သတင်း

မွန်တော်လှန်ရေးနေ့ကို ကြိုဆိုတဲ့အနေနဲ့ ရေးမြို့ကစစ်တပ်ဌာနချုပ်ကို မဟာမိတ်တပ်တိုက်ခိုက်

ရေး ၊ ဩဂုတ် ၂၈ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ – ၁၉ နဲ့ ခလရ – ၆၁ တို့ကို ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ မောင်းသူမဲ့ SF-Z လေယာဉ်အငယ်စားနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပါတယ်။ အဲဒီဗုံးကြဲတိုက်ခိုက်မှုပြီးနောက်…

ဂန့်ဂေါခရိုင် အမှတ်(၁၃) တပ်ရင်းရဲဘော်တွေ တွေ့ဆုံပွဲပြုလုပ်

ဂန့်ဂေါ – ဩဂုတ်(၂၈) ပြည်သူ့သာကွယ်ရေးတပ်မတော်၊အမှတ်(၁) စစ်ဒေသ ဂန့်ဂေါခရိုင်အမှတ်(၁၃) တပ်ရင်း တပ်ဖွဲ့ဝင် ရဲဘော်တွေရဲ့ တွေ့ဆုံပွဲကို ပြီးခဲ့တဲ့ ဩဂုတ်လ(၂၇) ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ မကွေးတိုင်းကွပ်ကဲရေးရုံးက တာဝန်ပေးအပ်ထားတဲ့ တာဝန်ရှိသူတစ်ဦးလည်း အခမ်းအနားကို တက်ရောက်ခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ကြမယ့်လုပ်ငန်းတွေကို ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ – CJ

တီမောအစိုးရလို နိုင်ငံတကာအစိုးရတွေ မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးဖို့ NUG တောင်းဆို

မော်လမြိုင် – ဩဂုတ်(၂၈) နိုင်ငံတကာအသိုင်းအဝိုင်းက အစိုးရအသီးသီးအနေနဲ့ တီမောလက်စတေးနိုင်ငံလို မြန်မာပြည်သူ လူထုနဲ့အတူ ရပ်တည်ပေးပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး အတွက် ကူညီပံ့ပိုးမှုတွေ ပြုလုပ်ပေးကြဖို့ NUG အစိုးရက မေတ္တာရပ်ခံထားပါတယ်။ ဒီမိုကရေစီအခြေခံမူတွေ လူ့အခွင့်အရေးစံတန်ဘိုးတွေနဲ့ လူသားချင်းစာနာထောက်ထားမှုတွေကို လေးစားတန်ဖိုးထားတဲ့ အစိုးရတွေအနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြဖို့ ဒီနေ့ရက်စွဲနဲ့ NUG ကတောင်းဆိုထားတာပါ။ အာဏာသိမ်းစစ်ကောင်စီက…

ပေါင်မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံရ

ပေါင် – ဩဂုတ်(၂၈) မွန်ပြည်နယ်၊ပေါင်မြို့နယ် ပေါင်းရပ်ကွက် ရန်ကုန်-မော်လမြိုင် လမ်းဘေးမှာရှိတဲ့ ပေါင်မြို့မရဲ စခန်းနဲ့ ထွေအုပ်ရုံး ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၇) ရက်နေ့ ညနေပိုင်းက မြို့မရဲစခန်း ခြံစည်းရိုးအနီးနဲ့ ထွေအုပ်ရုံး အနောက်ဘက် ရေစင်အနီးကို ဒရုန်းဗုံးသုံးလုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။ ဒရုန်းဗုံးသီးကျရောက်ပေါက်ကွဲပြီးချိန်မှာ ရဲစခန်းထဲက ပစ်ခတ်သံ တချို့ထွက်ပေါ်ခဲ့တဲ့ အတွက်…

