး ကျင်းပခဲ့တာဖြစ်ပါတယ်။ လက်ချည်ပွဲအခမ်းအနားမှာ ကရင်လူငယ်တွေက ဒုံးယိမ်းအကများ၊ ကရင်ရိုးရာယဥ်ကျေးမှု တေးသီချင်း…

တနင်္သာရီမှာ အရပ်သားတစ်ဦးကို စစ်တပ်အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

တနင်္သာရီ၊ သြဂုတ်(၂၀) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ဟာ သြဂုတ် ၁၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ကျေးရွာလမ်းအတိုင်း လမ်းလျှောက်လာတဲ့ အသက် ၃၅ နှစ်အရွယ် ကိုထွန်းဝင်းနိုင်ကို အကြောင်းမဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်…

စစ်ကောင်စီ ဘုရားမဲစစ်ဆေးရေးဂိတ် စနိုက်ပါနဲ့ပစ်ခံရလို့ ၁ ဦး သေဆုံး

ထားဝယ်၊ သြဂုတ်(၂၀) တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ် စနိုက်ပါနဲ့ ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံကနေ စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ကျော်တပ်စွဲနေထိုင်တဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ် ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က စနိုက်ပါနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။ စနိုက်ပါနဲ့ ပစ်ခတ်ခံရတာကြောင့်…