မြန်မာစစ်ဘေးဒုက္ခသည်တွေကို ပြန်လက်ခံမယ်လို့ ထိုင်းအစိုးရ ပြော
ဘန်ကောက်၊ ဒီဇင်ဘာ ၅ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေမြင့်တက်လာတာကြောင့် နေရပ်စွန့်ခွာလာတဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ နယ်စပ်တလျှောက်မှာ ယာယီဒုက္ခသည်စခန်းတွေ တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီက ပြောပါတယ်။ ထိုင်းအစိုးရဟာ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စောင့်ကြည့်နေပြီး အစုအဖွဲ့အားလုံး အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ကြဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါ တယ်။ “လက်ရှိအခြေအနေမှာတော့ ဒုက္ခသည်တွေအစုလိုက်အပြုံလိုက် ဝင်ရောက်မှုဟာ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် အခုချိန်ကစလို့…