သပိတ်ကျင်း စစ်အခြေခံလေ့ကျင့်ရေးတပ်အနီးက ဂိတ်စခန်းတိုက်ခိုက်ခံရ ရဲတစ်ဦးသေဆုံး

သပိတ်ကျင်း – ဩဂုတ်(၂၈) မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာအနီးက စစ်ကောင်စီ သပိတ်ကျင်းအခြေစိုက် အမှတ်(၂) စစ်အခြေခံလေ့ကျင့်ရေး တပ်အနီးဂိတ်စခန်းကို PDF တွေဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အတွက် ဂိတ်စောင့်ရဲ(၁) ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပ.က.ဖ က ဒီနေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၆) ရက်နေ့ နေ့လည်ပိုင်းက သပိတ်ကျင်းမြို့နယ် ပ.က.ဖ၊TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ ရဲဘော်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။…

အနောက်နိုင်ငံတွေသာကူညီမယ်ဆိုပါက စစ်ပွဲကာလအတွင်းမှာပင် ရွေးကောက်ပွဲကျင်းပ နိုင်ကြောင်း ယူကရိန်းသမ္မတပြော

ကိဗ်ယက်၊ သြဂုတ်(၂၉) ယူကရိန်းရဲ့ မိတ်ဖက်တွေအနေနဲ့ ကုန်ကျစရိတ်ကိုမျှဝေပြီး ပါလီမန်အမတ်တွေက အတည် ပြုကာ လူတိုင်းမဲ ပေးခွင့်ရှိမယ်ဆိုပါက မဲပေးမှုကို စစ်ပွဲအတွင်းမှာပင်လုပ်နိုင်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးကပြောကြား လိုက်ပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ် တစ်ဦးက ယူကရိန်းရဲ့ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲကို ကြေညာဖို့ တောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ သမ္မတ ဇယ်လန်းစကီးက ဩဂုတ်လ (၂၈) ရက်နေ့မှာ ပြောဆိုခဲ့တာပါ။…

ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ စစ်တပ်ဖြစ်အောင် ပြောင်းလဲရမယ်လို့ Move Forward ပါတီခေါင်း ဆောင်ပြော

ဘန်ကောက် – ဩဂုတ်(၂၉) ထိုင်းနိုင်ငံအစိုးရအသစ်အနေနဲ့ နိုင်ငံရဲ့ စစ်တပ်ကို ပြုပြင်းပြောင်းလဲပြီး မညီမျှမှုတွေကို လျှော့ ချကာ ဗဟိုချုပ်ကိုင်မှု ကင်းဝေးရေးလုပ်ဆောင်သင့်တယ်လို့ Move Forward ပါတီခေါင်းဆောင် ဖိထာ လင်ဂျာရွန်ရတ်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၇) ရက်နေ့က ဘန်ကောက် ခလုန်ဆမ်ဝခရိုင်မှာရှိတဲ့ Phraya Suren ဘုန်းကြီးကျောင်းတစ်ခုမှာ ကျင်းပခဲ့တဲ့ ကရင့်ရိုးရာလက်ချည်ပွဲအခမ်းအနားမှာ သူကပြောခဲ့ တာပါ။…

ပြင်သစ်နိုင်ငံက ကျောင်းတွေမှာ မွတ်ဆလင် အဘာယာဝတ်ဆင်မှုကို တားမြစ်ဖို့ရှိနေ

ပါရီ – ဩဂုတ်(၂၉) ပြင်သစ်နိုင်ငံကကျောင်းတွေမှာ မွတ်ဆလင်အမျိုးသမီးတွေဝတ်ဆင်ကြတဲ့ ဝတ်ရုံရှည် အဘာ ယာဝတ်စုံကို အစိုးရပိုင်အဆောက်အအဦးတွေမှာ မဝတ်ဆင်ဖို့ အစိုးရက တားမြစ် သွားဖို့ ရှိနေ တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ နွေရာသီစောပိုင်းမှာ ရာထူးတိုးမြှင့်ခံခဲ့ရတဲ့ ပညာရေးဝန်ကြီး ဂေဘရီယာယ် အတ်တဲလ်က ဩဂုတ်လ(၂၇) ရက်နေ့ နှောင်းပိုင်းရှိ ပြင်သစ်ရုပ်မြင်သံကြားလိုင်း TF-1 နဲ့ အင်တာဗျူးတစ်ခုမှာ အဲဒီကြေညာချက်ကို…